ရေဗက္ကာသည် သားကြီးဧသော၏စကားကို ကြားသိရသောအခါ သားငယ်ယာကုပ်ကို လူလွှတ်ခေါ်၍ “သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်ရမှကျေနပ်မည်ဟု ကြံစည်ပြီ။
၂ ကော 9:1 - မြန်မာ့စံမီသမ္မာကျမ်း သန့်ရှင်းသူတို့ကိုထောက်ပံ့ခြင်းအမှုနှင့်ပတ်သက်၍ ငါသည် သင်တို့ထံသို့ အထူးရေးသားရန်မလိုအပ်ပေ။ Common Language Bible ယုဒပြည်ရှိဘုရားသခင်၏လူစုတော် အား ကူညီထောက်ပံ့ရေးအကြောင်းကိုသင် တို့ထံရေးသားဖော်ပြရန်မလိုပါ။- Garrad Bible သင် တို့ စေ တ နာ ကို ငါ သိ သည့် အ တိုင်း ယ မန် နှစ် က ပင် အ ခါ ယ အ သင်း တော် အ သင့် ရှိ နေ ကြောင်း ကို မာ ကေ ဒေါ နိ အ သင်း တော် အား ငါ ဂုဏ် တင် သည့် အ လျောက် သင် တို့ စေ တ နာ ထက် သန် ခြင်း ကြောင့် အ များ တို့ အား ကျ သော စိတ် ရှိ သည် ဖြစ်၍ သီး သန့် ထား တော် မူ သူ တို့ အား ထောက် ပံ့ မှု အ ကြောင်း သင် တို့ ထံ ရေး လိုက် သော် ပို မို ၏။ Judson Bible သန့်ရှင်းသူတို့ကို လုပ်ကျွေးခြင်၏ အမှုအရာများကို သင်တို့အား ငါရေး၍ကြားလိုက်သော် အကျိုးမရှိ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျေရုဆလင်မြို့ရှိ ယုံကြည်သူတို့ကို လှူဒါန်းသောအမှုအကြောင်းနှင့်ပတ်သက်၍ သင်တို့ထံ ကျွန်ုပ်စာရေးရန် မလိုအပ်ပေ။ |
ရေဗက္ကာသည် သားကြီးဧသော၏စကားကို ကြားသိရသောအခါ သားငယ်ယာကုပ်ကို လူလွှတ်ခေါ်၍ “သင်၏အစ်ကိုဧသောသည် သင့်ကိုသတ်ရမှကျေနပ်မည်ဟု ကြံစည်ပြီ။
ထာဝရဘုရားထံ မေးမြန်းစေဖို့ သင်တို့ကိုစေလွှတ်လိုက်သောယုဒဘုရင်အား “အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရားက ‘သင်ကြားရသောကျမ်းစကားများနှင့်ပတ်သက်၍ ဤသို့မိန့်တော်မူပြီ။
အနန္တတန်ခိုးရှင်ကို အကျွန်ုပ်တို့ လိုက်၍မမီနိုင်။ ကိုယ်တော်သည် တန်ခိုးကြီးသောအရှင် ဖြစ်တော်မူ၏။ တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းတို့နှင့် ပြည့်စုံတော်မူ၏။ မတရားသောအမှုကို ပြုတော်မမူ။
ငါ့စိတ်နှလုံးသည် ကောင်းမြတ်သောစကားနှင့် ပြည့်လျှံလျက်ရှိ၏။ ရှင်ဘုရင်အတွက် ငါစီကုံးသောအရာများကို ငါရွတ်ဆိုမည်။ ငါ့လျှာသည် ကျွမ်းကျင်သောစာရေးဆရာ၏ ကလောင်တံကဲ့သို့ဖြစ်၏။
သေသောသူတို့၏ရှင်ပြန်ထမြောက်ခြင်းနှင့်ပတ်သက်၍ ဘုရားသခင်က ‘ငါသည် အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားဖြစ်၏’ဟု သင်တို့အား မိန့်တော်မူခဲ့သောစကားကို မဖတ်ဖူးကြသလော။ ဘုရားသခင်သည် သေသောသူတို့၏ဘုရားမဟုတ်ဘဲ အသက်ရှင်သောသူတို့၏ဘုရားဖြစ်၏”ဟု မိန့်တော်မူ၏။
ယခု နှစ်အတန်ကြာပြီးနောက် အမျိုးသားချင်းတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ပူဇော်သက္ကာများဆက်ကပ်ရန် အကျွန်ုပ်ရောက်ရှိလာပါသည်။
ကောင်းမြတ်သောသတင်းအရ သူတို့သည် သင်တို့အတွက်ကြောင့် ရန်သူများဖြစ်ကြသော်လည်း ရွေးကောက်တော်မူခြင်းအရ ရှေးဘိုးဘေးများအတွက်ကြောင့် ချစ်တော်မူသောသူများဖြစ်ကြ၏။
သန့်ရှင်းသူတို့၏လိုအပ်ချက်များကို ပါဝင်ဖြည့်ဆည်းလျက် ဧည့်ဝတ်ကို ကြိုးစားပြုကြလော့။
ငါသည် ယုဒပြည်ရှိ မယုံကြည်သူတို့၏လက်မှ ကယ်နုတ်ခြင်းခံရပြီး ဂျေရုဆလင်မြို့အတွက် ငါဆောင်ရွက်သောအမှုသည် သန့်ရှင်းသူများရှေ့တွင် နှစ်သက်လက်ခံဖွယ်ဖြစ်သဖြင့်
သူတို့၏တစ်ခုတည်းသောမှာကြားချက်မှာ ဆင်းရဲသားတို့ကို ငါတို့သတိရစေရန်ဖြစ်၏။ ထိုအမှုကိုပြုရန် ငါလည်းကြိုးစားအားထုတ်လာခဲ့၏။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
သို့ရာတွင် ညီအစ်ကိုတို့၊ ထိုအချိန်အခါနှင့်ကာလများအကြောင်းကို သင်တို့ထံရေးသားရန် မလိုအပ်ပေ။
သင်တို့မူကား ကိုယ်တော်ထံမှခံစားရသောဘိသိက်ကျေးဇူးသည် သင်တို့၌တည်ရှိသည်ဖြစ်၍ မည်သူကမျှ သင်တို့ကိုသင်ပေးရန် မလိုအပ်ပေ။ ထိုဘိသိက်ကျေးဇူးသည် မှန်ကန်၍ လိမ်လည်ခြင်းကင်းလျက် အရာခပ်သိမ်းတို့ကို သင်တို့အား သင်ပေးတော်မူသည်ဖြစ်၍ သင်တို့အား သင်ပေးတော်မူသည့်အတိုင်း ကိုယ်တော်၌တည်နေကြလော့။
ယခု သင်နှင့် ငါကတိသစ္စာထားခဲ့သောအရာများနှင့်ပတ်သက်၍ ထာဝရဘုရားသည် သင်နှင့် ငါ၏ကြားမှာသက်သေအစဉ် ဖြစ်ပါစေ”ဟု ဆို၏။