ထို့ပြင် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဇာဒုတ်အား “သင်သည် စိတ်အာရုံမြင်ရသူ မဟုတ်လော။ သင်တို့နှင့်အတူရှိနေသော သင့်သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်တို့နှစ်ဦးကိုခေါ်ပြီး မြို့ထဲသို့ အေးအေးချမ်းချမ်းပြန်သွားလော့။
၂ ရာ 15:24 - မြန်မာ့စံမီသမ္မာကျမ်း ဇာဒုတ်နှင့် ဘုရားသခင်၏ပဋိညာဉ်သေတ္တာတော်ကို ထမ်းရသောလေဝိအမျိုးသားအပေါင်းတို့သည်လည်း သူနှင့်အတူလိုက်ပါလာကြ၏။ သူတို့သည် ဘုရားသခင်၏သေတ္တာတော်ကို ချထားကြ၏။ အဗျာသာသည်လည်း လူအပေါင်းတို့ မြို့ထဲမှထွက်ခွာသွားပြီးချိန်ထိ ယဇ်ပူဇော်လျက်နေ၏။ Common Language Bible ယဇ်ပုရောဟိတ်ဇာဒုတ်နှင့်ပဋိညာဉ်သေတ္တာ တော်ကိုပင့်ဆောင်သောလေဝိအနွယ်ဝင်တို့ သည်ပါလာကြ၏။ သူတို့သည်ပဋိညာဉ် သေတ္တာတော်ကိုချထား၍ လူအပေါင်းတို့ မြို့မှထွက်ခွာပြီးချိန်တိုင်အောင်စောင့်နေ ကြ၏။ သူတို့အထဲတွင်အဗျာသာလည်း ပါ၏။- Garrad Bible ဇာ ဒုတ် လည်း ဘု ရား သ ခင့် ပ ဋိ ညာဉ် တော် သေ တ္တာ ကို ထမ်း ဆောင် လျက် ရှိ သော လေ ဝိ ဂိုဏ်း သား အ ပေါင်း တို့ ပါ ဆိုက် ရောက် ကြ၏။ မြို့ တွင်း မှ တပ် တော် သား တို့ ထွက်၍ မ ကုန် မ ချင်း သေ တ္တာ တော် ကို ချ ထား ခိုက် အ ဗျာ သာ တက် သွား ၏။ Judson Bible ဇာဒုတ်နှင့် လေဝိလူအပေါင်းတို့သည်လည်း ဘုရားသခင်၏ ပဋိညာဉ်သေတ္တာတော်ကို ထမ်းလျက်ရောက်လာ၍ သေတ္တာတော်ကို ချထားကြ၏။ လူအပေါင်းတို့သည် မြို့ထဲကထွက်၍ မကုန်မီတိုင်အောင် အဗျာသာသည် ယဇ်ပူဇော်လျက်နေ၏။ |
ထို့ပြင် ရှင်ဘုရင်က ယဇ်ပုရောဟိတ်ဇာဒုတ်အား “သင်သည် စိတ်အာရုံမြင်ရသူ မဟုတ်လော။ သင်တို့နှင့်အတူရှိနေသော သင့်သား အဟိမတ်နှင့် အဗျာသာ၏သား ယောနသန်တို့နှစ်ဦးကိုခေါ်ပြီး မြို့ထဲသို့ အေးအေးချမ်းချမ်းပြန်သွားလော့။
ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာတို့လည်း ထိုမြို့၌ သင်နှင့်အတူရှိသည်မဟုတ်လော။ နန်းတွင်းမှ တစ်စုံတစ်ရာကိုကြားသိလျှင် ယဇ်ပုရောဟိတ် ဇာဒုတ်နှင့် အဗျာသာကို သင်ပြောပြရမည်။
ထာဝရဘုရား၏သေတ္တာတော်ကို သယ်ဆောင်သွားသူတို့သည် ခြေလှမ်းခြောက်လှမ်းအရောက်တွင် နွားထီးတစ်ကောင်နှင့် ဆူဖြိုးသောနွားသငယ်တစ်ကောင်ကို ပူဇော်ကြ၏။
အဟိတုပ်၏သား ဇာဒုတ်နှင့် အဗျာသာ၏သား အဟိမလက်တို့ကား ယဇ်ပုရောဟိတ်များ၊ စရာယကား စာရေးတော်ကြီး၊
သို့သော် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ယောယဒ၏သားဗေနာယ၊ ပရောဖက်နာသန်၊ ရှိမိ၊ ရေဣနှင့် ဒါဝိဒ်မင်းကြီး၏စစ်သူရဲတို့ကား အဒေါနိယဘက်၌ မနေကြပေ။
ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင်
