အီဂျစ်ပြည်သို့ ရောက်လုနီးသောအခါ သူသည် မိမိမယားစာရဲအား “ကြည့်ရှုလော့။ သင်သည် ရုပ်ဆင်းသွင်ပြင်လှပသောအမျိုးသမီးဖြစ်သည်ကို ငါသိ၏။
၂ ရာ 11:2 - မြန်မာ့စံမီသမ္မာကျမ်း တစ်ညနေတွင် ဒါဝိဒ်မင်းကြီးသည် အိပ်ရာမှထလာပြီး ဘုရင့်နန်းတော်ခေါင်မိုးပြင်သို့တက်၍ စင်္ကြံလျှောက်နေစဉ် အလွန်အဆင်းလှသောမိန်းမတစ်ဦး ရေချိုးနေသည်ကို ထိုခေါင်မိုးပြင်မှ လှမ်းမြင်ရ၏။ Common Language Bible တစ်နေ့သ၌ညနေခင်းအချိန်တွင်ဒါဝိဒ် သည်အိပ်စက်နားနေရာမှနိုးထ၍ နန်းတော် အမိုးပေါ်သို့တက်ပြီးလျှင်စင်္ကြံလျှောက်နေ စဉ် ရှုချင်ဖွယ်အဆင်းလှသောအမျိုးသမီး တစ်ယောက်ရေချိုးနေသည်ကိုမြင်တော်မူ၏။- Garrad Bible ဒါ ဝိဒ် မင်း သည် ည နေ ချမ်း အ ချိန် သ လွန် မှ ထ ပြီး လျှင် နန်း တော် အ မိုး ပြင် တွင် စ င်္ကြံ လျှောက် ခိုက်၊ ရှု ချင် ဖွယ် အ ဆင်း လှ သော မိန်းမ တစ် ယောက် ရေ ချိုး လျက် နေ သည် ကို မြင်၍ Judson Bible နောက်တစ်နေ့ညဉ့်ဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတစ်ယောက်ရေချိုးသည်ကို မြင်တော်မူ၏။ |
အီဂျစ်ပြည်သို့ ရောက်လုနီးသောအခါ သူသည် မိမိမယားစာရဲအား “ကြည့်ရှုလော့။ သင်သည် ရုပ်ဆင်းသွင်ပြင်လှပသောအမျိုးသမီးဖြစ်သည်ကို ငါသိ၏။
ထိုအပင်မှာ စားချင်စဖွယ်ကောင်း၍ အမြင်အားဖြင့်လည်းတင့်တယ်ပြီး ပညာတိုးပွားစေရန်လည်း နှစ်လိုဖွယ်ကောင်းသောအပင်ဖြစ်သည်ကို မိန်းမသည်မြင်လျှင် ထိုအပင်၏အသီးကို ဆွတ်ယူ၍စားလေ၏။ မိမိနှင့်အတူရှိသောခင်ပွန်းအားလည်းပေး၍ သူသည်လည်း စားလေ၏။
ထိုပြည်၏မင်းဖြစ်သောဟိဝိလူမျိုးဟာမော်၏သား ရှေခင်သည် သူ့ကိုမြင်လျှင် ခေါ်ဆောင်သွား၍ သူနှင့်အိပ်ခြင်းဖြင့် သူ့အသရေကိုရှုတ်ချလေ၏။
ထို့ကြောင့် သခင်သည် မိမိပိုင်ဆိုင်သောအရာအားလုံးကို ယောသပ်လက်သို့အပ်၍ မိမိစားသောအစားအစာမှတစ်ပါး မိမိပိုင်သောမည်သည့်အရာကိုမျှ မသိမမှတ်ဘဲနေ၏။ ယောသပ်သည် အဆင်းသဏ္ဌာန်လှ၍ ရုပ်ရည်ချောမောသောသူဖြစ်၏။
ဘုရားသခင်၏သားတို့သည် လူ၏သမီးတို့အဆင်းလှသည်ကိုမြင်၍ မိမိတို့ကြိုက်နှစ်သက်သောသူ မည်သူ့ကိုမဆို မိမိတို့မယားအဖြစ်ယူကြ၏။
ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
အဗရှလုံ၌ သားသုံးဦး၊ သမီးတစ်ဦးရှိ၏။ သမီး၏အမည်မှာ တာမာဖြစ်ပြီး အလွန်အဆင်းလှသောမိန်းကလေးဖြစ်၏။
ဗေရောသိလူမျိုး ရိမ္မုန်၏သား ရေခပ်နှင့်ဗာနာတို့သည် ဣရှဗောရှက်မင်းကြီး၏အိမ်သို့လာကြရာ နေ့လယ် ပူပြင်းသောအချိန်တွင် ရောက်ကြ၏။ ဣရှဗောရှက်မင်းကြီးမှာ နေ့ခင်းနေ့လယ် တစ်ရေးတစ်မောအိပ်လျက်နေ၏။
သူတို့သည် အိမ်ထဲသို့ ဝင်၍ အိပ်ခန်းထဲရှိ အိပ်ရာပေါ်တွင် ဣရှဗောရှက်မင်းကြီး အိပ်နေစဉ် သူ့ကိုထိုးသတ်ပြီးလျှင် သူ၏ခေါင်းကိုဖြတ်ပြီး ထိုခေါင်းကိုယူ၍ အရာဗလွင်ပြင်လမ်းအတိုင်း တစ်ညလုံးထွက်ပြေးလာခဲ့ကြခြင်းဖြစ်၏။
