ထို့နောက် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်၏။ ထိုပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသောကြောင့် အာဗြံသည် အီဂျစ်ပြည်၌တည်းခိုနေထိုင်ရန် ဆင်းသွားလေ၏။
၂ ရာ 21:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးလက်ထက်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေး သုံးနှစ်ဆက်တိုက်ဖြစ်၏။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးက ထာဝရဘုရားထံမေးလျှောက်လျှင် ထာဝရဘုရားက “ရှောလုသည် ဂိဗောင်မြို့သားတို့ကို သတ်၍ အမျိုးအနွယ်ထဲတွင် သွေးစွန်းစေသောအပြစ်ကြောင့် ဤသို့ဖြစ်ရပြီ”ဟု မိန့်တော်မူ၏။ Common Language Bible ဒါဝိဒ်နန်းစံချိန်အတွင်း၌သုံးနှစ်ပတ်လုံး အစာငတ်မွတ်ခေါင်းပါးခြင်းဘေးကြီးဆိုက် ရောက်လာ၏။ သို့ဖြစ်၍ဒါဝိဒ်သည်ထာဝရ ဘုရားထံစုံစမ်းလျှောက်ထားရာထာဝရ ဘုရားက``ရှောလုသည်ဂိဗောင်မြို့မှလူတို့ အားကွပ်မျက်ခဲ့သည့်အတွက် သူနှင့်သူ၏ မိသားစုတွင်လူသတ်မှုအပြစ်ရှိသဖြင့် ဤဘေးဆိုးကျရောက်လာခြင်းဖြစ်၏'' ဟု မိန့်တော်မူ၏။- Garrad Bible ဒါ ဝိဒ် မင်း လက် ထက် သုံး နှစ် ပတ် လုံး အ စာ ခေါင်း ပါး ခြင်း ကပ် သင့်၍ ထာ ဝ ရ ဘု ရား ကို ဘု ရင် မင်း မေး လျှောက် ရာ ထာ ဝ ရ ဘု ရား က၊ ဂိ ဗောင် မြို့ သား တို့ ကို ကွပ် မျက် သော ရှော လု နှင့် အ ဆက် အ နွယ် တို့ အ ပေါ် တွင် အ သွေး ပြစ် တည် လျက် ရှိ သည် ဟု ဗျာ ဒိတ် ပေး တော် မူ ၏။ Judson Bible ထိုနောက် ဒါဝိဒ်လက်ထက်၌ သုံးနှစ်ပတ်လုံး အစာအာဟာရ ခေါင်းပါးခြင်းဖြစ်၍၊ ဒါဝိဒ်သည် ထာဝရဘုရားကို မေးလျှောက်လျှင်၊ ထာဝရဘုရားက၊ ဂိဗောင်လူတို့ကို သတ်သောရှောလုနှင့် လူအသက်ကိုသတ်တတ်သော ရှောလုအမျိုးကြောင့် ဤအမှုရောက်လေပြီဟု မိန့်တော်မူ၏။ |
ထို့နောက် ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်၏။ ထိုပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်းဘေးအလွန်ဆိုးရွားသောကြောင့် အာဗြံသည် အီဂျစ်ပြည်၌တည်းခိုနေထိုင်ရန် ဆင်းသွားလေ၏။
အာဗြဟံလက်ထက်၌ကျရောက်ခဲ့ဖူးသော ငတ်မွတ်ခေါင်းပါးခြင်းဘေးမဟုတ်ဘဲ ထိုပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးထပ်မံကျရောက်သည်ဖြစ်၍ ဣဇက်သည် ဖိလိတ္တိဘုရင်အဘိမလက်မင်းကြီးရှိရာဂေရာမြို့သို့ သွားလေ၏။
အပြည်ပြည်မှလူတို့သည်လည်း အစားအစာဝယ်ယူရန် အီဂျစ်ပြည်ရှိ ယောသပ်ထံသို့လာကြ၏။ အကြောင်းမူကား မြေတစ်ပြင်လုံး၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် ဆိုးရွားလှ၏။
ခါနာန်ပြည်၌လည်း ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် အစ္စရေး၏သားတို့သည် အခြားသူများနှင့်အတူ အစားအစာဝယ်ယူရန် သွားကြ၏။
