လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
၂ ရာ 13:23 - မြန်မာ့စံမီသမ္မာကျမ်း အချိန်နှစ်နှစ်ခန့်ကြာသော် အဗရှလုံသည် ဧဖရိမ်ပြည်အနီး ဗာလဟာဇော်အရပ်၌ သိုးမွေးညှပ်သမားတို့နှင့်အတူရှိနေစဉ် ဘုရင့်သားတော်အပေါင်းတို့ကို ဖိတ်ခေါ်၏။ Common Language Bible နှစ်နှစ်မျှကြာသော်အဗရှလုံသည်ဧဖရိမ် မြို့အနီးဗာလဟာဇော်ရွာတွင် မိမိသိုးများ အမွေးညှပ်ပွဲကိုကျင်းပ၏။ ထိုအခါသူ သည်ဘုရင့်သားတော်အပေါင်းတို့ကိုဖိတ် ခေါ်လေသည်။- Garrad Bible ထို နောက် နှစ် နှစ် ကြာ သော်၊ အ ဗ ရှ လုံ သည် ဧ ဖ ရိမ် မြို့ အ နီး၊ ဗာ လ ဟာ ဇော် ရွာ၌ သိုး မွေး ညှပ် ပွဲ ကျင်း ပ ရာ ညီ တော် နောင် တော် အ ပေါင်း တို့ ကို ဖိတ် သည့် ပြင် ခ မည်း တော် ထံ တိုး ဝင် လျက် Judson Bible ထိုနောက် နှစ်နှစ်စေ့သောအခါ အဗရှလုံသည် ဧဖရိမ်မြို့အနား၊ ဗာလဟာဇော်ရွာမှာ သိုးမွေးညှပ်ပွဲကိုခံ၍ ရှင်ဘုရင်၏သားတော်အပေါင်းတို့ကို ခေါ်ဖိတ်လေ၏။ |
လာဗန်သည် မိမိသိုးတို့ကိုအမွေးညှပ်ရန်သွားနေချိန်တွင် ရာခေလသည် ဖခင်ပိုင်ဆိုင်သည့် တေရပ်ရုပ်တုတို့ကိုခိုးယူလေ၏။
ထို့ပြင် အဗရှလုံသည် ရှင်ဘုရင်ထံသို့ဝင်၍ “အရှင့်သားကျွန်တော်မျိုး သိုးမွေးညှပ်ပွဲကျင်းပနေပါသည်။ သို့ဖြစ်၍ အရှင်မင်းကြီးနှင့် မင်းမှုထမ်းတို့ ကျွန်တော်မျိုးနှင့်အတူ ကြွတော်မူပါ”ဟု လျှောက်၏။
သူသည် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်အမြောက်အမြားဖြင့် ယဇ်ပူဇော်ပွဲကို ကျင်းပပါပြီ။ ဘုရင့်သားတော်အပေါင်းနှင့်တကွ ယဇ်ပုရောဟိတ်အဗျာသာ၊ ဗိုလ်ချုပ်ယွာဘတို့ကို ဖိတ်ခေါ်၍ သခင့်သား ရှောလမုန်ကိုမူ မဖိတ်ခေါ်ပါ။
ယနေ့ သူသည် သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်အမြောက်အမြားကို သွား၍ယဇ်ပူဇော်ပါပြီ။ ဘုရင့်သားတော်အပေါင်းတို့အပါအဝင် စစ်မှုထမ်းအကြီးအကဲများနှင့် ယဇ်ပုရောဟိတ်အဗျာသာတို့ကို ဖိတ်ခေါ်ပြီး စားသောက်ကြလျက် ‘အဒေါနိယမင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြပါပြီ။
အဒေါနိယသည် ဘုရင့်သားတော်ဖြစ်သော မိမိညီအစ်ကိုအပေါင်းတို့နှင့် ခမည်းတော်၏အမှုထမ်းများဖြစ်သော ယုဒအမျိုးသားအပေါင်းတို့ကို ဖိတ်ခေါ်ပြီး အင်္ရောဂေလအရပ်နှင့်နီးသော ဇောဟေလက်ကျောက်ဖျာပေါ်တွင် သိုး၊ နွားနှင့် ဆူဖြိုးသောအကောင်တို့ကို ယဇ်ပူဇော်၏။
မောဘဘုရင်မေရှာမင်းကြီးသည် သိုးမွေးမြူသူဖြစ်၍ အစ္စရေးဘုရင်အား သိုးသငယ်အကောင်တစ်သိန်းနှင့် သိုးထီးအကောင်တစ်သိန်းတို့၏အမွေးကို ဆက်သရ၏။
မြေနိမ့်ဒေသနှင့် လွင်ပြင်တို့တွင် သူပိုင်ဆိုင်သောတိရစ္ဆာန်များစွာရှိသောကြောင့် တောထဲ၌ မျှော်စင်များကိုဆောက်လုပ်၏။ ရေတွင်းများစွာကိုလည်း တူး၏။ လယ်ယာစိုက်ပျိုးရေးကို ဝါသနာပါသောကြောင့် တောင်ကုန်းများ၊ သီးနှံဖြစ်ထွန်းသောမြေယာများတွင် လယ်သမားများ၊ စပျစ်ခြံလုပ်သားများကို ထားရှိ၏။
ထိုစဉ်က ကရမေလမြို့တွင် လုပ်ငန်းလုပ်ကိုင်၍ အလွန်ချမ်းသာသောသူ မောနမြို့သားတစ်ဦးရှိ၏။ သူသည် သိုးအကောင်သုံးထောင်၊ ဆိတ်အကောင်တစ်ထောင် ပိုင်ဆိုင်ပြီး ကရမေလမြို့၌နေ၍ သိုးများကို အမွေးညှပ်လျက်ရှိ၏။
အဘိဂဲလသည် နာဗလထံပြန်ရောက်သောအခါ နာဗလသည် အိမ်ထဲတွင် ရှင်ဘုရင်စားသောက်ပွဲကဲ့သို့ စားသောက်ပွဲကျင်းပလျက် အလွန်အကြူးမူးယစ်ပျော်ပါးနေသည်ကို တွေ့ရသဖြင့် နံနက်မိုးလင်းသည့်တိုင် မည်သည့်အမှုကြီးငယ်ကိုမျှ သူ့အား မပြောပြပေ။
နာဗလသည် မိမိသိုးများကို အမွေးညှပ်လျက်နေကြောင်း တောကန္တာရတွင်နေသောဒါဝိဒ်ကြားသိလျှင်
အသင် ယခု သိုးမွေးညှပ်နေသည်ဟု ကြားသိရပါ၏။ သင်၏သိုးထိန်းတို့သည် ငါတို့နှင့်အတူ ရှိနေစဉ်က ငါတို့သည် သူတို့ကို မနှောင့်ယှက်ခဲ့ပါ။ ကရမေလမြို့၌ရှိနေစဉ်ကာလပတ်လုံး သူတို့ပစ္စည်းတစ်စုံတစ်ရာမျှ မပျောက်ရှခဲ့ပါ။