Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 23:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​ကို သူ့​လက်​သို့ အပ်နှံ​မည်လော​။ ကိုယ်တော်​၏​အစေအပါး ကြားသိ​သည့်​အတိုင်း ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​မည်လော​။ အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အစေအပါး​အား ယခု သိ​စေ​ပါ​”​ဟု လျှောက်ဆို​၏​။ ထာဝရဘုရား​က​လည်း “​ချီလာ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 ကိ​လ​မြို့​သား​တို့​သည်​ကျွန်​တော်​မျိုး​အား ရှော​လု​လက်​သို့​ပေး​အပ်​ကြ​ပါ​မည်​လော။ ကျွန် တော်​မျိုး​ကြား​ရ​သည့်​အ​တိုင်း ရှော​လု​သည် အ​ကယ်​ပင်​လာ​ရောက်​ပါ​မည်​လော။ အို ဣ​သ ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​အား​ဗျာ ဒိတ်​ပေး​သ​နား​တော်​မူ​ပါ'' ဟု​လျှောက်​၏။ ထာ​ဝ​ရ​ဘု​ရား​က``ရှော​လု​လာ​လိမ့်​မည်'' ဟု ဖြေ​ကြား​တော်​မူ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ကိ လ မြို့ သား တို့ သည် သူ သတ် ကွင်း သို့ အ ကျွန်ုပ် ကို အပ် မည် လော။ ကိုယ် တော့် ကျွန် ကြား ရ သည့် အ တိုင်း၊ ရှော လု မင်း ဆင်း ချီ မည် လော။ အို ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကိုယ် တော့် ကျွန် အား ဗျာ ဒိတ် ပေး သ နား တော် မူ ပါ ဟု တောင်း လျှောက် သော်၊ ဆင်း ချီ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား ဗျာ ဒိတ် ပေး တော် မူ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 ကိ​လ​မြို့​သား​တို့​သည် အ​ကျွန်ုပ်​ကို သူ၏​လက်၌​အပ်​ကြ​ပါ​လိမ့်​မည်​လော။ ကိုယ်​တော်၏ ကျွန်​ကြား​သည်​အ​တိုင်း ရှော​လု​သည် လာ​ပါ​လိမ့်​မည်​လော။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏​ကျွန်​အား အ​မိန့်​ရှိ​တော်​မူ​မည်​အ​ကြောင်း​တောင်း​ပန်​ပါ၏​ဟု မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​သည် လာ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 23:11
6 ပူးပေါင်းရင်းမြစ်များ  

ဆင်းရဲဒုက္ခ​ရောက်​သော​ကာလ​၌ ငါ့​ကို​ခေါ်​လော့​။ ငါ​သည် သင့်​ကို​ကယ်မ​မည်​။ သင်​သည်​လည်း ငါ့​ကို​ဂုဏ်ပြုချီးမွမ်း​လိမ့်မည်​။​”


ထာဝရဘုရား​သည် ငါ့​အား ဖော်ပြ​တော်မူ​သောကြောင့် ငါ​သိ​ရ​၏​။ သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ့​အား ပြ​တော်မူ​ပြီ​။


‘ငါ့​ကို​ခေါ်​လော့​။ ငါ​ထူး​မည်​။ သင်​မ​သိ နား​မ​လည်​နိုင်​သော ကြီးမြတ်​သော​အရာ​၊ ကွယ်ဝှက်​ထား​သော​အရာ​တို့​ကို သင့်​အား​ပြောပြ​မည်’​ဟု မိန့်​တော်မူ​၏​။


ထို့နောက် ဒါဝိဒ်​က “​အစ္စရေး​လူမျိုး​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​ကြောင့် ရှောလု​မင်းကြီး​သည် ကိလ​မြို့​သို့ ချီလာ​၍ မြို့​ကို​ဖျက်ဆီး​ရန် ကြံစည်​နေ​သည်​ကို ကိုယ်တော်​၏​အစေအပါး ကြားသိ​ရ​ပါ​၏​။


ထိုအခါ ဒါဝိဒ်​က “​ကိလ​မြို့သား​တို့​သည် အကျွန်ုပ်​နှင့် အကျွန်ုပ်​၏​နောက်လိုက်​တို့​ကို ရှောလု​မင်းကြီး​လက်​သို့ အပ်နှံ​ကြ​မည်လော​”​ဟု မေး​ရာ ထာဝရဘုရား​က “​အပ်နှံ​ကြ​လိမ့်မည်​”​ဟု မိန့်​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