ဇိဘောင်၏သားများမှာ အာယ၊ အာန တို့ဖြစ်ကြ၏။ အာနသည် မိမိဖခင်ဇိဘောင်၏မြည်းများကို ထိန်းကျောင်းစဉ် တောကန္တာရ၌ ရေပူစမ်းတို့ကိုတွေ့ရှိသောသူဖြစ်၏။
၂ ရာ 13:29 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။ Common Language Bible အစေခံတို့သည်အဗရှလုံအမိန့်ပေးထား သည့်အတိုင်းအာမနုန်ကိုလုပ်ကြံကြ၏။ ထို အခါဒါဝိဒ်၏အခြားသားတော်အပေါင်း တို့သည်လားများကိုစီး၍ထွက်ပြေးကြ လေသည်။ Garrad Bible အာ မ နုန် ကို အိမ် တော် သား တို့ လုပ် ကြံ ရာ မင်း သား အ ပေါင်း တို့ သည် ထ၍ ကိုယ် စီ လား စီး လျက် ပြေး သွား ကြ ဆဲ တွင် Judson Bible သူတို့သည် အာမနုန်ကို ပြုကြ၏။ ထိုအခါ ရှင်ဘုရင်၏ သားတော်အပေါင်းတို့သည် ထ၍ လားကိုစီးလျက် ပြေးသွားကြ၏။ |
ဇိဘောင်၏သားများမှာ အာယ၊ အာန တို့ဖြစ်ကြ၏။ အာနသည် မိမိဖခင်ဇိဘောင်၏မြည်းများကို ထိန်းကျောင်းစဉ် တောကန္တာရ၌ ရေပူစမ်းတို့ကိုတွေ့ရှိသောသူဖြစ်၏။
သင်သည် ငါ့ကို မထီမဲ့မြင်ပြုပြီး ဟိတ္တိလူမျိုး ဥရိယ၏မယားကို သင့်မိဖုရားအဖြစ် သိမ်းယူသောကြောင့် သင့်အမျိုးအနွယ်သည် ဓားဘေးနှင့် အမြဲတစေကြုံရလိမ့်မည်’ဟု မိန့်တော်မူ၏။
သူတို့လမ်း၌ရှိနေသေးစဉ် “အဗရှလုံသည် ရှင်ဘုရင်၏သားတော်အားလုံးကို သုတ်သင်ပစ်လေပြီ။ တစ်ယောက်မျှ မကျန်ပါ”ဟု ဒါဝိဒ်မင်းကြီးထံ သတင်းရောက်လာ၏။
အရှင့်ကျွန်မ၌ သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်သည် လယ်တောတွင်ရန်ဖြစ်ကြပါ၏။ သူတို့ကို ဖျန်ဖြေပေးမည့်သူမရှိသဖြင့် ရန်ဖြစ်ရင်း တစ်ယောက်က အခြားတစ်ယောက်ကို ရိုက်သတ်လိုက်မိပါ၏။
အဗရှလုံသည် ဒါဝိဒ်မင်းကြီး၏လူတို့နှင့် ပက်ပင်းတိုးသဖြင့် လားစီးပြီး ထွက်ပြေးသွား၏။ သူ့လားသည် သပိတ်ပင်အကိုင်းကြီးအောက်ကို ပြေးဝင်သွားစဉ် အဗရှလုံ၏ဦးခေါင်းသည် ထိုသပိတ်ပင်အကိုင်းကြီးနှင့် ငြိမိပြီး လားကား ဆက်ပြေးသွား၍ သူသည် လေထဲတွင် တွဲလွဲကျကျန်နေခဲ့၏။
ထိုအခါ ရှင်ဘုရင်က သူတို့အား “သင်တို့နှင့်အတူ သင်တို့သခင်၏အမှုထမ်းတို့ကိုခေါ်ပြီး သားတော်ရှောလမုန်ကို ငါစီးသောလားကိုစီးစေ၍ သူ့ကို ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားလော့။
ထို့နောက် ယဇ်ပုရောဟိတ်ဇာဒုတ်၊ ပရောဖက်နာသန်၊ ယောယဒ၏သား ဗေနာယတို့အပါအဝင် ခေရသိလူမျိုး၊ ပေလသိလူမျိုးတို့သည် ရှောလမုန်ကို ဒါဝိဒ်မင်းကြီး၏လားပေါ်တင်၍ ဂိဟုန်မြို့သို့ ခေါ်ဆောင်သွားကြ၏။
အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။
သင်သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ အမျိုးမတူသောတိရစ္ဆာန်ကို မိတ်မလိုက်စေရ။ သင်၏လယ်ထဲ၌ အမျိုးမတူသောမျိုးစေ့ကို ရောမကြဲရ။ အမျိုးမတူသောချည်ဖြင့် ရက်ထားသောအဝတ်ကို မဝတ်ရ။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။