သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
၂ ရာ 6:12 - မြန်မာ့စံမီသမ္မာကျမ်း “ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။ Common Language Bible ပဋိညာဉ်သေတ္တာတော်အတွက်ကြောင့်သြဗ ဒေဒုံမိသားစုနှင့် သူပိုင်သမျှတို့ကိုထာဝရ ဘုရားကောင်းချီးပေးတော်မူကြောင်း ဒါဝိဒ် ကြားသိတော်မူသောအခါထိုသေတ္တာတော် ကိုအခမ်းအနားနှင့်တကွသြဗဒေဒုံအိမ် မှယေရုရှလင်မြို့သို့ပင့်ဆောင်တော်မူ၏။- Garrad Bible ဘု ရား သ ခင့် သေ တ္တာ တော် ကြောင့် သြ ဗ ဒေ ဒုံ နှင့် ပိုင် သ မျှ ကို ထာ ဝ ရ ဘု ရား အ ကျိုး ထူး ပေး တော် မူ ကြောင်း ဒါ ဝိဒ် မင်း ကြား သိ သော အ ခါ တစ် ဖန် ထွက်၍ သြ ဗ ဒေ ဒုံ့ အိမ် မှ ကိုယ့် မြို့ တော် သို့ ဘု ရား သ ခင် သေ တ္တာ တော် ကို ဝမ်း မြောက် စွာ ပင့် ဆောင် စဉ် Judson Bible ထာဝရဘုရားသည် သေတ္တာတော်ကြောင့် ဩဗဒေဒုံနှင့် သူ၌ရှိသမျှကို ကောင်းချီးပေးတော်မူကြောင်းကို ဒါဝိဒ်မင်းကြီးကြားသောအခါ၊ တစ်ဖန်သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံအိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်သောစိတ်နှင့် ဆောင်ခဲ့လေ၏။ |
သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ရှောလမုန်မင်းကြီးရှိရာ ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
အစ္စရေးသက်ကြီးဝါကြီးအားလုံး ရောက်လာသောအခါ ယဇ်ပုရောဟိတ်တို့သည် သေတ္တာတော်ကို ပင့်ဆောင်ကြ၏။
သူတို့သည် ထာဝရဘုရား၏သေတ္တာတော်၊ တွေ့ဆုံစည်းဝေးရာတဲတော်နှင့် တဲတော်အတွင်းရှိ သန့်ရှင်းသောအသုံးအဆောင်အားလုံးကို သယ်ဆောင်လာကြ၏။ ဤအရာတို့ကို ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများသည် သယ်ဆောင်လာကြ၏။
ထို့နောက် ထာဝရဘုရားက မောရှေအား မိန့်မှာထားတော်မူသည့်အတိုင်း လေဝိအမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ထမ်းပိုးတို့နှင့် ပခုံးပေါ်တင်ထမ်းကာ သယ်ဆောင်လာကြ၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးသက်ကြီးဝါကြီးများ၊ လူတစ်ထောင်အုပ်သောသူများသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ပြန်သယ်လာရန် ဝမ်းမြောက်စွာထွက်သွားကြ၏။
ဩဗဒေဒုံ၏သားများမှာ သားဦး ရှေမာယ၊ ဒုတိယသား ယဟောဇဗဒ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဉ္စမသား နာသနေလ၊
ဆဋ္ဌမသား အမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲ တို့ဖြစ်ကြ၏။ သူတို့သည် ဩဗဒေဒုံအား ဘုရားသခင်ပေးတော်မူသောကောင်းချီးများ ဖြစ်၏။
ထို့နောက်တွင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို ဒါဝိဒ်မြို့ ခေါ်ဇိအုန်မြို့သို့ ယူဆောင်လာရန် ရှောလမုန်မင်းကြီးသည် အစ္စရေးသက်ကြီးဝါကြီးများ၊ အစ္စရေးအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်များဖြစ်သော အမျိုးအနွယ်တို့၏အကြီးအမှူးအပေါင်းတို့အား ဂျေရုဆလင်မြို့သို့ လာရောက်စုရုံးစေ၏။
သင်တို့အား ငါအမှန်ဆိုမည်။ တပည့်တော်ဟူသောအမည်နာမကိုထောက်၍ ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးအား ရေအေးတစ်ခွက်မျှပင် တိုက်သောသူသည် အကျိုးကျေးဇူးကို လုံးဝဆုံးရှုံးရမည်မဟုတ်”ဟု မိန့်တော်မူ၏။