ထို့နောက် ရှင်ဘုရင်သည် ယောယဒ၏သားဗေနာယကို ယွာဘ၏နေရာတွင် စစ်တပ်ကို အုပ်ချုပ်စေ၏။ ယဇ်ပုရောဟိတ်ဇာဒုတ်ကိုလည်း အဗျာသာနေရာ၌ ခန့်ထားလေ၏။
ဒါဝိဒ်မင်းကြီးက “လေဝိအမျိုးမှလွဲ၍ မည်သူမျှ ဘုရားသခင်၏သေတ္တာတော်ကို မထမ်းရ။ အကြောင်းမူကား ထာဝရဘုရား၏သေတ္တာတော်ကိုထမ်းရန်နှင့် အမှုတော်ကိုအစဉ်ဆောင်ရွက်ရန် သူတို့ကို ထာဝရဘုရား ရွေးချယ်တော်မူပြီ”ဟု မိန့်ဆို၏။
ဤမြေသည် သန့်ရှင်းသောယဇ်ပုရောဟိတ်များဖြစ်သော ငါ့အမှုထမ်းဇာဒုတ်၏ သားမြေးတို့အဖို့ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ လမ်းလွဲသောအခါ လေဝိအမျိုးတို့လမ်းလွဲသွားသကဲ့သို့ လမ်းမလွဲကြ။
တပ်စခန်းရွှေ့ပြောင်းချိန်ရောက်၍ အာရုန်နှင့် သူ၏သားတို့သည် သန့်ရှင်းရာဌာနနှင့် သန့်ရှင်းရာဌာန၏တန်ဆာပလာရှိသမျှတို့ကို ဖုံးအုပ်ပြီးနောက်တွင် ကောဟတ်သားမြေးတို့သည် ၎င်းတို့ကို လာ၍သယ်ဆောင်ရမည်။ သူတို့သည် သန့်ရှင်းသောအရာကို မထိရ။ ထိမိလျှင် သေကြရလိမ့်မည်။ ဤသည်ကား တွေ့ဆုံစည်းဝေးရာတဲတော်၌ ကောဟတ်သားမြေးတို့ ဆောင်ရွက်ရသောအမှုဖြစ်၏။
ကောဟတ်သားမြေးတို့ကိုမူကား မပေးအပ်ချေ။ အကြောင်းမှာ သူတို့သည် သန့်ရှင်းသောအရာတို့ကို တာဝန်ယူရ၍ ၎င်းတို့ကို ပခုံးဖြင့် ထမ်းရသောကြောင့်ဖြစ်၏။
လူအပေါင်းတို့အား “သင်တို့သည် သင်တို့၏ဘုရားသခင်ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်နှင့် သေတ္တာတော်ကိုသယ်ဆောင်သောလေဝိအမျိုးသားယဇ်ပုရောဟိတ်တို့ကို မြင်သောအခါ ကိုယ့်နေရာမှထွက်၍ သေတ္တာတော်နောက်သို့လိုက်ကြရမည်။
တစ်ဖန် ယောရှုက ယဇ်ပုရောဟိတ်တို့အား “ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြလော့”ဟု ဆိုသဖြင့် သူတို့သည် ပဋိညာဉ်သေတ္တာတော်ကိုထမ်း၍ လူတို့ရှေ့မှကူးသွားကြ၏။
ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သေတ္တာတော်ရှေ့မှနေ၍ သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်သွားရမည်။ ခုနစ်ရက်မြောက်သောနေ့တွင် မြို့ကို ခုနစ်ပတ်လှည့်ပတ်ရမည်။ တံပိုးကိုမှုတ်ရမည်။
နုန်၏သားယောရှုသည် ယဇ်ပုရောဟိတ်တို့ကိုခေါ်၍ “သင်တို့သည် ပဋိညာဉ်သေတ္တာတော်ကို ထမ်းသွားရမည်။ သင်တို့တွင် ယဇ်ပုရောဟိတ်ခုနစ်ပါးတို့သည် သိုးချိုတံပိုးခုနစ်ခုကို ကိုင်ဆောင်၍ ထာဝရဘုရား၏သေတ္တာတော်ရှေ့မှ သွားရမည်”ဟု မှာကြားလေ၏။
သို့သော် အဗျာသာ ဟုခေါ်သော အဟိတုပ်၏မြေး၊ အဟိမလက်၏သားတစ်ယောက်သည် လွတ်မြောက်၍ ဒါဝိဒ်ထံ ပြေးသွား၏။
ဘုရားသခင်၏သေတ္တာတော်သည် ရန်သူ့လက်သို့ပါသွားပြီး ဧလိ၏သားနှစ်ဦးဖြစ်သော ဟောဖနိနှင့်ဖိနဟတ်တို့လည်း ကျဆုံးလေ၏။