၃ ရာ 2:26 - မြန်မာ့စံမီသမ္မာကျမ်း26 ထို့ပြင် ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်က “သင့်မြေရှိရာ အာနသုတ်မြို့ကို ပြန်သွားပါ။ သင်သည်လည်း သေသင့်သောသူဖြစ်၏။ သို့သော် သင်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရှေ့တော်တွင် ဘုရားရှင်ထာဝရဘုရား၏သေတ္တာတော်ကို ထမ်းရသူ၊ ခမည်းတော်ခံရသောဒုက္ခဆင်းရဲအပေါင်းကို မျှဝေခံစားပေးခဲ့သူဖြစ်သောကြောင့် ယနေ့တွင် သင့်ကို ငါမသတ်”ဟု မိန့်ဆိုပြီးနောက်တွင် အခန်းကိုကြည့်ပါ။Common Language Bible26 ထို့နောက်ရှောလမုန်မင်းသည် ယဇ်ပုရောဟိတ် အဗျာသာအား``အာနသုတ်မြို့ရှိသင်၏ ကျေးလက်နေအိမ်သို့သွားလော့။ သင်သည် သေဒဏ်ခံထိုက်သူဖြစ်ပေသည်။ သို့ရာတွင် သင်သည်ငါ၏ခမည်းတော်ဒါဝိဒ်လက်ထက်၌ ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ကို တာဝန်ယူစောင့်ထိန်းရသူ၊ မင်းကြီးနှင့်အတူ ဆင်းရဲဒုက္ခအပေါင်းကိုခံခဲ့သူဖြစ်သဖြင့် ယခုသင့်အားငါမသတ်လိုပြီ'' ဟု မိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible26 ပ ရော ဟိတ် အ ဗျာ သာ အား ဘု ရင် မင်း က သင် သည် သေ ဒဏ် ခံ ထိုက် သော် လည်း အ ရှင် ထာ ဝ ရ ဘု ရား ၏ သေ တ္တာ တော် ကို ခ မည်း တော် ဒါ ဝိဒ် မင်း ရှေ့ ပင့် ဆောင် သည့် ပြင် ခ မည်း တော် ဆင်း ရဲ ရောက် လေ ရာ ရာ သင် ပါ ဆင်း ရဲ ခံ ခဲ့ သည် ကို ထောက် ၍ ယ ခု ချမ်း သာ ပေး မည်။ အာ န သုတ် မြို့ ရှိ သင့် ပိုင် မြေ သို့ သွား နေ လော့ ဟု မိန့် ဆို ရာ ၌ အခန်းကိုကြည့်ပါ။Judson Bible26 ယဇ်ပုရောဟိတ်အဗျာသာကိုလည်း ရှင်ဘုရင်ခေါ်၍၊ သင်သည် အာနသုတ်မြို့၊ သင်ပိုင်သောမြေသို့ သွားလော့။ သင်သည် အသေခံထိုက်သော်လည်း ယခုငါမစီရင်။ အကြောင်းမူကား၊ ထာဝရအရှင်ဘုရားသခင်၏ သေတ္တာတော်ကို ငါ့ခမည်းတော်ဒါဝိဒ်ရှေ့မှာ ထမ်းလေပြီ။ ငါ့ခမည်းတော်ဆင်းရဲခံလေရာရာ၌ သင်သည် ဆင်းရဲခံလေပြီဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |