၁ ရာ 23:5 - မြန်မာ့စံမီသမ္မာကျမ်း5 ထို့ကြောင့် ဒါဝိဒ်သည် သူ့နောက်လိုက်တို့နှင့်အတူကိလမြို့သို့ ချီသွား၍ ဖိလိတ္တိလူမျိုးတို့ကို တိုက်ခိုက်ပြီး သူတို့၏တိရစ္ဆာန်များကို သိမ်းယူ၏။ သူတို့ကို အကြီးအကျယ်လုပ်ကြံသတ်ဖြတ်၏။ ဤသို့ဖြင့် ဒါဝိဒ်သည် ကိလမြို့သားတို့ကို ကယ်တင်လေ၏။ အခန်းကိုကြည့်ပါ။Common Language Bible5 ထို့ကြောင့်ဒါဝိဒ်နှင့်သူ၏အပေါင်းပါတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိအမျိုးသားတို့ကို တိုက်ခိုက်ကြ၏။ သူတို့သည်လူအမြောက်အမြား ကိုသတ်ဖြတ်၍သိုးနွားများကိုသိမ်းယူကြ၏။ ဤသို့လျှင်ဒါဝိဒ်သည်ကိလမြို့ကိုကယ်တင် လေသည်။ အခန်းကိုကြည့်ပါ။Garrad Bible5 အ ပေါင်း ပါ တို့ နှင့် တ ကွ ကိ လ မြို့ သို့ ဒါ ဝိဒ် ချီ သွား၍၊ ဖိ လိ တ္တိ တပ် ကို တိုက် ခိုက် ရာ အ ပြင်း အ ထန် လုပ် ကြံ လျက် တိ ရ စ္စာန် ရှိ သ မျှ ကို လက် ရ သိမ်း ယူ လေ၏။ ကိ လ မြို့ သူ မြို့ သား တို့ ကို ဒါ ဝိဒ် ထို သို့ ကယ် ဆယ် သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible5 ဒါဝိဒ်နှင့် သူ၏လူတို့သည် ကိလမြို့သို့သွား၍ ဖိလိတ္တိလူတို့နှင့်တိုက်သဖြင့်၊ ထိုသူတို့၏ တိရစ္ဆာန်များကိုယူ၍ သူတို့ကို ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် သတ်ကြ၏။ ထိုသို့ဒါဝိဒ်သည် ကိလမြို့ကို ကယ်တင်လေ၏။ အခန်းကိုကြည့်ပါ။ |