ငါ့မျက်စိနှင့် ကတိပြုထားပြီဖြစ်၍ မိန်းမပျိုကို အဘယ်သို့ကြည့်နိုင်မည်နည်း။
အချည်းနှီးသောအရာကိုမကြည့်မိစေရန် အကျွန်ုပ်၏မျက်စိကိုလွှဲတော်မူပါ။ ကိုယ်တော်၏လမ်း၌ အကျွန်ုပ်ကိုအသက်ရှင်စေတော်မူပါ။
ပျင်းရိခြင်းသည် အအိပ်ကြီးစေတတ်၏။ လုံ့လနည်းသောသူသည်လည်း ငတ်မွတ်ရလိမ့်မည်။
တင့်တယ်ခြင်းသည် လှည့်ဖြားတတ်၏။ လှပခြင်းသည်လည်း အချည်းနှီးဖြစ်၏။ သို့သော် ထာဝရဘုရားကိုကြောက်ရွံ့သော မိန်းမသည် ချီးမွမ်းခြင်းခံရလိမ့်မည်။
သင်၏စိတ်နှလုံးထဲတွင် ထိုမိန်းမ၏အလှကို မတပ်မက်နှင့်။ သူ့မျက်လွှာဖြင့် ညှို့ယူဖမ်းစားခြင်းကိုမခံနှင့်။
ထိုသူသည် မိန်းမတစ်ဦးနေထိုင်ရာ လမ်းထောင့်နားမှဖြတ်သွား၍ ထိုမိန်းမ၏အိမ်ရှိရာလမ်းသို့လျှောက်သွားလေ၏။
သူတို့သည် ခေါင်မိုးများပေါ်တွင် ကောင်းကင်တန်ဆာရှိသမျှအား နံ့သာပေါင်းမီးရှို့ပူဇော်၏။ အခြားသောဘုရားများရှေ့တွင် သွန်းလောင်းရာပူဇော်သက္ကာကိုပူဇော်၏။ ထို့ကြောင့် ဂျေရုဆလင်မြို့ရှိအိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များသည် တောဖက်အရပ်ကဲ့သို့ ညစ်ညူးလိမ့်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
သင်တို့အား မှောင်မိုက်၌ ငါပြောသောအရာတို့ကို အလင်း၌ပြောကြားကြလော့။ နားအပါးကပ်ပြော၍ကြားရသောအရာတို့ကို လေသာဆောင်အပေါ်မှ ဟောပြောကြလော့။
လေသာဆောင်ပေါ်၌ရှိသောသူသည် မိမိအိမ်ထဲမှ ပစ္စည်းများကိုယူရန် အောက်သို့မဆင်းစေနှင့်။
သို့သော် သင်တို့အား ငါဆိုသည်ကား အမျိုးသမီးတစ်ယောက်ကို ကိလေသာစိတ်နှင့်ကြည့်သောသူတိုင်းသည် သူ၏စိတ်နှလုံးထဲ၌ ထိုအမျိုးသမီးနှင့်ပြစ်မှားလေပြီ။
နောက်တစ်နေ့တွင် ထိုသူတို့သည် ခရီးပြုလျက် ယုပ္ပေမြို့အနီးသို့ရောက်လာကြစဉ် မွန်းတည့်ချိန်ဝန်းကျင်၌ ပေတရုသည် ဆုတောင်းရန် လေသာဆောင်ပေါ်သို့ တက်သွားလေ၏။
တစ်စုံတစ်ယောက်သည် သင့်အိမ်ပေါ်မှပြုတ်ကျ၍ သင့်အိမ်၌လူသတ်သောအပြစ် မကျရောက်စေရန် သင်သည် အိမ်အသစ်ဆောက်သောအခါ သင်၏ခေါင်မိုးပြင်၌ အကာအရံလုပ်ရမည်။
သင့်အိမ်နီးချင်း၏မယားကိုမတပ်မက်ရ။ သင့်အိမ်နီးချင်း၏အိမ်၊ လယ်ယာ၊ ကျွန်ယောက်ျားကျွန်မိန်းမ၊ နွား၊ မြည်းမှစ၍ သင့်အိမ်နီးချင်း၌ရှိသောအရာတစ်စုံတစ်ခုကိုမျှ လိုချင်သောစိတ်မရှိရ။’
ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။
အကြောင်းမူကား လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်၌ကြွားဝါခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။
သူတို့သည် အထွတ်အမြတ်ထားရာကုန်းမြင့်မှ မြို့ထဲသို့ပြန်ဆင်းလာပြီး ရှမွေလသည် ခေါင်မိုးပြင်တွင် ရှောလုနှင့်စကားပြော၏။