Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 9:5 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 ထို့ကြောင့် သင်​တို့​ပေးလှူ​သော​အရာ​သည် အတင်း​ကောက်ခံ​ခြင်း​မျိုး​မ​ဟုတ်​ဘဲ ရက်ရော​စွာ​ပေးလှူ​သော​အရာ​အဖြစ် အသင့်​ရှိ​မည့်အကြောင်း ငါ​သည် ညီအစ်ကို​များ​ကို သင်​တို့​ထံသို့ ဦးစွာ​လာ​ရန် တိုက်တွန်း​၍ ယခင်​ကတည်းက သင်​တို့​ကတိ​ပေး​ထား​သည့် ရက်ရော​စွာ​ပေးလှူ​သော​အရာ​ကို သင်​တို့​အား​ကြိုတင်​ပြင်ဆင်​ထား​စေရန် လိုအပ်​သည်​ဟု ယူဆ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 သို့​ဖြစ်​၍​သင်​တို့​က​တိ​ပြု​ခဲ့​သည့်​အ​တိုင်း​ဤ အ​လှူ​ကို​ပြင်​ဆင်​နိုင်​ရေး​အ​တွက် ဤ​ညီ​အစ်​ကို တို့​အား​သင်​တို့​ထံ​သို့​ကြို​တင်​စေ​လွှတ်​ရန် လို​အပ်​သည်​ဟု​ငါ​ထင်​မှတ်​၏။ ငါ​ရောက်​ရှိ လာ​သော​အ​ခါ​အ​လှူ​အ​သင့်​ပြင်​ဆင်​ထား ပြီး​ဖြစ်​၍ သင်​တို့​က​ဝတ္တရား​အ​ရ​ပေး​လှူ သည်​မ​ဟုတ်​ဘဲ​စေ​တ​နာ​အ​ရ​ပေး​လှူ ကြောင်း​ပေါ်​လွင်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 သို့ ဖြစ်၍ တွန့် တို ခြင်း ကင်း လျက် စေ တ နာ အ လျောက် အ လှူ အ ဖြစ် အ သင့် ရှိ စေ ရန် ဆို ခဲ့ သော ညီ အစ် ကို တို့ ကို သင် တို့ ထံ တင် ရင် သွား စေ ပြီး လျှင် ဂ တိ ထား ပြီး အ လှူ ငွေ ကို ပြင် ဆင် နှင့် ကြ မည့် အ ကြောင်း နှိုး ဆော် သင့် သည် ဟု ငါ သ ဘော ရှိ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 ထို​ကြောင့် အ​ထက်​က ကြား​ပြော​သော သင်​တို့၏ အ​လှူ​ကျေး​ဇူး​သည် အ​နိုင်​အ​ထက်​လှူ​ရ​သော ဥ​စ္စာ​ကဲ့​သို့​မ​ဟုတ်။ အ​လှူ​ကျေး​ဇူး​ကဲ့​သို့ အ​သင့်​ရှိ​စေ​ခြင်း​ငှာ၊ ညီ​အစ်​ကို​တို့​သည် သင်​တို့​ဆီ​သို့ အ​ရင်​သွား​စေ၍ ထို​အ​လှူ​ကျေး​ဇူး​ကို အ​ရင်​ပြည့်​စုံ​စေ​ခြင်း​ငှာ၊ ငါ​သည် မ​တိုက်​တွန်း​ဘဲ မ​နေ​ကောင်း​ဟု သ​ဘော​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ထို့ကြောင့် သင်တို့​ကတိပေးထားသည့်​အတိုင်း လှူဒါန်းခြင်း​ကို အသင့်​ပြင်ဆင်​စေရန် တိုက်တွန်း​၍ ဤ​ညီအစ်ကိုများ​ကို သင်တို့​ထံ ကြိုတင်​စေလွှတ်​သင့်သည်​ဟု ကျွန်ုပ်​ယူဆမိ၏။ သို့မှသာ ဖိအားပေးခြင်း​ကြောင့် လှူဒါန်းခြင်း​မဟုတ်ဘဲ ရက်ရောသော​စေတနာစိတ်​ဖြင့် လှူဒါန်းခြင်း ဖြစ်​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 9:5
11 ပူးပေါင်းရင်းမြစ်များ  

သခင့်​ထံ အကျွန်ုပ်​ယူဆောင်​လာ​သော အကျွန်ုပ်​၏​ကောင်းချီးမင်္ဂလာ​ကို လက်ခံ​ပါ​လော့​။ အကြောင်းမူကား ဘုရားသခင်​သည် အကျွန်ုပ်​အား​ပေးသနား​တော်မူ​သည်​ဖြစ်၍ အကျွန်ုပ်​၌ အလုံးစုံ​ရှိ​ပါ​၏​”​ဟု ဆို​လျက် သူ့​ကို​တိုက်တွန်း​သဖြင့် သူ​သည်​လက်ခံ​လေ​၏​။


