ဒုတိယလတွင် တာဝန်ထမ်းဆောင်ရသောတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ အဟောဟိအမျိုး ဒေါဒဲဖြစ်၏။ ထိုတပ်ဖွဲ့ကို မိကလုတ်က ဦးဆောင်ရပြီး လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
၂ ရာ 23:9 - မြန်မာ့စံမီသမ္မာကျမ်း သူရဲကောင်း နောက်တစ်ဦးမှာ အဟောဟိ၏မြေး၊ ဒေါဒေါ၏သား ဧလာဇာ ဖြစ်၏။ စစ်တိုက်ရန် ချီလာသောဖိလိတ္တိလူမျိုးတို့ကို ဒါဝိဒ်မင်းကြီးနှင့်အတူစိန်ခေါ်ခဲ့သူ သူရဲကောင်းသုံးဦးတွင် သူလည်း အပါအဝင်ဖြစ်၏။ အစ္စရေးအမျိုးသားတို့ ဆုတ်ခွာသွားသောအခါ Common Language Bible သူရဲကောင်းသုံးဦးတို့အနက်ဒုတိယသူရဲ ကောင်းမှာအာဟော၏သားချင်းစုဝင်ဒေါဒေါ ၏သား၊ ဧလာဇာဖြစ်၏။ အခါတစ်ပါးက ဧလာဇာသည်စစ်ဆင်ရန်စုရုံးလျက်ရှိသော ဖိလိတ္တိအမျိုးသားတို့အားဒါဝိဒ်နှင့်တကွ စိန်ခေါ်ခဲ့၏။ ဣသရေလအမျိုးသားတို့ ဆုတ်ခွာကြသော်လည်း၊- Garrad Bible ဒု တိ ယ ဗိုလ် ကား ဣ သ ရေ လ သူ ရဲ တို့ ဆုတ် ပြေး ကြ သည့် နောက် စစ် တိုက် ရန် စု ရုံး ပြီး ဖိ လိ တ္တိ သူ ရဲ တို့ ကို ဒါ ဝိဒ် မင်း နှင့် တ ကွ မ ထီ လေး စား ပြု သူ ရဲ ဗိုလ် သုံး ဦး တို့ အ ပါ အာ ဟော့ အ နွယ်၊ ဒေါ ဒေါ့ သား ဧ လာ ဇာ တည်း။ Judson Bible သူနောက်မှာ အဟောဟိအမျိုး ဒေါဒေါသားဧလာဇာသည် ဒါဝိဒ်နှင့်အတူလိုက်သော သူရဲသုံးယောက်အဝင် ဖြစ်၏။ စစ်တိုက်ခြင်းငှာစုဝေးသော ဖိလိတ္တိလူတို့ကို ကြိမ်းပ၍ ဣသရေလလူတို့သည် ဆုတ်သွားသောအခါ၊ |
ဒုတိယလတွင် တာဝန်ထမ်းဆောင်ရသောတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ အဟောဟိအမျိုး ဒေါဒဲဖြစ်၏။ ထိုတပ်ဖွဲ့ကို မိကလုတ်က ဦးဆောင်ရပြီး လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
တစ်စုံတစ်ဦးသည် သူတို့တစ်ဦးဦးကိုအနိုင်ယူလျှင်လည်း နှစ်ဦးအားဖြင့် ထိုသူကိုတောင့်ခံနိုင်၏။ သုံးလွန်းတင်သောကြိုးသည် အလွယ်တကူမပြတ်နိုင်။
စပျစ်သီးနယ်ရာကျင်း၌ ငါ တစ်ပါးတည်း နင်းနယ်၏။ လူတစ်ယောက်မျှ ငါနှင့်မရှိ။ သူတို့ကို ငါ့အမျက်ဖြင့် နင်းနယ်ပြီ။ ငါ့ဒေါသဖြင့် နင်းချေပြီ။ သူတို့သွေးသည် ငါ့ဝတ်ရုံကိုစဉ်သဖြင့် ငါ့အဝတ်အစားရှိသမျှ စွန်းထင်းလေပြီ။
ငါကြည့်လိုက်သော် ကူညီမစမည့်သူမရှိ။ ထောက်မမည့်သူလည်းမရှိသည်ကို ငါအံ့ဩ၏။ ထို့ကြောင့် ငါ့လက်ရုံးသည် ကယ်တင်ခြင်းအမှုကိုပြုပြီ။ ငါ့အမျက်ဒေါသသည် ငါ့ကိုထောက်မပြီ။
ထို့ပြင် ထိုဖိလိတ္တိပြည်သားက “ယနေ့ ငါသည် အစ္စရေးစစ်သည်တို့ကို စိန်ခေါ်၏။ ငါနှင့်တိုက်မည့်သူတစ်ဦးကို ငါ့ထံ လွှတ်လိုက်ပါ”ဟု ဆို၏။
ဒါဝိဒ်သည် မိမိအနား၌ရပ်နေသောလူတို့အား “ဤဖိလိတ္တိပြည်သားကိုသတ်ပြီး အစ္စရေးလူမျိုးတို့ စော်ကားခံနေရသည်ကို ဖယ်ရှားပေးနိုင်သောသူအား မည်သို့ပြုပေးမည်နည်း။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားပြောဆိုနေရအောင် ဤအရေဖျားလှီးခြင်းမခံသောဖိလိတ္တိပြည်သားကား မည်သူနည်း”ဟု မေး၏။
ထိုသို့ ခြင်္သေ့နှင့် ဝက်ဝံတို့ကို အရှင့်အစေအပါး သတ်ခဲ့ပါ၏။ အသက်ရှင်တော်မူသောဘုရားသခင်၏စစ်သည်တို့ကို စော်ကားနေသည့် အရေဖျားလှီးခြင်းမခံသော ဤဖိလိတ္တိပြည်သားသည်လည်း ထိုအကောင်ထဲမှတစ်ကောင်ကဲ့သို့သာ ဖြစ်ပါသည်”ဟု လျှောက်တင်၏။