ယာကုပ်သည် သူတို့ကိုမြင်သောအခါ “ဤနေရာသည် ဘုရားသခင်၏တပ်စခန်းဖြစ်၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို မဟာနိမ် ဟုခေါ်၏။
၂ ရာ 2:8 - မြန်မာ့စံမီသမ္မာကျမ်း ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။ Common Language Bible ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။- Garrad Bible ရှော လု မင်း၏ ဗိုလ် ချုပ် ဖြစ် ခဲ့ သူ၊ နေ ရ သား အာ ဗ နာ မူ ကား၊ ရှော လု မင်း သား တော် ဣ ရှ ဗော ရှက် ကို မ ဟာ နိမ် မြို့ သို့ ကူး သွား စေ ပြီး လျှင် Judson Bible သို့ရာတွင် ရှောလု၏ဗိုလ်ချုပ်မင်းနေရသား အာဗနာသည်၊ ရှောလုသား ဣရှဗောရှက်ကိုယူ၍ မဟာနိမ်မြို့သို့ ဆောင်သွားပြီးလျှင်၊ |
ယာကုပ်သည် သူတို့ကိုမြင်သောအခါ “ဤနေရာသည် ဘုရားသခင်၏တပ်စခန်းဖြစ်၏”ဟု ဆိုလျက် ထိုအရပ်၏အမည်ကို မဟာနိမ် ဟုခေါ်၏။
ထို့နောက် ယာကုပ်သည် စိရပြည်၊ ဧဒုံအရပ်ရှိ မိမိအစ်ကိုဧသောထံသို့ စေတမန်တို့ကို ရှေ့ပြေးအဖြစ်စေလွှတ်၍
ထို့နောက် ဒါဝိဒ်မင်းကြီးသည် မဟာနိမ်မြို့သို့ ထွက်သွား၏။ အဗရှလုံသည်လည်း သူ့နောက်လိုက်အစ္စရေးလူအပေါင်းတို့နှင့်အတူ ဂျော်ဒန်မြစ်ကို ဖြတ်ကူးလာကြ၏။
ထို့နောက် အာဗနာနှင့် သူ့လူတို့သည် တစ်ညလုံး အရာဗလွင်ပြင်တစ်လျှောက် ချီတက်သွားပြီး ဂျော်ဒန်မြစ်ကိုဖြတ်ကာ ဗိသရုန်ပြည်တစ်လျှောက်ဖြတ်ပြီးနောက် မဟာနိမ်မြို့သို့ ပြန်ရောက်ကြ၏။
သင်တို့၏အရှင်ရှောလုမင်းကြီး အနိစ္စရောက်လေပြီ၊ ယုဒအမျိုးအနွယ်သည်လည်း ငါ့ကို ရှင်ဘုရင်အဖြစ် ဘိသိက်ပေးကြပြီဖြစ်သောကြောင့် အားယူ၍ရဲရင့်ခြင်း ရှိကြလော့”ဟု မှာကြားလိုက်လေ၏။
ရှင်ဘုရင်က သူ့အစေအပါးတို့အား “ယနေ့တွင် အစ္စရေးလူမျိုးတို့၌ ကြီးမြတ်သောအကြီးအကဲတစ်ဦးကျဆုံးသွားသည်ကို သင်တို့မသိကြသလော။
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့ စစ်ဖြစ်နေစဉ်ကာလတွင် အာဗနာသည် ရှောလုမင်းကြီးအမျိုးအနွယ်ထဲ၌ သြဇာအာဏာကြီးသူဖြစ်အောင် ကြိုးစားလေ၏။
ယခင်က ရှောလုအိမ်တော်သားအပေါ် သစ္စာစောင့်သိသူ ဗင်္ယာမိန်အနွယ် ရှောလု၏ဆွေမျိုးသားချင်း အယောက်သုံးထောင်၊
ဧဖရိမ်အမျိုးသားတွင် သူတို့ဘိုးဘေးတို့၏အိမ်ထောင်စုထဲမှ နာမည်ကျော်စောပြီး ရဲစွမ်းသတ္တိထက်မြက်သူစစ်သူရဲ အယောက်နှစ်သောင်းရှစ်ရာ၊
နေရသည် သားကိရှကိုရ၏။ ကိရှသည် သားရှောလုကိုရ၏။ ရှောလုသည် သားယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလ တို့ကိုရ၏။
နေရသည် သားကိရှကိုရ၏။ ကိရှသည် သားရှောလုကိုရ၏။ ရှောလုသည် သားယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလ တို့ကိုရ၏။
ဂဒ်အမျိုးအနွယ်ရသောအမွေမြေထဲမှ ဂိလဒ်ပြည်၊ ရာမုတ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊ မဟာနိမ်မြို့နှင့် ဝန်းကျင်ရှိစားကျက်မြေများ၊
ရှောလုမင်းကြီး၏မိဖုရားမှာ အဟိမတ်၏သမီး အဟိနောင်ဖြစ်၏။ သူ၏စစ်သူကြီးမှာ သူ့ဘထွေးနေရ၏သား အာဗနာဖြစ်၏။
ဖိလိတ္တိလူစွမ်းကောင်းကို တိုက်ခိုက်ရန် ထွက်သွားသောဒါဝိဒ်ကို ရှောလုမင်းကြီးကြည့်ပြီး စစ်သူကြီးအာဗနာအား “အာဗနာ၊ ဤလူငယ်သည် မည်သူ့သားနည်း”ဟု မေးလျှင် အာဗနာက “အရှင်မင်းကြီး အသက်ရှင်တော်မူသည်နှင့်အညီ အကျွန်ုပ်မသိပါ”ဟု လျှောက်၏။
စစ်သည်များနှင့် နေရ၏သားအာဗနာကို အော်ခေါ်ပြီး “အို အာဗနာ၊ ငါ့ကို သင်မထူးသလော”ဟု မေးလျှင် အာဗနာက “ရှင်ဘုရင်ကို အော်ခေါ်နေသောသူကား မည်သူနည်း”ဟု ပြန်ပြော၏။