Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကော​လော​သဲ 1:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ထို့ပြင် သင်​တို့​သည် ကိုယ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံ​သော တန်ခိုး​အရှိန်အဝါ​နှင့်အညီ တန်ခိုး​တော်​ရှိသမျှ​တို့​ဖြင့် အားဖြည့်​ခြင်း​ကို​ခံရ​လျက် သည်းခံ​ခြင်း​နှင့်​စိတ်ရှည်​ခြင်း​အပြည့်အဝ​ရှိ​သဖြင့်

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11-12 သင်​တို့​သည်​အ​ရာ​ခပ်​သိမ်း​ကို​စိတ်​ရှည်​စွာ ခံ​နိုင်​ရည်​ရှိ​စေ​ရန် ဘု​ရား​သ​ခင်​၏​ဘုန်း ကြီး​သော​တန်​ခိုး​တော်​မှ​ရ​ရှိ​သည့်​စွမ်း​ရည် အ​မျိုး​မျိုး​ဖြင့်​ရပ်​တည်​နိုင်​ကြ​ပါ​စေ​သော။ ထို​မှ​တစ်​ပါး​လည်း​အ​လင်း​နိုင်​ငံ​တော်​တွင် ကိုယ်​တော်​၏​လူ​စု​တော်​အ​တွက်​လျာ​ထား သည့်​ကောင်း​ချီး​မင်္ဂ​လာ​များ​ကို သင်​တို့ အား​ခံ​စား​ထိုက်​သူ​များ​ဖြစ်​စေ​တော်​မူ သော အ​ဖ​ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် ကို​ဝမ်း​မြောက်​စွာ​ချီး​မွမ်း​နိုင်​ကြ​ပါ​စေ သော။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 စိတ် တော် နှင့် တွေ့ ကြ မည့် အ ကြောင်း ဘုန်း ကြီး သော တန် ခိုး တော် အ လျောက် ခွန် အား အ မျိုး မျိုး တိုး တက် သ ဖြင့် တည် ကြည် ခြင်း၊ စိတ် ရှည် ခြင်း နှင့် ပြည့် စုံ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ထို့ပြင် သင်တို့​သည် ကိုယ်တော်​၏ ဘုန်းတန်ခိုးတော်​နှင့်အညီ တန်ခိုးတော်​အပေါင်းတို့​ဖြင့် ခွန်အား​ဖြည့်ခံရ​သဖြင့် ဝမ်းမြောက်သော​စိတ်​ဖြင့် အလွန်​စိတ်ရှည်​စွာ အရာရာ​ကို သည်းခံနိုင်​ရန် ကျွန်ုပ်တို့​ဆုတောင်းပေးကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကော​လော​သဲ 1:11
26 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ အကျွန်ုပ်​သည် ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့် ကိုယ်တော်​၏​ဘုန်းအသရေ​တို့​ကို​တွေ့မြင်​ရ​ရန် ကိုယ်တော်​ကို သန့်ရှင်းရာဌာန​တော်​၌​ဖူးမြော်​ခဲ့​ပါ​၏​။


အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် တန်ခိုး​တော်​ဖြင့် ဘုန်းကြီး​တော်မူ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် ရန်သူ​ကို ချိုးဖဲ့ခြေမွှ​တော်မူ​၏​။


သင်​သည် ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ စိတ်အားလျော့​လျှင် သင်​၏​ခွန်အား​သည် နည်း​လိမ့်မည်​။


“​ထာဝရဘုရား​၌​သာ ဖြောင့်မတ်​ခြင်း​ရှိ​၏​။ အစွမ်းသတ္တိ​ရှိ​၏​”​ဟု ငါ့​အား ပြောဆို​ကြ​လိမ့်မည်​။ သူ​တို့​သည် ကိုယ်တော့်​ထံသို့​လာ​ကြ​လိမ့်မည်​။ ကိုယ်တော့်​ကို​အမျက်ထွက်​သော​သူ​အပေါင်း​တို့​မူကား အရှက်ကွဲ​ရ​လိမ့်မည်​။


သို့သော် သင်​တို့​အပေါ်သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​လာ​သောအခါ သင်​တို့​သည် တန်ခိုး​ကို​ရရှိ​လျက် ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်ခုလုံး​သာမက မြေကြီး​စွန်း​တိုင်အောင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


