၄ ရာ 5:1 - မြန်မာ့စံမီသမ္မာကျမ်း1 ဆီးရီးယားဘုရင်၏ဗိုလ်ချုပ်နေမန်သည် မိမိအရှင်၏ချီးမြှောက်ခြင်း၊ မျက်နှာသာပေးခြင်းကို ခံရသောသူဖြစ်၏။ အကြောင်းမူကား ထာဝရဘုရားသည် သူ့အားဖြင့် ဆီးရီးယားပြည်ကို အောင်ပွဲရစေတော်မူ၏။ သူသည် ရဲစွမ်းသတ္တိရှိသောစစ်သူရဲဖြစ်သော်လည်း အနာကြီးရောဂါစွဲနေ၏။ အခန်းကိုကြည့်ပါ။Common Language Bible1 ရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။- အခန်းကိုကြည့်ပါ။Garrad Bible1 ရှု ရိ ဘု ရင်၏ ဗိုလ် ချုပ် ဖြစ် သော စစ် ခေါင်း မာ သူ နေ မန့် လက် ဖြင့် အောင် မြင် ခွင့် ကို ရှု ရိ ပြည် အား ထာ ဝ ရ ဘု ရား ပေး တော် မူ သည် ဖြစ်၍ ထို ဗိုလ် ချုပ် သည် ကိုယ့် သ ခင့် ရှေ့ မျက် နှာ ရ သူ၊ ဂုဏ် ရှိ သူ ဖြစ်၏။ သို့ ရာ တွင် နူ နာ စွဲ ရှာ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible1 ရှုရိရှင်ဘုရင်၏ဗိုလ်ချုပ်မင်းနေမန်သည် မိမိသခင်ထံမှာ မျက်နှာရသောသူ၊ ဘုန်းကြီးသောသူဖြစ်၏။ အကြောင်းမူကား၊ ရှုရိပြည်သည် ထိုသူအားဖြင့် အောင်ရသောအခွင့်ကို ထာဝရဘုရားပေးတော်မူပြီ။ ထိုသူသည် ခွန်အားကြီးသော စစ်သူရဲဖြစ်၏။ သို့ရာတွင် နူနာစွဲ၏။ အခန်းကိုကြည့်ပါ။ |
စင်စစ် ဂျူးလူမျိုးမော်ဒကဲသည် အာရွှေရုမင်းကြီးပြီးလျှင် ရာထူးအကြီးဆုံးဖြစ်၏။ သူသည် ကိုယ့်အမျိုးအနွယ်အပေါင်းတို့အား မေတ္တာစကားကိုသာပြောဆိုတတ်ပြီး ကိုယ့်လူမျိုးကောင်းကျိုးကို ရှာကြံတတ်သူဖြစ်သဖြင့် ဂျူးလူမျိုးတို့ထဲတွင် ကြီးမြတ်သောပုဂ္ဂိုလ်ဖြစ်၏။ ဆွေမျိုးသားချင်းတို့၏ချစ်မြတ်နိုးမှုကို ရရှိသူလည်း ဖြစ်၏။