သူ​သည် နောက်လိုက်ဗိုလ်ပါ​အပေါင်း​တို့​နှင့်တကွ ဘုရားသခင်​၏​လူ​ထံ​ပြန်လာ​ပြီး သူ့​ရှေ့​တွင် သွား​ရပ်​လျက် “​အစ္စရေး​ပြည်​မှလွဲ၍ မြေ​တစ်ပြင်လုံး​တွင် ဘုရားသခင် မ​ရှိ​ကြောင်း​ကို အကျွန်ုပ်​သိ​ပါ​ပြီ​။ ယခု အရှင့်​အစေအပါး​၏​လက်ဆောင်​ကို လက်ခံ​ပါ​လော့​”​ဟု ဆို​၏​။


ငါ​လာ​သောအခါ​မှ အလှူ​ကောက်ခံ​ခြင်း​မ​ရှိ​စေရန် ရက်သတ္တပတ်​၏​ပထမ​နေ့​တိုင်း​တွင် သင်​တို့​တစ်ဦးစီ​သည် မိမိ​တို့​ကြီးပွား​သည့်​အတိုင်း တစ်စုံတစ်ခု​ကို​ဖယ်ထား​၍ စုဆောင်း​ထား​ကြ​လော့။


ထို့ကြောင့် တိတု​သည် ထို​ကျေးဇူးပြု​ခြင်း​အမှု​ကို သင်​တို့​တွင်​အစပြု​ခဲ့​သကဲ့သို့ ပြီးပြည့်စုံ​သည့်​တိုင်အောင်​ပြု​မည့်​အကြောင်း သူ့​ကို ငါ​တို့​တိုက်တွန်း​ကြ​၏။


ထို့ကြောင့် ဤ​ထောက်ပံ့​ခြင်း​အမှု​နှင့်​ပတ်သက်၍ သင်​တို့​အကြောင်း ငါ​တို့​ဝါကြွား​ထား​သော​အရာ​သည် အချည်းနှီး​မ​ဖြစ်​ဘဲ ငါ​ပြော​ထား​သည့်​အတိုင်း သင်​တို့​သည် အသင့်​ပြင်ဆင်​ထား​ကြ​မည့်​အကြောင်း ညီအစ်ကို​များ​ကို ငါ​စေလွှတ်​၏။


ငါ​သည် ဤသို့​ဆိုလို​၏။ အနည်းငယ်​သာ​မျိုးကြဲ​သော​သူ​သည် အနည်းငယ်​သာ​ရိတ်သိမ်း​ရ​မည်။ များစွာ​မျိုးကြဲ​သော​သူ​သည် များစွာ​ရိတ်သိမ်း​ရ​မည်။


ဤသို့ဆိုသော် လက်ဆောင်​ကို ငါ​အလိုရှိ​၍​မ​ဟုတ်။ သင်​တို့​၏​အကျိုးအမြတ်​ကို တိုးပွား​စေ​သော​အသီးအပွင့်​ကို​သာ ငါ​အလိုရှိ​၏။


သူ​က​လည်း “​လက်ဖွဲ့​တစ်​ခု တောင်း​ပါရစေ​။ ကျွန်မ​အား နေဂေ့​အရပ်​မှ​မြေ​ကို အဖေ​ပေး​ပြီ​။ စမ်းရေတွင်း​ကို​လည်း ပေး​ပါဦးလော့​”​ဟု ဆို​၏​။ ထို့ကြောင့် ကာလက်​သည် သူ​၏​သမီး​အား အထက်​စမ်းရေတွင်း​နှင့် အောက်​စမ်းရေတွင်း​တို့​ကို ပေး​လေ​၏​။


ယခု သခင့်​အဖို့ သခင့်​ကျွန်မ ယူလာ​သော​လက်ဆောင်​ကို သခင့်​နောက်လိုက်​ငယ်သား​တို့​အား ပေး​လိုက်​ပါရစေ​။


ဒါဝိဒ်​သည် ဇိကလတ်​မြို့​သို့ ရောက်​လျှင် သူ​၏​မိတ်ဆွေ ယုဒ​သက်ကြီးဝါကြီး​တို့​အား “​ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ရန်သူ​တို့​ထံမှ တိုက်ရာပါပစ္စည်း​များ​ကို သင်​တို့​အဖို့ လက်ဆောင်​ပေး​လိုက်​ပါ​၏​”​ဟု ဆို​၍ တိုက်ရာပါပစ္စည်း​များ​ကို ပေး​လိုက်​လေ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