Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 25:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

7 အသင် ယခု သိုးမွေးညှပ်​နေ​သည်​ဟု ကြားသိ​ရ​ပါ​၏​။ သင်​၏​သိုးထိန်း​တို့​သည် ငါ​တို့​နှင့်အတူ ရှိ​နေ​စဉ်က ငါ​တို့​သည် သူ​တို့​ကို မ​နှောင့်ယှက်​ခဲ့​ပါ​။ ကရမေလ​မြို့​၌​ရှိ​နေစဉ်​ကာလ​ပတ်လုံး သူ​တို့​ပစ္စည်း​တစ်စုံတစ်ရာ​မျှ မ​ပျောက်ရှ​ခဲ့​ပါ​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

7 သင်​သည်​သိုး​များ​ကို​အ​မွေး​ညှပ်​လျက်​နေ ကြောင်း​ကြား​သိ​ရ​သ​ဖြင့် ဒါ​ဝိဒ်​က​သင်​၏ သိုး​ထိန်း​တို့​သည်​ကျွန်​တော်​တို့​ရှိ​ရာ​အ​ရပ် တွင် သိုး​များ​ကို​ထိန်း​ကျောင်း​နေ​ကြ​သော် လည်း ကျွန်​တော်​တို့​သည်​သူ​တို့​အား​ဘေး အန္တ​ရာယ်​မ​ပြု​ခဲ့​ကြောင်း​ကို​လည်း​ကောင်း၊ သူ​တို့​သည်​က​ရ​မေ​လ​မြို့​တွင်​ရှိ​နေ​စဉ် အ​တော​အ​တွင်း​၌ မည်​သည့်​အ​ရာ​တစ် စုံ​တစ်​ခု​မျှ​ခိုး​ဝှက်​ခြင်း​မ​ခံ​ရ​ကြ ကြောင်း​ကို​လည်း​ကောင်း​သင့်​အား​သိ​စေ လို​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

7-8 သင့် သိုး အုပ် ကို ထိန်း ကျောင်း သူ တို့ သည် က ရ မေ လ အ ရပ် တွင် ကျွန် တော် တို့ နှင့် အ တူ ရှိ နေ သ မျှ ကာ လ ပတ် လုံး၊ အ ရှက် မ ကွဲ ရ၊ တစ် ကောင် မျှ မ ပျောက် ရ ပါ။ သင့် သား ငယ် တို့ ကို မေး မူ မှန် ကြောင်း ဝန် ခံ ကြ ပါ လိမ့် မည်။ ယ ခု မှာ သင့် လူ တို့ အ မွေး ညှပ် လျက် ရှိ ကြောင်း ကျွန် တော် ကြား သည့် အ တိုင်း မင်္ဂ လာ နေ့ တွင် ကျွန် တော့် ငယ် သား တို့ ရောက် ရှိ သည် နှင့် အ ညီ မျက် နှာ သာ ပေး လျက် လက် ဝယ် ရှိ သော မည် သည့် အ ရာ မ ဆို၊ သင့် ကျွန် ဖြစ် သော သူ တို့ အား လည်း ကောင်း၊ သား ဖြစ် သော ဒါ ဝိဒ် အား လည်း ကောင်း၊ ပေး သ နား ပါ ဟူ၍ မှာ ထား စေ လွှတ် သည့် အ တိုင်း

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

7 ကိုယ်​တော်၌ သိုး​မွေး​ညှပ်​သော သူ​များ​ရှိ​ကြောင်း​ကို အ​ကျွန်ုပ်​ကြား​ပါ၏။ အ​ကျွန်ုပ်​တို့​နှင့်​အ​တူ​နေ​သော ကိုယ်​တော်၏​သိုး​ထိန်း​တို့​ကို အ​ကျွန်ုပ်​တို့​သည် မ​ပြစ်​မှား​ပါ။ သူ​တို့​သည် က​ရ​မေ​လ​မြို့​မှာ နေ​သော​ကာ​လ​ပတ်​လုံး၊ သူ​တို့​ဥ​စ္စာ တစ်​စုံ​တစ်​ခု​မျှ မ​ပျောက်​ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 25:7
9 ပူးပေါင်းရင်းမြစ်များ  

