ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
၂ ရာ 2:7 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏အရှင်ရှောလုမင်းကြီး အနိစ္စရောက်လေပြီ၊ ယုဒအမျိုးအနွယ်သည်လည်း ငါ့ကို ရှင်ဘုရင်အဖြစ် ဘိသိက်ပေးကြပြီဖြစ်သောကြောင့် အားယူ၍ရဲရင့်ခြင်း ရှိကြလော့”ဟု မှာကြားလိုက်လေ၏။ Common Language Bible သင်တို့သည်အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြ လော့။ သင်တို့ဘုရင်ရှောလုသည်ကွယ်လွန်သွား ပြီဖြစ်၍ ယုဒပြည်သားတို့ကငါ့အားသူ တို့၏ဘုရင်အဖြစ်ဘိသိက်ပေးကြလေပြီ'' ဟုအမှာစာရေးသားပေးပို့လိုက်၏။ Garrad Bible ယ ခု မှာ သင် တို့ အ ရှင် ရှော လု မင်း ကွယ် လွန် သော် လည်း လက် ရုံး ရည် နှင့် ရဲ ရင့် ခြင်း ရှိ ကြ လော့။ ယု ဒ အ နွယ် သား တို့ က ကိုယ့် အ ပေါ် တွင် ငါ့ ကို ရာ ဇ ဘိ သိက် ဖြင့် ချီး မြှင့် ကြ ပြီ ဟူ သော အ မိန့် တော် နှင့် ၎င်း မြို့ သား တို့ ထံ တ မန် တို့ ကို စေ လွှတ် လေ ၏။ Judson Bible ယခုမှာ အားယူ၍ ရဲရင့်ခြင်းသတ္တိ ရှိကြလော့။ သင်တို့အရှင်ရှောလု သေပြီ။ ယုဒအမျိုးသားတို့သည် ဘိသိက်ပေးသဖြင့် ငါ့ကိုရှင်ဘုရင်အရာ၌ ချီးမြှောက်ကြပြီဟု မှာလိုက်လေ၏။ |
ဤအရာများဖြစ်ပြီးသည့်နောက် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် စိတ်အာရုံအားဖြင့် အာဗြံထံသို့ရောက်လာ၍ “အာဗြံ၊ မကြောက်နှင့်။ ငါသည် သင်၏ဒိုင်းလွှားဖြစ်၏။ သင်ရရှိမည့်ဆုလာဘ်သည် အလွန်ကြီးမား၏”ဟု မိန့်တော်မူ၏။
အားယူကြလော့။ ငါတို့လူမျိုးအတွက်၊ ငါတို့ဘုရားသခင်၏မြို့တော်အတွက် ငါတို့ရဲရင့်စွာတိုက်ကြစို့။ ထာဝရဘုရားသည် အလိုတော်ရှိသည့်အတိုင်း လုပ်ဆောင်ပေးတော်မူလိမ့်မည်”ဟု အားပေးစကားဆို၏။
သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
အစ္စရေးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ရှင်ဘုရင်ရှိရာ ဟေဗြုန်မြို့သို့ ရောက်လာကြ၏။ ဟေဗြုန်မြို့တွင် ဒါဝိဒ်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌ သူတို့နှင့် ကတိသစ္စာပြုပြီးလျှင် သူတို့သည်လည်း ဒါဝိဒ်ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးကြ၏။
ထို့နောက် ယဇ်ပုရောဟိတ်သည် ဘုရင့်သားတော်ကို ထုတ်ဆောင်လာ၍ သရဖူနှင့်တကွ ကတိဝန်ခံလွှာကို အပ်နှင်း၏။ လူတို့သည်လည်း သူ့အား ဘိသိက်ပေးမင်းမြှောက်လိုက်ကြ၏။ သူတို့သည် လက်ခုပ်ဩဘာပေးလျက် “မင်းကြီး သက်တော်ရှည်ပါစေ”ဟု ကြွေးကြော်ကြ၏။
ထို့ပြင် ဘုရားသခင်သည် ငါနှင့်အတူရှိ၍ ကျေးဇူးပြုတော်မူကြောင်းနှင့် ငါ့အား ရှင်ဘုရင် ပြောခဲ့သောစကားများကို သူတို့အားပြောပြသောအခါ သူတို့က “ငါတို့ ထ၍တည်ဆောက်ကြစို့”ဟု ဆိုလျက် ထိုကောင်းသောအမှုကို အားတက်သရော စတင်လုပ်ဆောင်ကြ၏။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် သခင်ဘုရား၌လည်းကောင်း၊ ကိုယ်တော်၏အစွမ်းသတ္တိနှင့်ဆိုင်သော တန်ခိုးအရှိန်အဝါ၌လည်းကောင်း ခွန်အားနှင့်ပြည့်စုံကြလော့။
စစ်သူရဲတစ်ယောက်မကျန်ထ၍ ညတွင်းချင်းအရောက်ချီသွားကြပြီး ဗက်ရှန်မြို့ရိုး၌ချိတ်ထားသော ရှောလုမင်းကြီးအလောင်းနှင့်သူ့သားတို့၏အလောင်းများကို ဖြုတ်ယူပြီးလျှင် ယာဗက်မြို့သို့ယူဆောင်လာကာ ထိုမြို့တွင် မီးသင်္ဂြိုဟ်လိုက်ကြ၏။
အစ္စရေးအမျိုးသားများ ထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များလည်း ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်တစ်ဖက်ခြမ်းနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းတို့၌နေသော အစ္စရေးအမျိုးသားတို့ သိမြင်လျှင် သူတို့သည်လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။
အို ဖိလိတ္တိလူမျိုးတို့၊ အားယူကြလော့။ ယောက်ျားပီသကြလော့။ သို့မဟုတ်လျှင် ဟေဗြဲလူမျိုးတို့သည် သင်တို့ထံ၌ ကျွန်ခံခဲ့ရသကဲ့သို့ သင်တို့သည် သူတို့ထံ ကျွန်ပြန်ခံရမည်။ ထို့ကြောင့် ယောက်ျားပီပီ တိုက်ကြလော့”ဟု ပြောဆိုကြပြီး