ထိုအခါ ဒါဝိဒ်မင်းကြီးက တမန်အား “သင်သည် ယွာဘအား ‘ဤအမှုကား ဆိုးလှသည်ဟု သင်မမြင်နှင့်။ ဓားသည် တစ်ယောက်မဟုတ်တစ်ယောက် ဝါးမျိုတတ်၏။ မြို့ကိုသာ ဖိတိုက်ပြီး ဖျက်ဆီးပစ်ပါ’ဟု ပြန်ပြောလော့။ သူ့ကိုလည်း အားပေးလော့”ဟု ဆို၏။
၂ ရာ 14:14 - မြန်မာ့စံမီသမ္မာကျမ်း စင်စစ် အကျွန်ုပ်တို့သည် သေတတ်သောအမျိုးဖြစ်ကြပါ၏။ မြေပေါ်သွန်ပြီးမှ ပြန်ယူ၍မရသောရေနှင့်တူကြပါ၏။ ဘုရားသခင်မူကား အသက်တစ်ချောင်းကိုပင် မသေစေလိုပါ။ ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသောသူကို အပယ်ခံမဖြစ်စေလိုသဖြင့် နည်းလမ်းရှာဖွေတော်မူတတ်ပါ၏။ Common Language Bible ကျွန်တော်မတို့အားလုံးပင်သေရကြမည့် သူများဖြစ်ပါ၏။ ကျွန်တော်မတို့သည်မြေ ပေါ်သို့ဖိတ်ကျသွားသောရေနှင့်တူပါ၏။ ယင်းရေကိုနောက်တစ်ဖန်ကျုံး၍မယူနိုင် တော့ပါ။ ဘုရားသခင်ပင်လျှင်သေသူကို ပြန်၍ရှင်စေတော်မမူပါ။ သို့ရာတွင်ဘုရင် သည်ပြည်နှင်ဒဏ်သင့်သူတစ်ဦးကိုပြန် လည်ခေါ်ယူနိုင်ပါ၏။- Garrad Bible အ ကျွန်ုပ် တို့ သည် သေ တတ် သူ ဖြစ် ကြ ပါ၏။ မြေ ပေါ် တွင် ပက် ပြီး မှ ပြန် ခပ်၍ မ ရ နိုင် သော ရေ နှင့် တူ ကြ ပါ ၏။ ဘု ရား သ ခင် လည်း၊ နှင် ထုတ် ခံ ရ သော သူ ၏ အ သက် ကို ရုပ် သိမ်း တော် မ မူ ဘဲ ကိုယ် တော် နှင့် ကင်း ဝေး လျက် မ နေ ရ စေ ခြင်း ငှါ ကြံ ရွယ် တော် မူ ပါ ၏။ Judson Bible ငါတို့သည် သေအံ့သောသူ ဖြစ်ကြ၏။ မြေပေါ်မှာသွန်ပြီးလျှင် နောက်တစ်ဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသောသူသည် အစဉ်နှင်ထုတ်ခြင်းကိုခံ၍ မနေရမည်အကြောင်း ကြံစည်တော်မူ၏။ |
ထိုအခါ ဒါဝိဒ်မင်းကြီးက တမန်အား “သင်သည် ယွာဘအား ‘ဤအမှုကား ဆိုးလှသည်ဟု သင်မမြင်နှင့်။ ဓားသည် တစ်ယောက်မဟုတ်တစ်ယောက် ဝါးမျိုတတ်၏။ မြို့ကိုသာ ဖိတိုက်ပြီး ဖျက်ဆီးပစ်ပါ’ဟု ပြန်ပြောလော့။ သူ့ကိုလည်း အားပေးလော့”ဟု ဆို၏။
လူတို့သည် အကျွန်ုပ်ကိုခြိမ်းခြောက်ကြသောကြောင့် ယခုအကျွန်ုပ်သည် အကျွန်ုပ်၏သခင်အရှင်မင်းကြီးထံလာ၍ ဤအမှုကို လျှောက်တင်ရခြင်းဖြစ်ပါ၏။ အရှင့်ကျွန်မက ‘ရှင်ဘုရင်ကို ငါလျှောက်တင်လျှင် ရှင်ဘုရင်သည် သူ့ကျွန်မ၏တောင်းဆိုချက်ကို ပြုကောင်းပြုပေးပါလိမ့်မည်။