အချိန်​နှစ်​နှစ်​ခန့်​ကြာ​သော် အဗရှလုံ​သည် ဧဖရိမ်​ပြည်​အနီး ဗာလဟာဇော်​အရပ်​၌ သိုးမွေးညှပ်သမား​တို့​နှင့်အတူ​ရှိ​နေစဉ် ဘုရင့်​သား​တော်​အပေါင်း​တို့​ကို ဖိတ်ခေါ်​၏​။


ထို့ပြင် အဗရှလုံ​သည် ရှင်ဘုရင်​ထံသို့​ဝင်​၍ “​အရှင့်​သား​ကျွန်တော်မျိုး သိုးမွေးညှပ်ပွဲ​ကျင်းပ​နေ​ပါ​သည်​။ သို့ဖြစ်၍ အရှင်မင်းကြီး​နှင့် မင်းမှုထမ်း​တို့ ကျွန်တော်မျိုး​နှင့်အတူ ကြွ​တော်မူ​ပါ​”​ဟု လျှောက်​၏​။


စစ်မှုထမ်း​များ​သည်​လည်း “အကျွန်ုပ်​တို့​သည် မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ကြ​လျှင် ယောဟန်​က “သူတစ်ပါး​ထံမှ ငွေ​ညှစ်ယူ​ခြင်း၊ မတရား​တောင်းခံ​ခြင်း မ​ပြု​ကြ​နှင့်။ မိမိ​တို့​ရ​သော​လခ​နှင့် ရောင့်ရဲ​ကြ​လော့”​ဟု ပြန်ပြော​လေ​၏။


ဤသည်ကား ကောက်ကျစ်​၍​ဖောက်ပြန်​လမ်းလွဲ​သော​မျိုးဆက်​၏​အလယ်​တွင် သင်​တို့​သည် ရိုးသား​ဖြူစင်​လျက် အပြစ်တင်​စရာ​မ​ရှိ​သော​သူ​များ၊ အပြစ်​အနာအဆာ​ကင်း​သော ဘုရားသခင်​၏​သားသမီး​များ​ဖြစ်​ကြ​ပြီး အသက်​နှင့်ဆိုင်သော​နှုတ်ကပတ်တော်​ကို​စွဲကိုင်​ထား​လျက် ဤ​လောက​၌​ရှိ​သော​အလင်းရောင်​များ​ကဲ့သို့ သူ​တို့​အထဲ​တွင် ထွန်းလင်း​ကြ​မည့်​အကြောင်း​တည်း။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ မှန်ကန်​သော​အရာ​ရှိ​သမျှ၊ ဂုဏ်သရေ​ရှိ​သော​အရာ​ရှိသမျှ၊ ဖြောင့်မတ်​သော​အရာ​ရှိသမျှ၊ ဖြူစင်​သန့်ရှင်း​သော​အရာ​ရှိသမျှ၊ နှစ်သက်​ဖွယ်​ကောင်း​သော​အရာ​ရှိသမျှ​နှင့် ဂုဏ်​သတင်း​ကောင်း​သော​အရာ​ရှိသမျှ​တို့​၌ ကောင်းမြတ်​သော​အရာ​တစ်စုံတစ်ခု​၊ သို့မဟုတ် ချီးမွမ်း​ထိုက်​သော​အရာ​တစ်စုံတစ်ခု​ရှိ​လျှင် ထို​အရာ​တို့​ကို နှလုံးသွင်း​ကြ​လော့။


ဒုက္ခရောက်​နေ​သူ​၊ အကြွေး​မ​ဆပ်​နိုင်​သူ​၊ ဘဝ​ကို ခါးသီး​စွာ​ခံစား​နေ​ရ​သူ​အပေါင်း​တို့​သည် သူ့​ထံ​လာရောက်​စုဝေး​ကြ​ရာ လူ​လေး​ရာ​ခန့်​ရှိ​၍ ဒါဝိဒ်​သည် သူ​တို့​ကို ဦးဆောင်​လေ​၏​။


ဒါဝိဒ်​က “​တော​ထဲတွင် ဤ​သူ​ပိုင်​သော​ဥစ္စာ​ရှိသမျှ တစ်စုံတစ်ရာ​မျှ မ​ပျောက်ရှ​အောင် ငါ​စောင့်ရှောက်​ပေး​ခဲ့​သည်​မှာ အချည်းနှီး​ဖြစ်​၏​။ သူ​သည် ငါ့​အား အကောင်း​ကို အဆိုး​နှင့် တုံ့ပြန်​ခဲ့​ပြီ​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