ယခု နှစ်အတန်ကြာပြီးနောက် အမျိုးသားချင်းတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ပူဇော်သက္ကာများဆက်ကပ်ရန် အကျွန်ုပ်ရောက်ရှိလာပါသည်။
၂ ကော 8:6 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် တိတုသည် ထိုကျေးဇူးပြုခြင်းအမှုကို သင်တို့တွင်အစပြုခဲ့သကဲ့သို့ ပြီးပြည့်စုံသည့်တိုင်အောင်ပြုမည့်အကြောင်း သူ့ကို ငါတို့တိုက်တွန်းကြ၏။ Common Language Bible သို့ဖြစ်၍စတင်တာဝန်ယူခဲ့သူတိတုအား ဤအလှူကိစ္စပြီးဆုံးအောင်သင်တို့ကိုကူညီ ဆောင်ရွက်ပေးရန်ငါသူ့ကိုတိုက်တွန်းခဲ့၏။- Garrad Bible သို့ ဖြစ်၍ ငါ တို့ သည် ထို သင်္ဂ ဟ ဝတ် ကို အ ထက် က လက် စ ပြု သူ တိ တု အား သင် တို့ ဘောင် တွင် အ ပြီး သတ် စေ မည့် အ ကြောင်း နှိုး ဆော် ကြ၏။ Judson Bible ထိုကြောင့် တိတုသည် သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကိုတောင်းပန်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် တိတုသည် သင်တို့အထဲ၌ ဤလှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်အားလျော်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် သူ့အား ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။ |
ယခု နှစ်အတန်ကြာပြီးနောက် အမျိုးသားချင်းတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ပူဇော်သက္ကာများဆက်ကပ်ရန် အကျွန်ုပ်ရောက်ရှိလာပါသည်။
သို့သော် ယခု ငါသည် သန့်ရှင်းသူများ၏အမှုကိုဆောင်ရွက်ရန် ဂျေရုဆလင်မြို့သို့ သွားရမည်။
ငါသည် တိတုကို သင်တို့ထံသို့လာရန် တိုက်တွန်း၍ သူနှင့်အတူ ညီအစ်ကိုတစ်ဦးကိုစေလွှတ်ခဲ့၏။ တိတုသည် သင်တို့ကို အမြတ်ထုတ်ခဲ့သလော။ ငါတို့သည် တူညီသောစိတ်သဘောဖြင့် ခြေရာတစ်ထပ်တည်းလျှောက်လှမ်းခဲ့ကြသည် မဟုတ်လော။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။
ဤကျေးဇူးပြုခြင်းအမှုနှင့်ပတ်သက်၍ အကြံတစ်ခုကို ငါပေးမည်။ ဤအကြံကား လွန်ခဲ့သောနှစ်ကတည်းက ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိကြသောသင်တို့အတွက် အကျိုးရှိ၏။
သခင်ဘုရားကိုယ်တော်တိုင်၏ဘုန်းတော်နှင့် ငါတို့၏စေတနာစိတ်တို့ကိုထင်ရှားစေရန် ငါတို့ပြုစုနေသော ဤကျေးဇူးပြုခြင်းအမှု၌ ငါတို့နှင့်အတူလိုက်ပါရန် အသင်းတော်များထံမှ ခန့်ထားခြင်းခံရသူလည်းဖြစ်၏။
တိတုနှင့်ပတ်သက်၍ပြောရလျှင် သူသည် ငါ၏အပေါင်းအဖော်ဖြစ်ပြီး သင်တို့အတွက် ငါနှင့်အတူလုပ်ဆောင်သောသူဖြစ်၏။ ငါတို့၏အခြားညီအစ်ကိုတို့နှင့်ပတ်သက်၍ပြောရလျှင် သူတို့သည် ခရစ်တော်၏ဘုန်းအသရေတည်းဟူသော အသင်းတော်များ၏စေတမန်ဖြစ်ကြ၏။
သန့်ရှင်းသူတို့အား ဝေမျှခြင်းအမှု၌ ပါဝင်ရသောကျေးဇူးတော်ကိုခံစားရရန် ငါတို့ကို အနူးအညွတ်မေတ္တာရပ်ခံ၍ တောင်းပန်ကြ၏။
ထို့ကြောင့် သင်တို့ပေးလှူသောအရာသည် အတင်းကောက်ခံခြင်းမျိုးမဟုတ်ဘဲ ရက်ရောစွာပေးလှူသောအရာအဖြစ် အသင့်ရှိမည့်အကြောင်း ငါသည် ညီအစ်ကိုများကို သင်တို့ထံသို့ ဦးစွာလာရန် တိုက်တွန်း၍ ယခင်ကတည်းက သင်တို့ကတိပေးထားသည့် ရက်ရောစွာပေးလှူသောအရာကို သင်တို့အားကြိုတင်ပြင်ဆင်ထားစေရန် လိုအပ်သည်ဟု ယူဆ၏။
ငါသည် အရာအားလုံးကိုရရှိ၍ ကြွယ်ဝလျက်ရှိ၏။ သင်တို့ပေးပို့သည့်အရာများကို ဧပဖြောဒိတ်ထံမှ ငါလက်ခံရရှိ၍ ပြည့်စုံလျက်ရှိပြီ။ ထိုအရာတို့သည် မွှေးကြိုင်သည့်ရနံ့၊ ဘုရားသခင်နှစ်သက်တော်မူသော လက်ခံဖွယ်ရာယဇ်ဖြစ်ကြ၏။
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။