Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ရာ 20:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ယွာဘ​ကား အစ္စရေး​စစ်သည်​အားလုံး​ကို အုပ်ချုပ်ရသူ​၊ ယောယဒ​၏​သား​ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့် ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ယွာ​ဘ​သည်​တပ်​မ​တော်​ဗိုလ်​ချုပ်​ဖြစ်​၍ ယော​ယ​ဒ​၏​သား​ဗေ​နာ​ယ​သည် ဒါ​ဝိဒ်​၏ ကိုယ်​ရံ​တော်​တပ်​သား​များ​ကို​အုပ်​ချုပ် ရ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ယွာ ဘ ကို ဣ သ ရေ လ ဗိုလ် ချုပ်၊ ယော ယ ဒ သား ဗေ နာ ယ ကို ခေ ရ သိ နှင့် ပေ လ သိ တပ် တော် တွင် အ ကြီး အ မှူး၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယွာ​ဘ​သည် ဣ​သ​ရေ​လ​တပ်​သား​အ​ပေါင်း​တို့​ကို​အုပ်​သော ဗိုလ်​ချုပ်​မင်း​ဖြစ်၏။ ယော​ယ​ဒ​သား ဗေ​နာ​ယ​သည် ခေ​ရ​သိ​လူ​နှင့် ပေ​လ​သိ​လူ​တို့​ကို အုပ်​ရ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ရာ 20:23
10 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် ယွာဘ​၏​နောက်လိုက်​များ​မှစ၍ ခေရသိ​လူမျိုး​၊ ပေလသိ​လူမျိုး​တို့​အပါအဝင် သူရဲကောင်း​အပေါင်း​တို့​သည် အဘိရှဲ​နှင့်အတူ ဂျေရုဆလင်​မြို့​မှ ထွက်သွား​ပြီး ဗိခရိ​၏​သား ရှေဘ​ကို​လိုက်​ကြ​၏​။


ရဲစွမ်းသတ္တိ​ထက်မြက်​သော ကပ်ဇေလ​မြို့​မှ စစ်သူရဲ​မျိုးရိုး ယောယဒ​၏​သား ဗေနာယ​သည်​လည်း ခြင်္သေ့​ကဲ့သို့​အားကြီး​သော​မောဘ​လူမျိုး​နှစ်​ဦး​ကို သုတ်သင်​ပစ်​ခဲ့​၏​။ နှင်းကျ​သော​နေ့​တစ်နေ့တွင် ခြင်္သေ့​တွင်း​ထဲသို့​ဝင်​ပြီး ခြင်္သေ့​တစ်​ကောင်​ကို သတ်​ခဲ့​၏​။


ဒါဝိဒ်​မင်းကြီး​သည် အစ္စရေး​တစ်မျိုးလုံး​ကို အုပ်စိုး​၍ ပြည်သူပြည်သား​အပေါင်း​တို့​ကို တရားမျှတ​စွာ​၊ ဖြောင့်မတ်​စွာ အုပ်ချုပ်​၏​။


သူ​သည် ဇေရုယာ​၏​သား​ယွာဘ​၊ ယဇ်ပုရောဟိတ်​အဗျာသာ​တို့​နှင့် တိုင်ပင်ဆွေးနွေး​ရာ သူ​တို့​က အဒေါနိယ​ကို အားပေးမြှောက်ပင့်​ကြ​၏​။


သို့သော် ယဇ်ပုရောဟိတ်​ဇာဒုတ်​၊ ယောယဒ​၏​သား​ဗေနာယ​၊ ပရောဖက်​နာသန်​၊ ရှိမိ​၊ ရေဣ​နှင့် ဒါဝိဒ်​မင်းကြီး​၏​စစ်သူရဲ​တို့​ကား အဒေါနိယ​ဘက်​၌ မ​နေ​ကြ​ပေ​။


ရှောလမုန်​မင်းကြီး​သည် အစ္စရေး​လူမျိုး​တစ်မျိုးနွယ်လုံး​ကို အုပ်ချုပ်​ရ​၏​။


ခုနစ်​နှစ်​မြောက်​တွင် ယောယဒ​သည် ကိုယ်ရံတော်​တပ်​နှင့် အစောင့်တပ်​တို့​၏​ရာ​တပ်မှူး​များ​ကို လူ​လွှတ်​ခေါ်​၍ သူ​တို့​သည် ထာဝရဘုရား​၏​အိမ်​တော်​သို့ ရောက်လာ​လျှင် ထာဝရဘုရား​၏​အိမ်​တော်​တွင်ပင် သူ​တို့​နှင့် ကတိသစ္စာ​ပြု​၍ ကျိန်ဆို​စေ​ပြီးမှ ဘုရင့်​သား​တော်​ကို ထုတ်ပြ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