ငါသည် တိတုကို သင်တို့ထံသို့လာရန် တိုက်တွန်း၍ သူနှင့်အတူ ညီအစ်ကိုတစ်ဦးကိုစေလွှတ်ခဲ့၏။ တိတုသည် သင်တို့ကို အမြတ်ထုတ်ခဲ့သလော။ ငါတို့သည် တူညီသောစိတ်သဘောဖြင့် ခြေရာတစ်ထပ်တည်းလျှောက်လှမ်းခဲ့ကြသည် မဟုတ်လော။
၂ ကော 8:17 - မြန်မာ့စံမီသမ္မာကျမ်း တိတုသည် ငါတို့၏တိုက်တွန်းမှုကိုလက်ခံသည်သာမက အလွန်ထက်သန်သောစိတ်ရှိ၍ မိမိစိတ်ဆန္ဒအလျောက် သင်တို့ထံသို့လာ၏။ Common Language Bible တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။- Garrad Bible သူ သည် ငါ တို့ နှိုး ဆော် ခြင်း ကို ခံ ယူ သည် သာ မ က စိတ် ရင်း အား ကြီး သည့် အ တိုင်း အ လို အ လျောက် သင် တို့ ထံ ပြန် သွား ရာ သ တင်း တော် မြတ် ကို ဟော ပြော မှု ကြောင့်၊ Judson Bible ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ကျွန်ုပ်တို့ တိုက်တွန်းသည်ကို လက်ခံသည်သာမက သူကိုယ်တိုင်က အလွန်စိတ်အားထက်သန်လျက် မိမိဆန္ဒအလျောက် သင်တို့ထံသို့ လာ၏။ |
ငါသည် တိတုကို သင်တို့ထံသို့လာရန် တိုက်တွန်း၍ သူနှင့်အတူ ညီအစ်ကိုတစ်ဦးကိုစေလွှတ်ခဲ့၏။ တိတုသည် သင်တို့ကို အမြတ်ထုတ်ခဲ့သလော။ ငါတို့သည် တူညီသောစိတ်သဘောဖြင့် ခြေရာတစ်ထပ်တည်းလျှောက်လှမ်းခဲ့ကြသည် မဟုတ်လော။
ဤကျေးဇူးပြုခြင်းအမှုနှင့်ပတ်သက်၍ အကြံတစ်ခုကို ငါပေးမည်။ ဤအကြံကား လွန်ခဲ့သောနှစ်ကတည်းက ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိကြသောသင်တို့အတွက် အကျိုးရှိ၏။
ထို့ကြောင့် တိတုသည် ထိုကျေးဇူးပြုခြင်းအမှုကို သင်တို့တွင်အစပြုခဲ့သကဲ့သို့ ပြီးပြည့်စုံသည့်တိုင်အောင်ပြုမည့်အကြောင်း သူ့ကို ငါတို့တိုက်တွန်းကြ၏။
ထိုသို့ဆိုသော် ပညတ်ချက်အနေဖြင့် ငါဆိုသည်မဟုတ်။ အခြားသူတို့၏စိတ်အားထက်သန်မှုအားဖြင့် သင်တို့ချစ်ခြင်းမေတ္တာ၏စစ်မှန်မှုကို စစ်ဆေးနေခြင်းသာဖြစ်၏။
ညီအစ်ကိုတို့၊ ငါသည် သင်တို့ထံ အကျဉ်းချုံးရေးသားလိုက်ခြင်းသာဖြစ်၍ ဤတိုက်တွန်းအားပေးစကားကိုလက်ခံကြရန် သင်တို့အား ငါတောင်းပန်၏။