ရှမ္မသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။
၂ ရာ 23:10 - မြန်မာ့စံမီသမ္မာကျမ်း သူသည် မဆုတ်ဘဲ လက်ကိုဓားမှပြန်ခွာ၍မရအောင် လက်အန်သေသည်အထိ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထိုနေ့တွင် ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။ စစ်သည်တို့သည်ပင် တိုက်ရာပါပစ္စည်းများကို သိမ်းယူဖို့ရန် ပြန်လှည့်လာကြရ၏။ Common Language Bible သူသည်မဆုတ်ခွာဘဲလက်အံသေ၍ဋ္ဌား ကိုလက်နှင့်ခွာမရသည့်တိုင်အောင် ဖိလိတ္တိ အမျိုးသားတို့ကိုတိုက်ခိုက်လေသည်။ ထို နေ့၌ထာဝရဘုရားသည်အောင်ပွဲကြီး ကိုခံစေတော်မူသဖြင့်တိုက်ပွဲပြီးဆုံး သွားသောအခါဣသရေလအမျိုးသား တို့သည်ကျဆုံးသည့်သူများထံမှလက် နက်တန်ဆာများကိုသိမ်းယူရန်ဧလာ ဇာရှိရာသို့လာရောက်ကြ၏။ Garrad Bible ထို သူ ထွက် သွား လျက် လက် ညောင်း ၍ ဓား ကို မ လွှတ် မ ခွာ နိုင် သည့် တိုင် အောင် ဖိ လိ တ္တိ သူ ရဲ တို့ ကို လုပ် ကြံ ရာ ထို နေ့ ချင်း တွင် ကြီး စွာ သော အောင် မြင် ခွင့် ကို ထာ ဝ ရ ဘု ရား ပေး တော် မူ သည် နှင့် တပ် တော် သား တို့ သည် လု ယူ ရုံ မျှ သာ လှည့် ပြန် ရ ကြ သ တည်း။ Judson Bible ထိုသူသည် လက်ညောင်း၍ ဓား၌မှီလျက်နေရသည်တိုင်အောင် ထ၍ ဖိလိတ္တိလူတို့ကို လုပ်ကြံသဖြင့်၊ ထာဝရဘုရားသည် ထိုနေ့၌ ကြီးစွာသော အောင်မြင်ခြင်းကို ပြုတော်မူ၍၊ သူတို့သည် ရန်သူတို့၏ဥစ္စာကို လုယူခြင်းငှာသာ ပြန်လာကြ၏။ |
ရှမ္မသည် လယ်ကွက်အလယ်တွင်ရပ်လျက် ဖိလိတ္တိလူမျိုးတို့ကို ခုခံတိုက်ခိုက်ရာ ထာဝရဘုရားသည် ကြီးမားသောအောင်ပွဲကို ရစေတော်မူ၏။
ဆီးရီးယားဘုရင်၏ဗိုလ်ချုပ်နေမန်သည် မိမိအရှင်၏ချီးမြှောက်ခြင်း၊ မျက်နှာသာပေးခြင်းကို ခံရသောသူဖြစ်၏။ အကြောင်းမူကား ထာဝရဘုရားသည် သူ့အားဖြင့် ဆီးရီးယားပြည်ကို အောင်ပွဲရစေတော်မူ၏။ သူသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲဖြစ်သော်လည်း အနာကြီးရောဂါစွဲနေ၏။
ဧလာဇာသည် ဒါဝိဒ်မင်းကြီးနှင့်အတူ ပါသဒမ္မိမ်အရပ်ရှိ မုယောစပါးအပြည့်စိုက်ထားသောလယ်ကွက်၌နေစဉ် ဖိလိတ္တိလူမျိုးတို့ စစ်တိုက်ရန် စုဝေးချီတက်လာကြ၏။ ကျန်စစ်သည်များ ဖိလိတ္တိလူမျိုးတို့ရှေ့မှ ထွက်ပြေးကုန်သော်လည်း
ငါတို့သည် ဘုရားသခင်အားဖြင့် ရဲရင့်စွာပြုကြမည်။ ကိုယ်တော်သည် ငါတို့အားရန်ဖက်ပြုသောသူများကို နင်းချေတော်မူလိမ့်မည်။
ကိုယ်တော်သည် ရှင်ဘုရင်တို့အား အောင်ပွဲကိုပေးတော်မူ၏။ ကိုယ်တော်၏အစေအပါးဒါဝိဒ်ကိုလည်း ဆိုးဝါးသောဓားဘေးမှလွတ်မြောက်စေတော်မူ၏။
“ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
သူသည် အသက်စွန့်၍ အသေခံခဲ့၏။ အပြစ်ကျူးလွန်သူတို့၏စာရင်းတွင် ထည့်သွင်းခြင်းခံရ၏။ သူသည် လူများစွာတို့၏အပြစ်ကိုထမ်းသွား၍ အပြစ်ကျူးလွန်သောသူတို့အတွက် ကြားဝင်စေ့စပ်ပေး၏။ ထို့ကြောင့် ငါသည် သူ့အား ကြီးမြတ်သောသူတို့နှင့်အတူ ဝေစုတစ်စုခွဲဝေပေးမည်။ သူသည် အားကြီးသောသူတို့နှင့်အတူ လုယက်ပစ္စည်းကို ခွဲဝေမည်။
အကြောင်းမူကား လူမျိုးခြားတို့နာခံမှုရှိစေရန် ခရစ်တော်သည် ငါ့ကိုအသုံးပြု၍ တရားစကားနှင့်လုပ်ဆောင်မှုအားဖြင့်လည်းကောင်း၊
