ယွာဘကား အစ္စရေးစစ်သည်အားလုံးကို အုပ်ချုပ်ရသူ၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊
၂ ရာ 23:23 - မြန်မာ့စံမီသမ္မာကျမ်း သူသည် စစ်သူရဲအယောက်သုံးဆယ်ထက် အစွမ်းထက်သော်လည်း ပထမသူရဲကောင်းသုံးဦးကို မမီ။ ဒါဝိဒ်မင်းကြီးသည် သူ့အား ကိုယ်ရံတော်မှူးအဖြစ် ခန့်အပ်ထား၏။ Common Language Bible သူသည်ရဲဘော်သုံးကျိပ်တို့တွင်ထူးချွန် သူဖြစ်သော်လည်းသူရဲကောင်းသုံးယောက် လောက်နာမည်မကြီးချေ။ ဒါဝိဒ်သည်သူ့ အားကိုယ်ရံတော်တပ်မှူးအဖြစ်ဖြင့်ခန့် ထားတော်မူ၏။ Garrad Bible ဗိုလ် သုံး ကျိပ် တို့ ထက် အ သ ရေ ရှိ သော် လည်း ရဲ ဗိုလ် သုံး ဦး တို့ ဘွဲ့ ကို မ ရ ချေ။ ဒါ ဝိဒ် မင်း သည် ကိုယ် ရံ တော် မှူး ရာ ထူး ကို ခန့် ထား သ တည်း။ Judson Bible ဗိုလ်များထက်သာ၍ မြတ်သော်လည်း၊ ပထမသူရဲသုံးယောက်တို့ကို မမီ။ ဒါဝိဒ်သည် အတွင်းဝန်ချုပ်အရာကိုလည်း ပေး၏။ |
ယွာဘကား အစ္စရေးစစ်သည်အားလုံးကို အုပ်ချုပ်ရသူ၊ ယောယဒ၏သားဗေနာယကား ခေရသိလူမျိုးနှင့် ပေလသိလူမျိုးတို့ကို အုပ်ချုပ်ရသူ၊
ယောယဒ၏သား ဗေနာယသည် ထိုသို့ပြုခဲ့သောကြောင့် သူရဲကောင်းသုံးဦးကဲ့သို့ပင် သူလည်း နာမည်ကျော်စော၏။
ယွာဘ၏ညီ အာသဟေလသည် စစ်သူရဲအယောက်သုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်၏။ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
ဒါဝိဒ်မင်းကြီးသည် ဘေတမြို့၊ ဗေရောသဲမြို့စသည့် ဟာဒဒေဇာမင်းကြီးပိုင်သောမြို့တို့မှ ကြေးနီအမြောက်အမြားကိုလည်း သိမ်းယူလေ၏။
ဗေနာယသည် စစ်သူရဲသုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး လူအယောက်သုံးဆယ်ကို အုပ်ချုပ်ရ၏။ သူ့တပ်ဖွဲ့ကို သူ့သား အမိဇဗဒ်က အုပ်ချုပ်၏။
တစ်စုံတစ်ဦးသည် သူတို့တစ်ဦးဦးကိုအနိုင်ယူလျှင်လည်း နှစ်ဦးအားဖြင့် ထိုသူကိုတောင့်ခံနိုင်၏။ သုံးလွန်းတင်သောကြိုးသည် အလွယ်တကူမပြတ်နိုင်။
အဟိမလက်က ရှင်ဘုရင်အား “အရှင်မင်းကြီး၏အမှုထမ်းအပေါင်းတို့တွင် ဒါဝိဒ်ကဲ့သို့ မည်သူသစ္စာရှိသနည်း။ သူသည် အရှင်မင်းကြီး၏သမက်တော်ဖြစ်၏။ အရှင်မင်းကြီး၏ကိုယ်ရံတော်မှူးလည်း ဖြစ်၏။ အရှင်မင်းကြီး၏အိမ်ထောင်မိသားစုတွင် ဂုဏ်သရေရှိသူလည်း ဖြစ်၏။