ရှောလုမင်းကြီး၏အရိုက်အရာကို လုယူ၍နန်းစံပြီး ရှောလုမင်းကြီး၏အိမ်သူအိမ်သားအား သတ်သောအပြစ်ကို ထာဝရဘုရားသည် သင့်အား ပြန်ပေးဆပ်စေပြီ။ နိုင်ငံတော်ကိုလည်း သင့်သားအဗရှလုံလက်သို့ ထာဝရဘုရားအပ်တော်မူပြီ။ သင်သည် လူသတ်သမားဖြစ်သောကြောင့် သင်ပြုသောမကောင်းမှုကို သင်ပြန်ခံရတော့မည်”ဟု ကျိန်ဆဲလေ၏။
သူတို့က ရှင်ဘုရင်အား “အကျွန်ုပ်တို့လူမျိုးကို အစ္စရေးနယ်မြေတစ်ခွင်လုံးမှပပျောက်သွားအောင် ဝါးမျိုသုတ်သင်ပစ်ရန် ကြံစည်သူမှာ ဤသူပင်ဖြစ်ပါ၏။
တစ်ဖန် ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အမျက်ထွက်တော်မူ၍ ဒါဝိဒ်မင်းကြီး၏စိတ်ကိုနှိုးဆော်သဖြင့် ဒါဝိဒ်မင်းကြီးက လူတို့အား “အစ္စရေးအမျိုးသားနှင့် ယုဒအမျိုးသားတို့ကို သွား၍စာရင်းယူလော့”ဟု ဆို၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက “ဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ်ထွက်တိုက်ရမည်လော။ သူတို့ကို အကျွန်ုပ်လက်သို့ အပ်တော်မူမည်လော”ဟု ထာဝရဘုရားထံ မေးလျှောက်လျှင် ထာဝရဘုရားက ဒါဝိဒ်မင်းကြီးအား “ထွက်တိုက်လော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအမှန်အပ်မည်”ဟု မိန့်တော်မူ၏။
ဒါဝိဒ်မင်းကြီးကလည်း ထာဝရဘုရားထံမေးလျှောက်ပြန်ရာ ထာဝရဘုရားက “မျက်နှာချင်းဆိုင် မတက်နှင့်။ အနောက်ဘက်မှပတ်တက်ပြီး သူတို့ကို ပိုးစာတောရှေ့နားတွင် တိုက်ခိုက်လော့။
ဂိလဒ်ပြည်ရှိ တိရှဘိမြို့သားဧလိယက အာဟပ်မင်းကြီးအား “ငါကိုးကွယ်သော အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ ဤနှစ်များအတွင်း ငါအမိန့်မပေးဘဲ မိုးမရွာ၊ နှင်းမကျစေရ”ဟု ဆို၏။
ထို့ကြောင့် ဧလိယသည် အာဟပ်မင်းကြီးထံ ကိုယ်တိုင်သွားလေ၏။ ထိုစဉ်က ရှမာရိပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်နေ၏။
ထိုသို့ မြို့ကိုဝိုင်းထားချိန်ကြာလာသောအခါ ရှမာရိမြို့တွင်း၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကြီး ဆိုက်ရောက်ပြီး မြည်းခေါင်းတစ်ခေါင်းကို ငွေစရှစ်ဆယ်ရှယ်ကယ်၊ ခိုချေးတစ်ကက်၏လေးပုံတစ်ပုံကို ငွေစငါးရှယ်ကယ် ဖြစ်သွားလေ၏။
ထို့နောက် ဧလိရှဲက သူအသက်ပြန်ရှင်စေခဲ့သောသူငယ်၏မိခင်အား “သင်နှင့်သင့်အိမ်သူအိမ်သားတို့ ထ၍ထွက်သွားကြပါ။ သင်တည်းခိုနေထိုင်နိုင်မည့်နေရာတွင် တည်းခိုနေထိုင်ပါ။ ထာဝရဘုရားသည် ဤပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေး ဖြစ်စေမည်။ တစ်ပြည်လုံး ခုနစ်နှစ်အစာခေါင်းပါးမည်”ဟု ပြော၏။
ငါသည် ဘုရားသခင်အား ‘အကျွန်ုပ်ကို အပြစ်ရှိသည်ဟု မစီရင်ပါနှင့်။ အဘယ်ကြောင့် အကျွန်ုပ်အား စွဲချက်တင်တော်မူသည်ကို အကျွန်ုပ်အား မိန့်ဆိုတော်မူပါ။
