၂ ရာ 5:9 - Common Language Bible9 ဒါဝိဒ်သည်ခံတပ်ကိုသိမ်းယူတော်မူပြီး နောက်ထိုခံတပ်အတွင်း၌နေထိုင်တော်မူ ၍ယင်းကိုဒါဝိဒ်မြို့ဟုသမုတ်တော်မူ၏။ မင်း ကြီးသည်ထိုခံတပ်ပတ်လည်တွင်တောင်ကုန်း အရှေ့၊ မြေဖို့ထားရာအရပ်မှအစပြု၍ မြို့ကိုတည်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible9 ၎င်း ခံ မြို့၌ ဒါ ဝိဒ် မင်း စံ နေ၍ ဒါ ဝိဒ် မြို့ တော် ဟု တွင် စေ လျက် မိ လ္လော ပြ အိုး မှ စ၍ ပတ် လည် အ တွင်း တည် ဆောက် ပြန် လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible9 ထိုနောက် ဒါဝိဒ်သည် ရဲတိုက်၌နေ၍ ဒါဝိဒ်မြို့ဟူသောအမည်ဖြင့် သမုတ်လေ၏။ မိလ္လောအရပ် ပတ်လည်၌လည်းကောင်း၊ အတွင်းဘက်၌လည်းကောင်း တည်ဆောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 ဒါဝိဒ်မင်းကြီးသည် ခံတပ်တွင်နေပြီး ထိုခံတပ်ကို ဒါဝိဒ်မြို့ ဟုခေါ်ဆို၏။ ဒါဝိဒ်မင်းကြီးသည် မိလ္လောမှ အတွင်းပိုင်းအထိ မြို့ကို တည်ဆောက်၏။ အခန်းကိုကြည့်ပါ။ |
ထိုနေ့၌ဒါဝိဒ်ကမိမိ၏လူတို့အား``ယေ ဗုသိအမျိုးသားတို့ကိုငါမုန်းသကဲ့သို့ မုန်းသူတို့အားသတ်ဖြတ်မည့်သူရှိလျှင် ရေပြွန်ခေါင်းအတွင်းမှနေ၍မြို့ထဲသို့ဝင် ပြီးလျှင်မျက်မမြင်ခြေဆွံ့သူတို့အားတိုက် ခိုက်ကြလော့'' ဟုမိန့်တော်မူ၏။ (ထိုအကြောင်း ကိုအစွဲပြု၍``မျက်မမြင်နှင့်ခြေဆွံ့သူတို့ သည်ထာဝရဘုရား၏အိမ်တော်သို့မဝင် ရကြ'' ဟုဆိုလေ့ရှိလေသည်။)
ရှောလမုန်မင်းသည်ဗိမာန်တော်နှင့်နန်းတော်တည် ဆောက်မှုတွင်လည်းကောင်း၊ မြို့၏အရှေ့ပိုင်း၌မြေ ဖို့လုပ်ရာတွင်လည်းကောင်း၊ မြို့ရိုးတည်ဆောက် ရာတွင်လည်းကောင်း ချွေးတပ်ကိုအသုံးပြုတော် မူ၏။ မင်းကြီးသည်ချွေးတပ်ဖြင့်ပင်လျှင်ဟာဇော် မြို့၊ မေဂိဒ္ဒေါမြို့နှင့်ဂေဇာမြို့တို့ကိုလည်းပြန် လည်တည်ဆောက်တော်မူ၏။-
ယောရှမင်း၏မှူးမတ်တို့သည်သူ့အားလုပ်ကြံရန် လျှို့ဝှက်ကြံစည်ကြ၏။ ထိုသူတို့အနက်ရှိမတ် ၏သားယောဇကာနှင့်ရှောမေရ၏သားယဟော ဇဗပ်တို့သည် ယေရုရှလင်မြို့အရှေ့ပိုင်းသိလ ရွာသွားရာလမ်းရှိဖို့မြေပေါ်တွင်တည်ဆောက် ထားသောစံနန်း၌သူ့အားလုပ်ကြံကြ၏။ သူ့ အားဒါဝိဒ်မြို့ရှိသင်္ချိုင်းတော်တွင်သင်္ဂြိုဟ်ကြ၏။ ထိုနောက်သူ၏သားတော်အာမဇိသည် ခမည်း တော်၏အရိုက်အရာကိုဆက်ခံ၍နန်းတက် လေသည်။
မင်းကြီးသည်မြို့တော်ကာကွယ်ရေးအတွက် ခိုင်ခံ့စေရန် မြို့ရိုးများကိုပြန်လည်ပြုပြင် ခြင်း၊ ပြအိုးများကိုဆောက်လုပ်ခြင်း၊ အပြင် မြို့ရိုးတစ်ထပ်ကိုတည်ဆောက်ခြင်းတို့ကို ပြုတော်မူ၏။ ထို့ပြင်ယေရုရှလင်မြို့ဟောင်း အရှေ့ပိုင်း၌ရှိသောမြေကတုတ်များကို ပြုပြင်၍ လှံနှင့်ဒိုင်းလွှားအမြောက်အမြား ကိုပြုလုပ်စေတော်မူ၏။-
ကောလဟောဇ၏သား၊ မိဇပါနယ်ကိုအုပ် ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်တည်ဆောက်ကာအမိုးမိုး၍တံခါး ရွက်များ၊ မင်းတုပ်များနှင့်ကန့်လန့်ကျင် များကိုတပ်ဆင်၏။ သူသည်ဘုရင်ဥယျာဉ် အနီး၊ ရှိလောင်ရေကန်မြို့ရိုးကိုဒါဝိဒ်မြို့ တော်လှေကားတိုင်အောင်တည်ဆောက်လေ သည်။