တမန်တော်​တို့​သည် နာမ​တော်​အတွက် အရှက်ခွဲ​ခြင်း​ကို​ခံထိုက်​သူ​များ​အဖြစ် မှတ်ယူ​တော်မူ​ခြင်း​ခံရ​သောကြောင့် ဝမ်းမြောက်​လျက် တရား​လွှတ်တော်​ရှေ့​မှ​ထွက်သွား​ကြ​၏။


ကောင်း​သော​အမှု​ကို ဇွဲ​လုံ့လ​ဖြင့်​ပြု​လျက် ဘုန်း​တော်၊ ဂုဏ်​တော်​နှင့် ဖောက်ပြန်​ပျက်စီး​ခြင်း​နှင့်​ကင်း​သော​အရာ​တို့​ကို​ရှာဖွေ​သော​သူ​တို့​အား ထာဝရ​အသက်​ကို ပေး​တော်မူ​လိမ့်မည်။


သတိ​ဝီရိယ​ရှိ​ကြ​လော့။ ယုံကြည်​ခြင်း​၌ ခိုင်မြဲ​စွာ​ရပ်တည်​ကြ​လော့။ ရဲစွမ်းသတ္တိ​ရှိ​ကြ​လော့။ ကြံ့ခိုင်​သန်စွမ်း​ကြ​လော့။


သို့သော် အလွန်​ထူးမြတ်​သော ဤ​တန်ခိုး​သည် ငါ​တို့​ထံမှ​မ​ဟုတ်​ဘဲ ဘုရားသခင်​ထံမှ​ဖြစ်​ကြောင်း ထင်ရှား​စေရန် ငါ​တို့​သည် ဤ​ရတနာ​ကို မြေ​အိုး​ထဲ၌​ဆောင်​ထား​ကြ​၏။


ဘုရားသခင်​သည် မိမိ​ဘုန်း​အသရေ​တော်​၏​ကြွယ်ဝ​မှု​နှင့်အညီ မိမိ​၏​ဝိညာဉ်​တော်​အားဖြင့် သင်​တို့​၏​အတွင်း​ဝိညာဉ်​လူ​ကို တန်ခိုး​နှင့်တကွ ကြံ့ခိုင်​သန်စွမ်း​စေ​တော်မူ​၍


အရာရာ​၌ စိတ်​နှိမ့်ချ​ခြင်း​နှင့်​နူးညံ့​သိမ်မွေ့​ခြင်း​အပြည့်အဝ​ရှိ​လျက် စိတ်ရှည်​စွာ​ဖြင့် ချစ်​ခြင်း​မေတ္တာ​၌ တစ်ဦး​ကို​တစ်ဦး​သည်းခံ​ကာ


နောက်ဆုံး​အနေဖြင့်​ဆို​ရ​လျှင် သခင်​ဘုရား​၌​လည်းကောင်း၊ ကိုယ်တော်​၏​အစွမ်းသတ္တိ​နှင့်ဆိုင်သော တန်ခိုး​အရှိန်အဝါ​၌​လည်းကောင်း ခွန်အား​နှင့်​ပြည့်စုံ​ကြ​လော့။


ငါ့​ကို​ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှု​တို့​ကို ငါ​တတ်စွမ်း​နိုင်​၏။


အသိပညာ​၌ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​ကို​လည်းကောင်း၊ မိမိ​ကိုယ်​ကို​ချုပ်တည်း​ခြင်း​၌ သည်းခံ​ခြင်း​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​၌ ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​ကို​လည်းကောင်း၊


ငါ​တို့​၏​ကယ်တင်ရှင်၊ တစ်ဆူတည်း​သော​ဘုရားသခင်​၌ ငါ​တို့​၏​သခင်​ယေရှု​ခရစ်တော်​အားဖြင့် ဘုန်း​အသရေ​တော်၊ အာနုဘော်​တော်၊ တန်ခိုး​အရှိန်အဝါ​နှင့် အာဏာစက်​တို့​သည် ယခင်​ကာလ​အစဉ်အဆက်၊ ယခု​ကာလ​နှင့် နောင်လာမည့်​ကာလ​အစဉ်အဆက်​ရှိ​တော်မူ​ပါစေသော။ အာမင်။


ဤ​နေရာ​တွင် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို​လည်းကောင်း၊ ယေရှု​၌​ယုံကြည်​ခြင်း​ကို​လည်းကောင်း စောင့်ထိန်း​သော သန့်ရှင်း​သူ​တို့​၏​သည်းခံ​ခြင်း​ရှိ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