အကျွန်ုပ်စိတ်နှလုံးက “ငါ၏မျက်နှာကိုရှာကြလော့”ဟု ကိုယ်တော်ကိုယ်စားဆိုသောအခါ အို ထာဝရဘုရား၊ ကိုယ်တော်၏မျက်နှာတော်ကို အကျွန်ုပ်ရှာပါမည်။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
အသက်အတွက် အမှီသဟဲဖြစ်သော အစားအစာကို သင်တို့ထံမှ ငါဖြတ်တောက်လိုက်သောအခါ မိန်းမဆယ်ယောက်တို့သည် မီးဖိုတစ်ခုတည်း၌ သင်တို့စားဖို့မုန့်ကို ဖုတ်၍ ထိုမုန့်ကို အချိန်အဆဖြင့်သာ သင်တို့ကို ပြန်ဝေပေးလိမ့်မည်။ သင်တို့သည်လည်း ဝလင်စွာ စားရကြလိမ့်မည်မဟုတ်။
သူသည် ယဇ်ပုရောဟိတ်ဧလာဇာရှေ့၌ ရပ်၍ ထာဝရဘုရားရှေ့တော်တွင် ယဇ်ပုရောဟိတ်က ဥရိမ်၏ဆုံးဖြတ်ချက်ကို မေးမြန်းပေးရမည်။ သူမှစ၍ သူနှင့်အတူရှိသောလူထုအပေါင်းဖြစ်သည့်အစ္စရေးအမျိုးသားအပေါင်းတို့သည် သူ၏စီရင်ဆုံးဖြတ်ချက်အတိုင်း သွားလာရမည်”ဟု မိန့်တော်မူ၏။
ယုဒအမျိုးအနွယ်ထဲမှ ဇေရ၏မြစ်၊ ဇာဗဒိ၏မြေး၊ ကာမိ၏သား အာခန်သည် ကျိန်ခြင်းခံရသောအရာကိုယူခြင်းဖြင့် အစ္စရေးလူမျိုးတို့ကို အပြစ်ကျူးလွန်ရာရောက်စေ၏။ သို့ဖြစ်၍ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို အမျက်ထွက်တော်မူ၏။
သူတို့ကို အသက်ချမ်းသာခွင့်ပေးရမည်။ သို့မဟုတ်လျှင် သူတို့နှင့်ကျိန်ဆိုထားသောကြောင့် အမျက်တော်သည် ငါတို့အပေါ် ကျရောက်လာမည်”ဟု ဆို၏။
တရားသူကြီးတို့ အုပ်စိုးသည့်ကာလတွင် အစ္စရေးပြည်၌ ငတ်မွတ်ခေါင်းပါးခြင်းဘေးကျရောက်သဖြင့် ယုဒပြည်၊ ဗက်လင်မြို့သားတစ်ဦးသည် မိမိ၏မယား၊ မိမိသားနှစ်ယောက်နှင့်အတူ မောဘပြည်သို့ သွားရောက်ခိုလှုံနေထိုင်၏။
ထိုအခါ လူတို့က ထာဝရဘုရားအား “ဤနေရာသို့ သူမရောက်လာသေးသလော”ဟု မေးလျှောက်လျှင် ထာဝရဘုရားက “ကြည့်ရှုလော့။ အထုပ်အပိုးများကြားတွင် သူပုန်းနေသည်”ဟု မိန့်တော်မူ၏။
ကိလမြို့သားတို့သည် အကျွန်ုပ်ကို သူ့လက်သို့ အပ်နှံမည်လော။ ကိုယ်တော်၏အစေအပါး ကြားသိသည့်အတိုင်း ရှောလုမင်းကြီးသည် ကိလမြို့သို့ ချီလာမည်လော။ အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်၏အစေအပါးအား ယခု သိစေပါ”ဟု လျှောက်ဆို၏။ ထာဝရဘုရားကလည်း “ချီလာလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုအခါ ဒါဝိဒ်က ထာဝရဘုရားအား “ထိုဖိလိတ္တိလူမျိုးတို့ကို အကျွန်ုပ် သွား၍တိုက်ခိုက်ရပါမည်လော”ဟု မေးလျှောက်ရာ ထာဝရဘုရားက ဒါဝိဒ်အား “ဖိလိတ္တိလူမျိုးတို့ကို သွား၍တိုက်ခိုက်ပြီး ကိလမြို့အား ကယ်တင်လော့”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဒါဝိဒ်က ထာဝရဘုရားအား ထပ်မံမေးလျှောက်ရာ ထာဝရဘုရားက “ထ၍ ကိလမြို့သို့ ချီသွားလော့။ ဖိလိတ္တိလူမျိုးတို့ကို သင့်လက်သို့ ငါအပ်မည်”ဟု မိန့်တော်မူ၏။