Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 14:50 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

50 ရှောလု​မင်းကြီး​၏​မိဖုရား​မှာ အဟိမတ်​၏​သမီး အဟိနောင်​ဖြစ်​၏​။ သူ​၏​စစ်သူကြီး​မှာ သူ့​ဘထွေး​နေရ​၏​သား အာဗနာ​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

50 သူ​၏​ကြင်​ယာ​တော်​ကား​အ​ဟိ​မတ်​၏​သ​မီး အ​ဟိ​နောင်​ဖြစ်​၏။ သူ​၏​စစ်​သေ​နာ​ပ​တိ​မှာ ဦး​ရီး​တော်​နေ​ရ​၏​သား​အာ​ဗ​နာ​ဖြစ်​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

50 မိ ဖု ရား ကား၊ အ ဟိ မတ် သ မီး အ ဟိ နောင် တည်း။ ဗိုလ် ချုပ် ကား ဘ ထွေး တော် နေ ရ သား အာ ဗ နာ တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

50 မြောက်​သား​တော်​ကား အ​ဟိ​မတ်၏​သ​မီး အ​ဟိ​နောင်​တည်း။ ဗိုလ်​ချုပ်​မင်း​ကား၊ ဘ​ထွေး​တော်​နေ​ရ​သား အာ​ဗ​နာ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 14:50
9 ပူးပေါင်းရင်းမြစ်များ  

ရှောလု​မင်းကြီး​၏​စစ်သူကြီး​၊ နေရ​၏​သား အာဗနာ​ကား ရှောလု​မင်းကြီး​၏​သား ဣရှဗောရှက်​ကို​ခေါ်​၍ မဟာနိမ်​မြို့​သို့ သူ့​ကို ဆောင်သွား​လေ​၏​။


ဟေဗြုန်​မြို့​သို့ အာဗနာ​ပြန်ရောက်​လာ​သောအခါ ယွာဘ​က သူ့​အား သီးခြား​စကားပြော​လို​သည်​ဟု ဆို​၍ သူ့​ကို​မြို့​တံခါး​အတွင်း​သို့ ခေါ်သွား​ပြီးလျှင် သူ့​ဗိုက်​ကို ဓား​နှင့်​ထိုး​လိုက်​လေ​၏​။ ယွာဘ​ညီ အာသဟေလ​ကို သတ်​သော​သွေးကြွေး​အတွက် အာဗနာ​သေ​ရ​လေ​၏​။


ရှင်ဘုရင်​က သူ့​အစေအပါး​တို့​အား “​ယနေ့​တွင် အစ္စရေး​လူမျိုး​တို့​၌ ကြီးမြတ်​သော​အကြီးအကဲ​တစ်​ဦး​ကျဆုံး​သွား​သည်​ကို သင်​တို့​မ​သိ​ကြ​သလော​။


ရှောလု​မင်းကြီး​အမျိုးအနွယ်​နှင့် ဒါဝိဒ်​မင်းကြီး​အမျိုးအနွယ်​တို့ စစ်​ဖြစ်​နေစဉ်​ကာလ​တွင် အာဗနာ​သည် ရှောလု​မင်းကြီး​အမျိုးအနွယ်​ထဲ၌ သြဇာအာဏာ​ကြီးသူ​ဖြစ်​အောင် ကြိုးစား​လေ​၏​။


စိတ်အာရုံရသူ​ရှမွေလ​၊ ကိရှ​၏​သား​ရှောလု​၊ နေရ​၏​သား​အာဗနာ​၊ ဇေရုယာ​၏​သား​ယွာဘ​တို့ ဆက်ကပ်​ထား​သော​ပစ္စည်း​အားလုံး​အပါအဝင် လူ​တို့​ဆက်ကပ်​ထား​သော​ပစ္စည်း​မှန်သမျှ​တို့​ကို ရှေလောမိတ်​နှင့် သူ့​ညီအစ်ကို​တို့ စောင့်ကြပ်​ရ​၏​။


ဂိလဒ်​ပြည်​ရှိ​ကျန်​မနာရှေ​အမျိုး​တစ်ဝက်​တွင် ဇာခရိ​၏​သား​ဣဒေါ​၊ ဗင်္ယာမိန်​အမျိုး​တွင် အာဗနာ​၏​သား​ယာသေလ​၊


ထို့နောက်မှ ရှောလု​၏​ဘထွေး​က ရှောလု​နှင့်​သူ​၏​ငယ်သား​တို့​အား “​သင်​တို့​သည် မည်သည့်​အရပ်​သို့ ရောက်​ခဲ့​သနည်း​”​ဟု မေး​လျှင် ရှောလု​က “​အကျွန်ုပ်​တို့​သည် မြည်း​တို့​ကို​လိုက်ရှာ​၍ မ​တွေ့​သောအခါ ရှမွေလ​ထံသို့​သွား​ကြ​ပါ​၏​”​ဟု ဖြေကြား​၏​။


ဖိလိတ္တိ​လူစွမ်းကောင်း​ကို တိုက်ခိုက်​ရန် ထွက်သွား​သော​ဒါဝိဒ်​ကို ရှောလု​မင်းကြီး​ကြည့်​ပြီး စစ်သူကြီး​အာဗနာ​အား “​အာဗနာ​၊ ဤ​လူငယ်​သည် မည်သူ့​သား​နည်း​”​ဟု မေး​လျှင် အာဗနာ​က “​အရှင်မင်းကြီး အသက်ရှင်​တော်မူ​သည်​နှင့်အညီ အကျွန်ုပ်​မ​သိ​ပါ​”​ဟု လျှောက်​၏​။


ထိုအခါ ဒါဝိဒ်​သည် ထ​၍ ရှောလု​မင်းကြီး စခန်းချ​ရာ​နေရာ​သို့​သွား​လျှင် ရှောလု​မင်းကြီး​နှင့် သူ​၏​စစ်သူကြီး​ဖြစ်​သော နေရ​၏​သား​အာဗနာ​တို့ အိပ်​သော​နေရာ​ကို တွေ့​လေ​၏​။ ရှောလု​မင်းကြီး​သည် တပ်သား​များ​ဝိုင်းရံ​ထား​သော​တပ်စခန်း​ထဲ​၌ အိပ်​နေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