ဤအတွက်ကြောင့် ဒါဝိဒ်မင်းကြီး၏သားစဉ်မြေးဆက်ကို ငါချိုးနှိမ်မည်ဖြစ်သော်လည်း အစဉ်အမြဲပြုမည်မဟုတ်’ဟူ၍ မိန့်တော်မူပြီ”ဟု ဆင့်ဆိုလေ၏။
လူသည် သေပြီးလျှင် ပြန်ရှင်နိုင်ပါဦးမည်လော။ ပင်ပန်းခြင်းဝန်ကိုထမ်းနေရသောကာလပတ်လုံး သက်သာရာရမည့်အချိန်ကို အကျွန်ုပ်စောင့်ဆိုင်းလျက်နေပါမည်။
အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းသို့လည်းကောင်း၊ သက်ရှိသတ္တဝါအားလုံးစုတေ့ရာသို့လည်းကောင်း အရောက်ပို့မည်ကို အကျွန်ုပ်သိပါ၏။
လူသားအားလုံး တစ်ပြိုင်တည်းသေသွားရလိမ့်မည်။ လူသည် မြေမှုန့်ဘဝသို့ ပြန်သွားရလိမ့်မည်။
ကိုယ်တော်သည် အကြီးအကဲတို့ကို မျက်နှာလိုက်သည်မဟုတ်။ သူဌေးကို ဆင်းရဲသားထက် ပို၍အသိအမှတ်ပြုသည်မဟုတ်။ အကြောင်းမူကား လူအားလုံးသည် ဖန်ဆင်းခံလက်ရာတော်များ ဖြစ်ကြ၏။
အကျွန်ုပ်သည် ရေကဲ့သို့သွန်ချခြင်းခံရ၍ အကျွန်ုပ်၏အရိုးအဆစ်ရှိသမျှတို့သည် ပြုတ်ကုန်ပါ၏။ အကျွန်ုပ်၏နှလုံးသည် ဖယောင်းကဲ့သို့ဖြစ်၍ အကျွန်ုပ်ရင်ထဲ၌ အရည်ပျော်သွားပါ၏။
အကျွန်ုပ်၏ခွန်အားသည် အိုးခြမ်းပဲ့ကဲ့သို့ခန်းခြောက်၍ အကျွန်ုပ်၏လျှာသည် အာခေါင်၌ကပ်နေပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို သေခြင်းမြေမှုန့်ထဲ၌ထားတော်မူ၏။
သူတို့သည် စီးသွားသောရေကဲ့သို့ ပျောက်ကွယ်သွားကြပါစေ။ လေးကိုတင်သောအခါ မြားတို့သည် မြားဦးကျိုးသကဲ့သို့ဖြစ်ကြပါစေ။
ကိုယ်တော်၏မေတ္တာကရုဏာတော်သည် ထာဝရကုန်ခန်းသွားပြီလော။ ကိုယ်တော်၏ကတိတော်များသည် မျိုးဆက်အစဉ်အဆက် ပျက်ပြားသွားပြီလော။
ထိုသူတို့၏သွေးကိုလည်း ဂျေရုဆလင်မြို့ပတ်လည်တွင် ရေကဲ့သို့သွန်းကြပါပြီ။ သူတို့ကိုသင်္ဂြိုဟ်မည့်သူလည်း မရှိပါ။
အကျွန်ုပ်တို့၏အသက်တာနှစ်ကာလသည် အနှစ်ခုနစ်ဆယ်ဖြစ်ပါ၏။ ကျန်းမာသန်စွမ်းလျှင် အနှစ်ရှစ်ဆယ်ဖြစ်နိုင်ပါ၏။ သို့သော် ထိုနှစ်ကာလတို့၏အကောင်းဆုံးအချိန်မှာပင် အခက်အခဲပြဿနာနှင့် ဆင်းရဲဒုက္ခမျှသာဖြစ်ပါ၏။ အကယ်စင်စစ် အချိန်တို့သည် လျင်မြန်စွာကုန်လွန်၍ အကျွန်ုပ်တို့သည် အဝေးသို့ပျံသန်းသွားကြပါ၏။
ကိုယ်တော်က “အချင်းလူသားတို့၊ ပြန်သွားကြလော့”ဟု မိန့်တော်မူလျက် လူကို မြေမှုန့်သို့ ပြန်သွားစေတော်မူ၏။
