Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ရာ 20:23 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 ယခု သင်​နှင့် ငါ​ကတိသစ္စာ​ထား​ခဲ့​သော​အရာ​များ​နှင့်​ပတ်သက်၍ ထာဝရဘုရား​သည် သင်​နှင့် ငါ​၏​ကြားမှာ​သက်သေ​အစဉ် ဖြစ်​ပါစေ​”​ဟု ဆို​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

23 ကျွန်ုပ်​တို့​နှစ်​ဦး​အ​ချင်း​ချင်း​ပြု​ခဲ့​ကြ​သည့် က​တိ​သစ္စာ​ကို ထာ​ဝ​စဉ်​မ​ပျက်​မ​ကွက်​စောင့် ထိန်း​နိုင်​ကြ​စေ​ရန်​ထာ​ဝ​ရ​ဘု​ရား​သည် စီ​မံ​တော်​မူ​ပါ​လိမ့်​မည်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ယ ခု ငါ တို့ နှစ် ဦး တိုင် ပင် သော အ မှု နှင့် စပ် လျဉ်း၍ သင် နှင့် ငါ့ အ လယ် တွင် ထာ ဝ ရ ဘု ရား အ စဉ် ရှိ တော် မူ လိမ့် မည် ဟု ဒါ ဝိဒ် အား ပြော ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 ယ​ခု ငါ​တို့​နှစ်​ယောက် ပြော​သော​အ​မှု​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ကျွန်ုပ်​စပ်​ကြား​မှာ အ​စဉ်​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်​အား ပြော​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ရာ 20:23
7 ပူးပေါင်းရင်းမြစ်များ  

သို့ဖြစ်၍ စာရဲ​က အာဗြံ​အား “​အကျွန်ုပ်​ခံရ​သော​မထီလေးစားပြု​ခြင်း​အမှု​သည် သခင့်​အပေါ်​ကျရောက်​ပါစေ​။ အကျွန်ုပ်​၏​ကျွန်မ​ကို သခင့်​ရင်ခွင်​၌ အကျွန်ုပ်​ပေးအပ်​ခဲ့​ပါ​သည်​။ သို့သော် သူ​သည် မိမိ​ကိုယ်ဝန်​ရှိ​နေ​ကြောင်း​သိ​သောအခါ အကျွန်ုပ်​ကို​မထီလေးစားပြု​ပါ​သည်​။ ထာဝရဘုရား​သည် အကျွန်ုပ်​နှင့်​သခင့်​ကြား​တွင် တရားသဖြင့်စီရင်​ပေး​တော်မူ​ပါစေသော​”​ဟု ဆို​လေ​၏​။


မိဇပါ ဟူ၍​လည်းကောင်း ခေါ်​၏​။ အကြောင်းမူကား လာဗန်​က “​ငါ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​မတွေ့မမြင်​နိုင်​ကြ​သောအခါ သင်​နှင့်​ငါ​ကြား​၌ ထာဝရဘုရား​စောင့်ကြည့်​တော်မူ​ပါစေ​။


သင်​သည် ငါ့​သမီး​တို့​ကို​နှိပ်စက်​မည်​၊ ငါ့​သမီး​တို့​အပြင် အခြား​သော​မိန်းမ​တို့​ကို​ယူ​မည် ဆိုလျှင် ငါ​တို့​ကြား​၌​လူ​မ​ရှိ​သော်လည်း ဘုရားသခင်​သည် သင်​နှင့်​ငါ​ကြား​၌ သက်သေ​ဖြစ်​တော်မူ​ကြောင်း​သိမှတ်​လော့​”​ဟု ဆို​သောကြောင့်​ဖြစ်​၏​။


အာဗြဟံ​၏​ဘုရား​၊ နာခေါ်​၏​ဘုရား​၊ သူ​တို့​ဖခင်​၏​ဘုရား​သည် ငါ​တို့​ကြား​၌ တရားစီရင်​တော်မူ​ပါစေသော​”​ဟု ဆို​၏​။ ယာကုပ်​သည်​လည်း မိမိ​ဖခင်​ဣဇက်​ကြောက်ရွံ့​သော​ဘုရား​ကို​တိုင်တည်​၍ ကျိန်ဆို​လေ​၏​။


ထို့နောက် ဒါဝိဒ်​သည် တော​၌ ပုန်းအောင်း​နေ​၏​။ လဆန်းပွဲနေ့​ရောက်​သောအခါ ရှင်ဘုရင်​သည် စားတော်ခေါ်​ရန် နေရာယူ​လေ​၏​။


ထို့နောက် ယောနသန်​က ဒါဝိဒ်​အား “​အေးအေးဆေးဆေး​သွား​ပါ​တော့​။ ‘ထာဝရဘုရား​သည် ငါ​နှင့်​သင့်​ကြား​၊ ငါ့​သားစဉ်မြေးဆက်​နှင့် သင့်​သားစဉ်မြေးဆက်​တို့​ကြားတွင် သက်သေ​အစဉ်​ဖြစ်​ပါစေ’​ဟူ၍ ထို​ထာဝရဘုရား​၏​နာမ​တော်​၌ ငါ​တို့​နှစ်​ယောက် ကျိန်ဆို​ထား​ပြီ​”​ဟု ဆို​၏​။ ထို့နောက် ဒါဝိဒ်​ထွက်သွား​၍ ယောနသန်​လည်း မြို့​ထဲသို့ ပြန်သွား​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