အကြောင်းမူကား ငါတို့သည် မိမိတို့အကြောင်းကို ဟောပြောကြသည်မဟုတ်ဘဲ ယေရှုခရစ်တော်သည် အရှင်သခင်ဖြစ်ကြောင်းကို ဟောပြောကြ၏။ ငါတို့ကိုယ်တိုင်မူကား ယေရှုအတွက် သင်တို့၏အစေအပါးများဖြစ်ကြ၏။
ထာဝရဘုရားသည် ထိုသူတို့ကို အစ္စရေးစစ်သည်တို့ရှေ့၌ ကစဥ့်ကလျားဖြစ်စေတော်မူ၏။ အစ္စရေးစစ်သည်တို့သည် ဂိဗောင်မြို့၌ ရန်သူအမြောက်အမြားကို တိုက်ခိုက်သတ်ဖြတ်ပြီး ဗေသောရုန်မြို့သို့တက်သွားသောလမ်းအတိုင်း အဇေကာမြို့၊ မက္ကဒါမြို့တိုင်အောင် လိုက်လံတိုက်ခိုက်ကြ၏။
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားသည် အစ္စရေးလူမျိုးအတွက် စစ်တိုက်တော်မူသောကြောင့် ယောရှုသည် ရှင်ဘုရင်တို့နှင့်တကွ သူတို့၏တိုင်းပြည်များကို တစ်ချီတည်းသိမ်းပိုက်အောင်မြင်ခဲ့လေ၏။
ထာဝရဘုရားသည် ရန်သူတို့ကို အစ္စရေးစစ်သည်တို့လက်သို့ အပ်တော်မူသဖြင့် အစ္စရေးစစ်သည်တို့သည် ဆီဒုန်မြို့ကြီး၊ မိသရဖောသမိမ်မြို့၊ အရှေ့ဘက်အရပ်ရှိ မိဇပါချိုင့်ဝှမ်းတိုင်အောင် လိုက်လံတိုက်ခိုက်လေ၏။ အသက်ရှင်ကျန်ရစ်သူတစ်ယောက်မျှမရှိသည့်တိုင်အောင် လုပ်ကြံလေ၏။
ရှံဆုန်သည် လေဟိအရပ်သို့ရောက်လာသောအခါ ဖိလိတ္တိလူမျိုးတို့သည် သူ့ကိုတိုက်ခိုက်ရန် ကြွေးကြော်ကြ၏။ ထိုအခါ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်ရုတ်ခြည်းသက်ရောက်တော်မူသဖြင့် သူ့လက်၌ချည်နှောင်ထားသောကြိုးတို့သည် မီးကျွမ်းသွားသောချည်ကြိုးကဲ့သို့ဖြစ်ပြီး ထိုလက်၌ ချည်ထားသောကြိုးတို့ ပြေသွားလေ၏။
ရှံဆုန်သည် အလွန်ရေငတ်သဖြင့် ထာဝရဘုရားထံ “ကိုယ်တော့်အစေအပါး၏လက်ဖြင့် ဤမျှကြီးမားသောအောင်မြင်မှုကို ပေးတော်မူပြီးမှ ယခု ရေငတ်၍ သေရမည်လော။ အရေဖျားမလှီးသောသူတို့၏လက်ချက်ဖြင့် သေရမည်လော”ဟု အော်ဟစ်လျှောက်ဆိုလေ၏။
သို့သော် ရှောလုက “ယနေ့မှာ အစ္စရေးလူမျိုးတို့ကို ထာဝရဘုရားကယ်တင်တော်မူပြီဖြစ်၍ မည်သူ့ကိုမျှ မသတ်ရ”ဟု ဆို၏။
ဤသို့ဖြင့် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို ထိုနေ့တွင် ကယ်တင်တော်မူ၍ တိုက်ပွဲမှာ ဗေသဝင်မြို့သို့တိုင် ရောက်လေ၏။
ယောနသန်က လက်နက်ကိုင်လုလင်အား “လာပါ။ အရေဖျားမလှီးသောထိုသူတို့၏ကင်းတပ်သို့ ကူးသွားကြစို့။ ထာဝရဘုရား ငါတို့နှင့် ပါရှိကောင်းပါရှိတော်မူလိမ့်မည်။ ထာဝရဘုရားသည် မည်သည့်အမှု၌မဆို လူအနည်းငယ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ အတားအဆီးမရှိကယ်တင်ပေးနိုင်သည်”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့သည် ဖိလိတ္တိလူမျိုးတို့ကို လိုက်လံတိုက်ခိုက်ရာမှပြန်လာပြီး သူတို့၏တပ်စခန်းတို့ကိုလည်း ဝင်ရောက်လုယက်ကြ၏။
သူသည် အသက်ကိုရင်းပြီး ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ခဲ့၏။ ထာဝရဘုရားသည် အစ္စရေးလူမျိုးအပေါင်းတို့အတွက် အောင်ပွဲကြီးကို ဆောင်ကြဉ်းပေးခဲ့သည်ကိုလည်း အရှင်မင်းကြီးမြင်၍ ဝမ်းမြောက်ခဲ့ပါ၏။ သို့ဖြစ်လျက် ဒါဝိဒ်ကို အကြောင်းမရှိဘဲ သတ်ဖြတ်ပြီး အပြစ်မဲ့သောသူကို အဘယ်ကြောင့် ပြစ်မှားရမည်နည်း”ဟု ဆို၏။