၂ ရာ 2:6 - မြန်မာ့စံမီသမ္မာကျမ်း6 သင်တို့ပြုသော ဤအမှုကြောင့် ထာဝရဘုရားသည် မေတ္တာကရုဏာနှင့် သမ္မာတရားကို သင်တို့အား ပြတော်မူပါစေသော။ ငါသည်လည်း သင်တို့ကို ကျေးဇူးပြုပါမည်။ အခန်းကိုကြည့်ပါ။Common Language Bible6 ထာဝရဘုရားသည်သင်တို့အားသစ္စာ ကရုဏာထားတော်မူပါစေသော။ သင်တို့ ပြုခဲ့သည့်အမှုအတွက်ငါသည်လည်းသင် တို့အားကျေးဇူးပြုမည်။- အခန်းကိုကြည့်ပါ။Garrad Bible6 ထာ ဝ ရ ဘု ရား သည် မေ တ္တာ ကျေး ဇူး နှင့် သ စ္စာ တော် အ တိုင်း သင် တို့၌ ပြု တော် မူ ပါ စေ သော။ ငါ လည်း ထို သို့ ပြု ကြ သော ကောင်း မှု ကြောင့် ကျေး ဇူး အ ထူး ပြု လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible6 ထာဝရဘုရားသည် သင်တို့၌ ကရုဏာကျေးဇူး၊ သစ္စာကျေးဇူးပြုတော်မူပါစေသော။ သင်တို့သည် ဤအမှုကိုပြုသောကြောင့် သင်တို့ကျေးဇူးကို ငါလည်းဆပ်မည်။ အခန်းကိုကြည့်ပါ။ |
ဒါဝိဒ်မင်းကြီးကလည်း “ဟာနုန်၏ခမည်းတော် နာဟတ်မင်းကြီးသည် ငါ့အား မေတ္တာပြခဲ့ဖူးသည့်နည်းတူ ငါသည်လည်း ယခု နာဟတ်သားဟာနုန်အား မေတ္တာကရုဏာပြရမည်”ဟု မိန့်ဆိုလျက် ဒါဝိဒ်မင်းကြီးသည် ဟာနုန်၏ခမည်းတော်အနိစ္စရောက်သည်ကို အကြောင်းပြု၍ သူ့ကိုနှစ်သိမ့်ပေးရန် မိမိအမှုထမ်းတို့ကို စေလွှတ်လိုက်၏။ ဒါဝိဒ်မင်းကြီး၏အစေအပါးတို့သည် အမ္မုန်အမျိုးသားတို့၏ပြည်သို့ရောက်သောအခါ