ထိုကျိန်ဆဲခြင်းသည် သူလွှမ်းခြုံထားသော အဝတ်ကဲ့သို့လည်းကောင်း၊ သူအစဉ်မပြတ်ပတ်ထားသော ခါးပတ်ကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။
၂ ရာ 22:40 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်၏အောက်တွင် ညွတ်တွားစေတော်မူ၏။ Common Language Bible ကိုယ်တော်ရှင်သည်အကျွန်ုပ်အားစစ်ပွဲဝင်နိုင်ရန် ခွန်အားကိုပေးတော်မူပါ၏။ ရန်သူများအပေါ်တွင်အောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။ Garrad Bible စစ် ပြိုင် နိုင် ရန် ခွန် အား ကို အ ကျွန်ုပ်၌ ကိုယ် တော် စည်း ပေး တော် မူ လျက် အ ကျွန်ုပ် အောက် ထ ကြွ သူ တို့ ကို နှိမ် နင်း တော် မူ ပါ၏။ Judson Bible အကြောင်းမူကား၊ စစ်တိုက်စေခြင်းငှာ ကိုယ်တော်သည် အကျွန်ုပ်ကို ခွန်အားခါးပန်းနှင့်စည်း၍၊ အကျွန်ုပ်တစ်ဖက်၌ ထသောသူတို့ကို အကျွန်ုပ်အောက်မှာ လှဲတော်မူ၏။ |
ထိုကျိန်ဆဲခြင်းသည် သူလွှမ်းခြုံထားသော အဝတ်ကဲ့သို့လည်းကောင်း၊ သူအစဉ်မပြတ်ပတ်ထားသော ခါးပတ်ကဲ့သို့လည်းကောင်း သူ၌ဖြစ်ပါစေ။
ကိုယ်တော်သည် ငါ၏မေတ္တာကရုဏာရှင်၊ ငါ၏ရဲတိုက်၊ ငါ၏ခိုကိုးရာ၊ ငါ့ကိုကယ်တင်သောအရှင်၊ ငါ၏ဒိုင်းလွှားဖြစ်တော်မူ၏။ ငါသည် ကိုယ်တော်ကို ခိုလှုံ၏။ ကိုယ်တော်သည် ငါ၏လူမျိုးကို ငါအုပ်စိုးရသောအခွင့်ပေးတော်မူ၏။
ဘုရားသခင်သည် ငါ့ကို ခွန်အားနှင့်ပတ်စည်းသောဘုရားဖြစ်၍ ငါ၏လမ်းကို ချောမွေ့စေတော်မူ၏။
ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်အောက်တွင် ညွတ်တွားစေတော်မူ၏။
အကျွန်ုပ်တို့သည် အကျွန်ုပ်တို့အား ရန်ဖက်ပြုသောသူတို့ကို ကိုယ်တော်အားဖြင့် တွန်းလှန်ကြပါ၏။ အကျွန်ုပ်တို့တစ်ဖက်၌ထကြွသောသူတို့ကို ကိုယ်တော်၏နာမတော်အားဖြင့် နင်းချေကြပါ၏။
ငါသာလျှင် ထာဝရဘုရားဖြစ်၏။ ငါမှတစ်ပါး အခြားဘုရားမရှိ။ သင်သည် ငါ့ကို မသိသော်လည်း ငါသည် သင့်ကိုခွန်အားနှင့်ပတ်စည်းမည်။
သင့်ကိုနှိပ်စက်ခဲ့သောသူ၏သားတို့သည် သင့်ထံသို့လာ၍ ဦးညွှတ်ကြလိမ့်မည်။ သင့်ကိုမထီလေးစားပြုသောသူအပေါင်းတို့သည် သင်၏ခြေရင်း၌ပျပ်ဝပ်ကြလိမ့်မည်။ သူတို့သည် သင့်ကိုထာဝရဘုရား၏မြို့၊ အစ္စရေးလူမျိုးတို့၏သန့်ရှင်းသောအရှင်၏ဇိအုန်မြို့ဟု ခေါ်ဝေါ်ကြလိမ့်မည်။
ထို့ပြင် သင်တို့သည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်စုံသော တန်ခိုးအရှိန်အဝါနှင့်အညီ တန်ခိုးတော်ရှိသမျှတို့ဖြင့် အားဖြည့်ခြင်းကိုခံရလျက် သည်းခံခြင်းနှင့်စိတ်ရှည်ခြင်းအပြည့်အဝရှိသဖြင့်
ထို့နောက် သူတို့သည် သီချင်းအသစ်ကိုသီဆိုလျက် “ကိုယ်တော်သည် စာလိပ်ကိုယူ၍ ၎င်း၏တံဆိပ်များကိုဖွင့်ရန် ထိုက်တန်သောသူဖြစ်ပါ၏။ အကြောင်းမူကား ကိုယ်တော်သည် အသေသတ်ခြင်းခံရ၍ ကိုယ်တော်၏သွေးတော်အားဖြင့် မျိုးနွယ်စု၊ ဘာသာစကား၊ လူမျိုးနှင့် တိုင်းနိုင်ငံအသီးသီးတို့ထဲမှ လူတို့ကို ဘုရားသခင်အတွက် ရွေးနုတ်ဝယ်ယူပြီး
ထို့ကြောင့် ဒါဝိဒ်သည် သူ့နောက်လိုက်တို့နှင့်အတူကိလမြို့သို့ ချီသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ပြီး သူတို့၏တိရစ္ဆာန်များကို သိမ်းယူ၏။ သူတို့ကို အကြီးအကျယ်လုပ်ကြံသတ်ဖြတ်၏။ ဤသို့ဖြင့် ဒါဝိဒ်သည် ကိလမြို့သားတို့ကို ကယ်တင်လေ၏။