သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
၂ ရာ 5:9 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။ Common Language Bible ဒါဝိဒ်သည်ခံတပ်ကိုသိမ်းယူတော်မူပြီး နောက်ထိုခံတပ်အတွင်း၌နေထိုင်တော်မူ ၍ယင်းကိုဒါဝိဒ်မြို့ဟုသမုတ်တော်မူ၏။ မင်း ကြီးသည်ထိုခံတပ်ပတ်လည်တွင်တောင်ကုန်း အရှေ့၊ မြေဖို့ထားရာအရပ်မှအစပြု၍ မြို့ကိုတည်တော်မူ၏။- Garrad Bible ၎င်း ခံ မြို့၌ ဒါ ဝိဒ် မင်း စံ နေ၍ ဒါ ဝိဒ် မြို့ တော် ဟု တွင် စေ လျက် မိ လ္လော ပြ အိုး မှ စ၍ ပတ် လည် အ တွင်း တည် ဆောက် ပြန် လေ ၏။ Judson Bible ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ် ပတ်လည်၌လည်းကောင်း၊ အတွင်းဘက်၌လည်းကောင်း တည်ဆောက်လေ၏။ |
သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ထိုနေ့တွင်ပင် ဒါဝိဒ်မင်းကြီးက “ယေဗုသိလူမျိုးတို့ကို တိုက်ခိုက်မည့်သူ မည်သူမဆို တူးမြောင်းကို ဖြတ်ပြီးလျှင် ဒါဝိဒ်မင်းကြီးကို မနှစ်သက်သောခြေမသန်သူများ၊ မျက်မမြင်သူများကို သုတ်သင်ပစ်ကြ”ဟု အမိန့်ပေး၏။ ထိုအကြောင်းကြောင့် “မျက်မမြင်သူ၊ ခြေမသန်သူများသည် နန်းတော်သို့ ဝင်ခွင့်မရှိ”ဟု ဆိုစမှတ်ပြုကြလေ၏။
ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရား၏သေတ္တာတော်ကို မိမိနှင့်အတူ ဒါဝိဒ်မြို့သို့ သယ်ဆောင်သွားရန် ဆန္ဒမရှိသဖြင့် ဂိတ္တိလူမျိုးဩဗဒေဒုံ၏အိမ်သို့ သယ်ဆောင်သွား၏။
ရှင်ဘုရင်ကို သူပုန်ကန်ရခြင်းအကြောင်းမှာ ဤသို့ဖြစ်၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုတည်ဆောက်ပြီး ကျိုးပေါက်နေသောခမည်းတော်ဒါဝိဒ်မင်းကြီး၏မြို့ရိုးကိုလည်း ဖာထေးခဲ့၏။
ထို့နောက်တွင် ဒါဝိဒ်မင်းကြီးသည် ဘိုးဘေးတို့နှင့်အတူအိပ်ပျော်၍ သူ့ကို ဒါဝိဒ်မြို့တွင် သင်္ဂြိုဟ်ကြ၏။
ဤသို့ ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်၊ သူစံမြန်းရန်နန်းတော်၊ မိလ္လော၊ ဂျေရုဆလင်မြို့ရိုး၊ ဟာဇော်မြို့၊ မေဂိဒ္ဒေါမြို့၊ ဂေဇာမြို့တို့ကို တည်ဆောက်ရန် အလုပ်ကြမ်းသမားများကို ခေါ်ယူခဲ့ရ၏။
ဖာရောမင်းကြီး၏သမီးတော်သည် ဒါဝိဒ်မြို့မှထွက်၍ သူ့အတွက် ရှောလမုန်မင်းကြီးဆောက်လုပ်ပေးသော နန်းဆောင်သို့ ပြောင်းနေ၏။ ရှောလမုန်မင်းကြီးသည် မိလ္လောကိုလည်း တည်ဆောက်၏။
ယောရှမင်းကြီးအမှုထမ်းတို့သည် ထကြွပုန်ကန်ဖို့ လျှို့ဝှက်ကြံစည်ပြီး သိလအရပ်သို့သွားရာလမ်းရှိ ဗက်မိလ္လောစံအိမ်တွင် သူ့ကို လုပ်ကြံလေ၏။
သူ၏အမှုထမ်းများဖြစ်သော ရှိမတ်၏သားယောဇကာနှင့် ရှောမာ၏သားယဟောဇဗဒ်တို့ကပင် သူ့ကိုလုပ်ကြံလိုက်ခြင်းဖြစ်၏။ သူသည် အနိစ္စရောက်၍ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့တွင် သူ့ကို သင်္ဂြိုဟ်ကြ၏။ သူ၏သားတော်အာမဇိသည် သူ့အရိုက်အရာကို ဆက်ခံ၏။
ဒါဝိဒ်မင်းကြီးသည် မိလ္လောနှင့် ဝန်းကျင်ပတ်ပတ်လည်တွင် မြို့ကိုတည်ဆောက်၏။ မြို့၏ကျန်အပိုင်းကို ယွာဘက ပြန်လည်ပြုပြင်၏။
ထို့နောက် ဟေဇကိမင်းကြီးသည် မိမိကိုယ်ကို အားမာန်သွင်းလျက် ကျိုးပျက်နေသောမြို့ရိုးအားလုံးကို ပြန်လည်ပြုပြင်၏။ ရဲတိုက်များကိုလည်း တည်ဆောက်၏။ မြို့ရိုးအပြင်ဘက်တွင် မြို့ရိုးတစ်ခုကိုထပ်မံတည်ဆောက်၏။ ဒါဝိဒ်မြို့ရှိ မိလ္လောကိုလည်း ခိုင်ခံ့အောင်ပြုလုပ်၏။ လက်နက်နှင့်ဒိုင်းလွှားအမြောက်အမြားကိုလည်း ပြုလုပ်၏။
ကောလဟောဇ၏သား မိဇပါနယ်ကိုအုပ်ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ အမိုးမိုး၍ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်၏။ ရှင်ဘုရင်၏ဥယျာဉ်တော်နားရှိ ရှိလောင်ရေကန်နှင့်ကပ်လျက်မြို့ရိုးကို ဒါဝိဒ်မြို့မှဆင်းလာသောလှေကားအထိ ပြုပြင်၏။
အရေလမြို့၊ အရေလမြို့၊ ဒါဝိဒ်မင်းကြီးစခန်းချရာမြို့သည် အမင်္ဂလာရှိ၏။ တစ်နှစ်ပြီးတစ်နှစ် ထပ်၍ထပ်၍ ပွဲတို့ကို အလှည့်ကျကျင်းပကြပါစေဦး။
သို့မဟုတ်လျှင် အဘိမလက်ထဲမှ မီးထွက်၍ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ကို လောင်ကျွမ်းပါစေ။ ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားတို့ထဲမှလည်း မီးထွက်၍ အဘိမလက်ကို လောင်ကျွမ်းပါစေ”ဟု ကျယ်လောင်စွာအော်ဟစ်ပြီးလျှင်
ထို့နောက် ရှေခင်မြို့သား၊ ဗက်မိလ္လောမြို့သားအပေါင်းတို့သည် ရှေခင်မြို့ရှိ အထိမ်းအမှတ်ဝက်သစ်ချပင်ရှိရာသို့ စုရုံးသွားကြပြီး အဘိမလက်ကို မင်းမြှောက်ကြ၏။