၂ ရာ 23:10 - မြန်မာ့စံမီသမ္မာကျမ်း
10 သူသည် မဆုတ်ဘဲ လက်ကိုဓားမှပြန်ခွာ၍မရအောင် လက်အန်သေသည်အထိ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထိုနေ့တွင် ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။ စစ်သည်တို့သည်ပင် တိုက်ရာပါပစ္စည်းများကို သိမ်းယူဖို့ရန် ပြန်လှည့်လာကြရ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 သူသည်မဆုတ်ခွာဘဲလက်အံသေ၍ဋ္ဌား ကိုလက်နှင့်ခွာမရသည့်တိုင်အောင် ဖိလိတ္တိ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။ ထို နေ့၌ထာဝရဘုရားသည်အောင်ပွဲကြီး ကိုခံစေတော်မူသဖြင့်တိုက်ပွဲပြီးဆုံး သွားသောအခါဣသရေလအမျိုးသား တို့သည်ကျဆုံးသည့်သူများထံမှလက် နက်တန်ဆာများကိုသိမ်းယူရန်ဧလာ ဇာရှိရာသို့လာရောက်ကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ထို သူ ထွက် သွား လျက် လက် ညောင်း ၍ ဓား ကို မ လွှတ် မ ခွာ နိုင် သည့် တိုင် အောင် ဖိ လိ တ္တိ သူ ရဲ တို့ ကို လုပ် ကြံ ရာ ထို နေ့ ချင်း တွင် ကြီး စွာ သော အောင် မြင် ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည် နှင့် တပ် တော် သား တို့ သည် လု ယူ ရုံ မျှ သာ လှည့် ပြန် ရ ကြ သ တည်း။
အခန်းကိုကြည့်ပါ။ ကော်ပီ
10 ထိုသူသည် လက်ညောင်း၍ ဓား၌မှီလျက်နေရသည်တိုင်အောင် ထ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ ကြီးစွာသော အောင်မြင်ခြင်းကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ဥစ္စာကို လုယူခြင်းငှာသာ ပြန်လာကြ၏။
အခန်းကိုကြည့်ပါ။ ကော်ပီ