Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 3:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 ထို​အပင်​မှာ စားချင်စဖွယ်​ကောင်း​၍ အမြင်​အားဖြင့်​လည်း​တင့်တယ်​ပြီး ပညာတိုးပွား​စေရန်​လည်း နှစ်လိုဖွယ်​ကောင်း​သော​အပင်​ဖြစ်​သည်​ကို မိန်းမ​သည်​မြင်​လျှင် ထို​အပင်​၏​အသီး​ကို ဆွတ်ယူ​၍​စား​လေ​၏​။ မိမိ​နှင့်အတူ​ရှိ​သော​ခင်ပွန်း​အား​လည်း​ပေး​၍ သူ​သည်​လည်း စား​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

6 မိန်း​မ​သည်​အ​ပင်​၏​တင့်​တယ်​ခြင်း၊ အ​သီး​၏ စား​ချင့်​စ​ဖွယ်​ကောင်း​ခြင်း​ကို​မြင်​ရ​၏။ ထို့​ပြင် ပ​ညာ​ဉာဏ်​ရှိ​လျှင် အံ့​ဘွယ်​ကောင်း​လိမ့်​မည်​ဟု စိတ်​ထင်​လျက်​အ​သီး​ကို​ဆွတ်​၍​စား​လေ​၏။ သူ​၏​ခင်​ပွန်း​အား​လည်း​ပေး​သ​ဖြင့်​သူ​လည်း စား​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 ထို အ ပင် သည် စား ဖွယ် ရှု ဖွယ် ကောင်း သည် ကို လည်း ကောင်း၊ ပ ညာ ရ စေ ရန် နှစ် သက် ဖွယ် သော အ ပင်ဖြစ် သည် ကို လည်း ကောင်း၊ မိန်း မ သိ မြင် လျှင် အ သီး ကို ယူ စား သည့် ပြင် ပေး သည့် အ တိုင်း ယောက်ျား လည်း စား သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​အ​ပင်​သည် စား​ဖွယ်​ကောင်း​ခြင်း၊ အ​ဆင်း​လည်း​လှ​ခြင်း၊ ပ​ညာ​တိုး​ပွား​စေ​လို​သော​ငှာ၊ နှစ်​သက်​ဖွယ်​သော​အ​ပင်​ဖြစ်​ခြင်း​ကို မိန်း​မ​သည်​မြင်​လျှင်၊ အ​သီး​ကို ယူ၍​စား၏။ မိ​မိ​ခင်​ပွန်း​အား​လည်း​ပေး၍ သူ​သည်​လည်း​စား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 3:6
19 ပူးပေါင်းရင်းမြစ်များ  

လူ​က​လည်း “​အကျွန်ုပ်​နှင့်အတူ​နေ​စေရန် ကိုယ်တော်​ပေး​ထား​သော​မိန်းမ​သည် ထို​အပင်​မှ​အသီး​ကို အကျွန်ုပ်​အား​ပေး​၍ အကျွန်ုပ်​စား​မိ​ပါ​သည်​”​ဟု ပြန်လျှောက်​လေ​၏​။


ထို့နောက် အာဒံ​အား “​သင်​သည် မိမိ​မယား​၏​စကား​ကို​နားထောင်​၍ မ​စား​ရ​ဟု သင့်​အား ငါ​ပညတ်​ထား​သော​အပင်​၏​အသီး​ကို​စား​သောကြောင့် မြေ​သည် သင့်​အတွက် ကျိန်​ခြင်း​ကို​ခံရ​၏​။ သင်​သည် အသက်ရှင်​သမျှ​ကာလ​ပတ်လုံး မြေ​၏​အသီး​ကို ပင်ပန်းခက်ခဲ​စွာ​လုပ်ကိုင်​စားသောက်​ရ​မည်​။


နောက်ပိုင်းတွင် သခင်​၏​မယား​သည် ယောသပ်​ကို​နှစ်သက်တပ်မက်​၍ “​ငါ​နှင့်​အိပ်​ပါ​”​ဟု ဆို​လျှင်


ဘုရားသခင်​၏​သား​တို့​သည် လူ​၏​သမီး​တို့​အဆင်းလှ​သည်​ကို​မြင်​၍ မိမိ​တို့​ကြိုက်နှစ်သက်​သော​သူ မည်သူ့ကိုမဆို မိမိ​တို့​မယား​အဖြစ်​ယူ​ကြ​၏​။


တစ်ညနေ​တွင် ဒါဝိဒ်​မင်းကြီး​သည် အိပ်ရာ​မှ​ထလာ​ပြီး ဘုရင့်​နန်းတော်​ခေါင်မိုးပြင်​သို့​တက်​၍ စင်္ကြံလျှောက်​နေစဉ် အလွန်​အဆင်းလှ​သော​မိန်းမ​တစ်ဦး ရေချိုး​နေ​သည်​ကို ထို​ခေါင်မိုးပြင်​မှ လှမ်းမြင်​ရ​၏​။


ထို့ကြောင့် ဘုရားသခင်​၏​လူ​က ပရောဖက်​နောက်​သို့​ပြန်လိုက်လာ​ပြီး သူ့​အိမ်​တွင် အစားအစာ​ကို​စား​၍ ရေ​လည်း သောက်​လေ​၏​။


