၃ ရာ 8:3 - မြန်မာ့စံမီသမ္မာကျမ်း3 အစ္စရေးသက်ကြီးဝါကြီးအားလုံး ရောက်လာသောအခါ ယဇ်ပုရောဟိတ်တို့သည် သေတ္တာတော်ကို ပင့်ဆောင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible3 ခေါင်းဆောင်အပေါင်းတို့လာရောက်စုဝေးကြ သောအခါ ယဇ်ပုရောဟိတ်တို့သည်ပဋိညာဉ် သေတ္တာတော်ကိုထမ်း၍၊- အခန်းကိုကြည့်ပါ။Garrad Bible3 ရှော လ မုန် မင်း ထံ စု ရုံး ၍ လူ ကြီး အ ပေါင်း တို့ ရောက် လာ ကြ ရာ ထာ ဝ ရ ဘု ရား၏ သေ တ္တာ တော် ကို ပ ရော ဟိတ် တို့ ပင့် ချီ လျက် အခန်းကိုကြည့်ပါ။Judson Bible3 ဣသရေလအမျိုးတွင် အသက်ကြီးသူအပေါင်းတို့သည် လာ၍၊ ယဇ်ပုရောဟိတ်တို့သည်လည်း ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းလျက်၊ အခန်းကိုကြည့်ပါ။ |
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
“ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။