၂ ကော 8:6 - Common Language Bible6 သို့ဖြစ်၍စတင်တာဝန်ယူခဲ့သူတိတုအား ဤအလှူကိစ္စပြီးဆုံးအောင်သင်တို့ကိုကူညီ ဆောင်ရွက်ပေးရန်ငါသူ့ကိုတိုက်တွန်းခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible6 သို့ ဖြစ်၍ ငါ တို့ သည် ထို သင်္ဂ ဟ ဝတ် ကို အ ထက် က လက် စ ပြု သူ တိ တု အား သင် တို့ ဘောင် တွင် အ ပြီး သတ် စေ မည့် အ ကြောင်း နှိုး ဆော် ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible6 ထိုကြောင့် တိတုသည် သင်တို့၌ အဦးပြုနှင့်သကဲ့သို့ ထိုအလှူကျေးဇူးကို ပြီးစီးစေမည်အကြောင်း၊ ငါတို့သည် သူ့ကိုတောင်းပန်ကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း6 ထို့ကြောင့် တိတုသည် ထိုကျေးဇူးပြုခြင်းအမှုကို သင်တို့တွင်အစပြုခဲ့သကဲ့သို့ ပြီးပြည့်စုံသည့်တိုင်အောင်ပြုမည့်အကြောင်း သူ့ကို ငါတို့တိုက်တွန်းကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း6 ထို့ကြောင့် တိတုသည် သင်တို့အထဲ၌ ဤလှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်အားလျော်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် သူ့အား ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။ အခန်းကိုကြည့်ပါ။ |
ငါသည်တိတုအားသင်တို့ထံသို့သွားရန် တောင်းပန်စေလွှတ်ခဲ့၏။ အခြားခရစ်ယာန် ညီအစ်ကိုတစ်ဦးကိုလည်းသူနှင့်အတူ ထည့်လိုက်၏။ တိတုသည်သင်တို့ထံမှ အခွင့်ကောင်းယူခဲ့သည်ဟုဆိုမည်လော။ သူနှင့်ငါသည်သဘောချင်းတူ၍တစ် လမ်းတည်းလိုက်လျှောက်ကျင့်သုံးကြ သူများမဟုတ်လော။
ထိုမျှသာမကဤအလှူငွေကောက်ခံမှု အတွက်ငါတို့နှင့်အတူခရီးပြုရန် အသင်း တော်များကရွေးချယ်ခန့်ထားခြင်းခံရ သူလည်းဖြစ်၏။ သခင်ဘုရား၏ဘုန်းအသ ရေတော်ထွန်းတောက်စေရန်နှင့် ငါတို့၏စိတ် စေတနာကိုသိသာစေရန် ငါတို့သည်ဤ အလှူခံလုပ်ငန်းကိုဆောင်ရွက်နေကြ ခြင်းဖြစ်၏။
သို့ဖြစ်၍သင်တို့ကတိပြုခဲ့သည့်အတိုင်းဤ အလှူကိုပြင်ဆင်နိုင်ရေးအတွက် ဤညီအစ်ကို တို့အားသင်တို့ထံသို့ကြိုတင်စေလွှတ်ရန် လိုအပ်သည်ဟုငါထင်မှတ်၏။ ငါရောက်ရှိ လာသောအခါအလှူအသင့်ပြင်ဆင်ထား ပြီးဖြစ်၍ သင်တို့ကဝတ္တရားအရပေးလှူ သည်မဟုတ်ဘဲစေတနာအရပေးလှူ ကြောင်းပေါ်လွင်လိမ့်မည်။