သို့ရာတွင် သူသည် မရည်ရွယ်ဘဲ သူ့လက်၌ဘုရားသခင်အပ်သဖြင့် လူကိုသတ်မိလျှင် ထိုသူထွက်ပြေးရမည့်နေရာကို ငါသတ်မှတ်ပေးမည်။
အကြောင်းမူကား အသက်ရှင်သောသူတို့သည် မိမိတို့သေရမည်ကို သိကြ၏။ သေသောသူတို့မူကား မည်သည့်အရာကိုမျှမသိကြ။ သူတို့နှင့်ဆိုင်သောအောက်မေ့စရာများပင်လျှင် မေ့လျော့ခြင်းခံရသည်ဖြစ်၍ သူတို့အတွက် ဆုလာဘ်လည်း နောက်ထပ်မရှိတော့ပေ။
ဆိုးယုတ်သောသူသေသွားသည်ကို ငါဝမ်းသာအားရမည်ဟု သင်တို့ထင်သလော။ သူတို့လျှောက်သောလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရာရသည်ကို ငါအလိုရှိသည်မဟုတ်လော’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
သို့သော် သူတို့၏အပြစ်၊ ဘိုးဘေးတို့၏အပြစ်ကို ဖော်ပြဝန်ခံမည်ဆိုလျှင်၊ သူတို့သည် ဖောက်ပြန်မှားယွင်း၍ ငါ့ကိုဆက်လက်ဆန့်ကျင်ကြသဖြင့်
ထိုမြို့ခြောက်မြို့သည် အစ္စရေးအမျိုးသားဖြစ်စေ၊ တိုင်းတစ်ပါးသားဖြစ်စေ၊ သူတို့၏ဧည့်သည်ဖြစ်စေ မရည်ရွယ်ဘဲလူသတ်မိသောသူမည်သူမဆို ထွက်ပြေးပြီး သွားရောက်ခိုလှုံနိုင်သောမြို့ဖြစ်ရမည်။
လူသတ်မိသောသူကို သွေးကြွေးအတွက်လက်စားချေပေးသောသူလက်မှကယ်နုတ်ရမည်။ သူထွက်ပြေးပြီး သွားရောက်ခိုလှုံခဲ့သောမြို့သို့ သူ့ကိုပြန်ပို့ရမည်။ သန့်ရှင်းသောဆီဖြင့်ဘိသိက်ခံယဇ်ပုရောဟိတ်မင်း ကွယ်လွန်သည့်တိုင်အောင် သူသည် ထိုမြို့၌နေရမည်။
သူသည် ယဇ်ပုရောဟိတ်မင်းကွယ်လွန်သည့်တိုင်အောင် ခိုလှုံရာမြို့၌ နေထိုင်ရမည်။ ယဇ်ပုရောဟိတ်မင်းကွယ်လွန်ပြီးမှ မိမိပိုင်ဆိုင်ရာမြေသို့ပြန်လာခွင့်ရှိ၏။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ဘုရားတကာတို့၏ဘုရား၊ သခင်တကာတို့၏သခင်၊ ကြီးမြတ်၍တန်ခိုးနှင့်ပြည့်စုံသောဘုရား၊ အံ့ဩဖွယ်ကောင်းသောဘုရား ဖြစ်တော်မူ၏။ မျက်နှာမလိုက်၊ တံစိုးလက်ဆောင်ကိုလက်မခံ၊
သင်တို့သည် လူတို့အား မျက်နှာလိုက်ခြင်းမရှိဘဲ တစ်ဦးစီတို့ပြုသောအမှုအတိုင်း တရားစီရင်တော်မူသောအရှင်ကို အဖဟုခေါ်ကြလျှင် ဤလောကတွင် ဧည့်သည်အဖြစ်နေထိုင်စဉ်ကာလတစ်လျှောက်လုံး ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်နေထိုင်ကြလော့။