ငါ့​မျက်စိ​နှင့် ကတိ​ပြု​ထား​ပြီ​ဖြစ်၍ မိန်းမပျို​ကို အဘယ်သို့​ကြည့်​နိုင်​မည်နည်း​။


“​အချင်း​လူသား​၊ သင်​ချစ်မြတ်နိုး​သော​သူ​ကို တစ်ခဏအတွင်း ငါ​ရုပ်သိမ်း​ပစ်​မည်​။ သင်​မ​ငိုကြွေး​မ​မြည်တမ်း​နှင့်​။ မျက်ရည်​မ​ကျ​နှင့်​။


‘အစ္စရေး​အမျိုးအနွယ်​အား ဘုရားရှင်​ထာဝရဘုရား​က ကြည့်ရှု​လော့​။ သင်​တို့​ဂုဏ်ယူ​အားထားရာ​၊ သင်​တို့​နှစ်သက်မြတ်နိုး​ရာ​၊ အလေးအမြတ်​ထား​ရာ ငါ​၏​သန့်ရှင်းရာဌာန​ကို ငါ​ညစ်ညူး​စေ​မည်​။ သင်​တို့​စွန့်ထား​ခဲ့​သော သင်​တို့​၏​သား​သမီး​တို့​သည် ဓား​ဖြင့်​သေ​ရ​မည်​။


အချင်း​လူသား​၊ ယခုမူ သူ​တို့​ဂုဏ်ယူအားထား​ရာ​ခံတပ်ကြီး​၊ သူ​တို့​နှစ်သက်မြတ်နိုး​ရာ​၊ ချစ်ခင်​စွဲလမ်း​ရာ​နှင့် သူ​တို့​သား​သမီး​တို့​ကို ငါ​သိမ်းယူ​သွား​မည့်​နေ့ ရောက်လာ​လိမ့်မည်​။


သို့သော် သူ​တို့​သည် အာဒံ​ကဲ့သို့ပင် ပဋိညာဉ်​ကို​ချိုးဖောက်​ပြီး ထို​အရပ်​တွင် ငါ့​ကို သစ္စာဖောက်​ကြ​ပြီ​။


သို့သော် သင်​တို့​အား ငါ​ဆို​သည်​ကား အမျိုးသမီး​တစ်​ယောက်​ကို ကိလေသာ​စိတ်​နှင့်​ကြည့်​သော​သူ​တိုင်း​သည် သူ​၏​စိတ်နှလုံး​ထဲ၌ ထို​အမျိုးသမီး​နှင့်​ပြစ်မှား​လေ​ပြီ။


ထို့ပြင် အာဒံ​သည် လှည့်ဖြား​ခြင်း​မ​ခံရ။ အမျိုးသမီး​မူကား လှည့်ဖြား​ခြင်း​ခံရ​လျက် ဖောက်ဖျက်​ကျူးလွန်​ခြင်း​သို့​ရောက်​ခဲ့​၏။


အကျွန်ုပ်​သည် တိုက်ယူ​သော​ပစ္စည်း​ထဲ၌ လှပ​သော​ရှိနာ​ပြည်သား​ဝတ်လုံ​တစ်​ထည်​၊ ငွေ​ရှယ်ကယ်​နှစ်ရာ​နှင့် အလေးချိန်​ရှယ်ကယ်​ငါးဆယ်​ရှိ​သော​ရွှေချောင်း​တစ်​ချောင်း​ကို တွေ့​သောအခါ တပ်မက်​စိတ်​ဝင်​၍ ယူ​မိ​ပါ​ပြီ​။ အကျွန်ုပ်​၏​တဲ​အတွင်း မြေ​အောက်​၌​ဝှက်ထား​လျက်​ရှိ​ပါ​၏​။ ငွေ​သည် အောက်ဆုံး​၌ ရှိ​ပါ​၏​”​ဟု ပြန်ဖြေ​လေ​၏​။


အကြောင်းမူကား လောက​၌​ရှိသမျှ​သော​အရာ​တည်းဟူသော ကိုယ်ကာယ​၏​တပ်မက်​ခြင်း၊ မျက်စိ​၏​တပ်မက်​ခြင်း၊ စည်းစိမ်​၌​ကြွားဝါ​ခြင်း​တို့​သည် ခမည်းတော်​နှင့်​မ​စပ်ဆိုင်။ လောက​နှင့်​သာ​စပ်ဆိုင်​၏။


သူ​၏​မယား​သည် ပွဲ​ကျင်းပ​သည့်​ခုနစ်​ရက်​နေ့ နောက်ဆုံး​အချိန်​အထိ ခင်ပွန်း​ရှေ့​၌​ငိုပြ​၍ ပူဆာ​သောကြောင့် ထို​ခုနစ်​ရက်​မြောက်​သော​နေ့​၌ သူ့​အား​ပြောပြ​လိုက်​လေ​၏​။ သူ​သည်​လည်း မိမိ​၏​အမျိုးသားချင်း​တို့​အား စကားထာ​အဖြေ​ကို ပြောပြ​လိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