ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
၂ ရာ 22:48 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ငါ့အတွက်လက်တုံ့ပြန်ပေး၍ လူမျိုးတကာတို့ကို ငါ့လက်အောက်သို့ ရောက်စေတော်မူ၏။ Common Language Bible ကိုယ်တော်သည်ငါ့အားရန်သူများကိုအောင် မြင်ခွင့် ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊ Garrad Bible ထို ဘု ရား သ ခင် ပင် ငါ့ အ တွက် လက် စား ချေ၍ လူ မျိုး တို့ ကို ငါ့ အောက် သို့ နှိမ့် ချ သည့် ပြင် ရန် သူ တို့ လက် မှ ငါ့ ကို ကယ် လွှတ် တော် မူ၏။ Judson Bible ငါ့ဘက်၌ တရားသဖြင့်စီရင်၍၊ လူစုတို့ကို ငါ့အောက်မှာ နှိမ့်ချသောသူကား ဘုရားသခင်ပေတည်း။ |
ဇာဒုတ်၏သားအဟိမတ်က “ယခု အကျွန်ုပ်ပြေး၍ ရှင်ဘုရင်အား ထာဝရဘုရားသည် သူ့ကို ရန်သူတို့လက်မှ ကယ်တင်တော်မူပြီဟူသောသတင်းကို လျှောက်တင်ပါရစေ”ဟု ဆိုလျှင်
ထို့နောက် ကုရှိအမျိုးသားသည်ရောက်လာပြီး “အကျွန်ုပ်၏သခင် အရှင်မင်းကြီး၊ သတင်းကောင်းကို လျှောက်တင်ပါရစေ။ ယနေ့ ထာဝရဘုရားသည် အရှင်မင်းကြီးအား ဆန့်ကျင်တိုက်ခိုက်နေသောသူအပေါင်းတို့ကို ရှုံးစေတော်မူပြီ”ဟု လျှောက်တင်လေ၏။
ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကို ဟေဗြုန်မြို့ရှိ ဒါဝိဒ်မင်းကြီးထံသို့ယူလာပြီး ရှင်ဘုရင်အား “အရှင်၏အသက်ကိုရန်ရှာသော အရှင့်ရန်သူရှောလုမင်းကြီး၏သား ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုကြည့်ပါ။ ယနေ့တွင် ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးအား ရှောလုမင်းကြီးနှင့် သူ့အမျိုးအနွယ်ကို လက်တုံ့ပြန်ခွင့်ပေးတော်မူပြီ”ဟု လျှောက်တင်ကြ၏။
ထာဝရဘုရားသည် ငါ၏သခင်အား “သင်၏ရန်သူတို့ကို သင်၏ခြေတင်ခုံအောက်၌ ငါချထားသည့်တိုင်အောင် ငါ၏လက်ယာဘက်၌ ထိုင်နေလော့”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ငါ၏မေတ္တာကရုဏာရှင်၊ ငါ၏ရဲတိုက်၊ ငါ၏ခိုကိုးရာ၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါသည် ကိုယ်တော်ကို ခိုလှုံ၏။ ကိုယ်တော်သည် ငါ၏လူမျိုးကို ငါအုပ်စိုးရသောအခွင့်ပေးတော်မူ၏။
လက်တုံ့ပြန်တော်မူသောဘုရားသခင် အို ထာဝရဘုရား၊ လက်တုံ့ပြန်တော်မူသောဘုရားသခင်၊ ရောင်ခြည်တော်ကိုလွှတ်တော်မူပါ။
အကြောင်းမူကား ရန်သူအပေါင်းတို့ကို ကိုယ်တော်၏ခြေဖဝါးအောက်၌ချထားသည်အထိ ကိုယ်တော်သည်အုပ်စိုးရမည်ဖြစ်၏။
လက်စားချေခြင်း၊ လက်တုံ့ပြန်ခြင်းသည် ငါနှင့်ဆိုင်၏။ သူတို့သည် အချိန်တန်လျှင် ခြေချော်လိမ့်မည်။ သူတို့၏ဘေးဒုက္ခနေ့ရက်သည်နီးပြီ။ သူတို့ကြုံရမည့်အမှုသည် အလျင်အမြန်ရောက်လာလိမ့်မည်။
ထာဝရဘုရားသည် အရှင်မင်းကြီးနှင့် အကျွန်ုပ်ကြားတွင် စီရင်တော်မူပါစေသော။ ထာဝရဘုရားသည် အကျွန်ုပ်အဖို့ အရှင်မင်းကြီးကို လက်တုံ့ပြန်ပေးတော်မူပါစေသော။ အကျွန်ုပ်မူကား အရှင်မင်းကြီးကို ဆန့်ကျင်တိုက်ခိုက်မည်မဟုတ်ပါ။
ထာဝရဘုရားသည် အကျွန်ုပ်သခင့်အဖို့ မိန့်တော်မူခဲ့သောကောင်းမြတ်သောအရာရှိသမျှတို့သည် အမှန်ဖြစ်လာပါစေသော။ သခင့်အား အစ္စရေးလူမျိုးကို အုပ်ချုပ်သူမင်းအဖြစ် ခန့်ထားတော်မူပါစေသော။
နာဗလ သေကြောင်း ဒါဝိဒ်ကြားသောအခါ “နာဗလကြောင့် ခံရသောစော်ကားခြင်းအမှုမှ ကာကွယ်ပေး၍ ကိုယ်တော်၏အစေအပါးကို အပြစ်မပြုမိစေရန် ဆီးတားပေးတော်မူသော ထာဝရဘုရားကို ချီးမွမ်းပါ၏။ ထာဝရဘုရားသည် နာဗလပြုခဲ့သောမကောင်းမှုကို သူ့ခေါင်းပေါ်သို့ ပြန်ရောက်စေပြီ”ဟု ဆို၏။ ထို့နောက် ဒါဝိဒ်သည် အဘိဂဲလကို မယားအဖြစ်ယူရန် လူလွှတ်၍ တောင်းဆိုစေ၏။