သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင်စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။
၂ ကော 8:12 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။ Common Language Bible သင်တို့ပေးလှူလိုသောစေတနာစိတ်ရှိလျှင် ဘုရားသခင်သည်သင်တို့မတတ်နိုင်မှုကို မထောက်ဘဲတတ်နိုင်မှုကိုထောက်၍သင်တို့ ၏အမှုကိုလက်ခံတော်မူလိမ့်မည်။ Garrad Bible အ ကယ်၍ စေ တ နာ ရှိ လျှင် မ တတ် နိုင် ရာ ကို မ ထောက် ဘဲ တတ် နိုင် ရာ ကို ထောက်၍ လက် ခံ တော် မူ၏။ Judson Bible အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကို မထောက်ဘဲ၊ တတ်နိုင်သောအမှုကို ထောက်၍ နှစ်သက်တော်မူဖွယ် ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။ |
သို့သော် ထာဝရဘုရားက ငါ့ခမည်းတော်ဒါဝိဒ်မင်းကြီးအား ‘ငါ့နာမအဖို့ အိမ်တော်ကိုတည်ဆောက်ရန် သင်စိတ်ဆန္ဒရှိလေပြီ။ ထိုစိတ်ဆန္ဒရှိခြင်းသည် ကောင်းသောအမှုဖြစ်၏။
“ငါ့ထံသို့ အလှူပစ္စည်းကိုယူဆောင်လာကြမည့်အကြောင်း အစ္စရေးအမျိုးသားတို့အားဆင့်ဆိုလော့။ ငါ့အား စေတနာစိတ်ဖြင့်ပေးလှူသူအပေါင်းတို့ထံမှ အလှူပစ္စည်းကို သင်တို့ခံယူရမည်။
ငွေနှင့်ကြေးနီဟူသောအလှူပစ္စည်းတို့ကို ပေးလှူပူဇော်နိုင်သောသူအပေါင်းတို့သည် ထိုအလှူပစ္စည်းတို့ကို ထာဝရဘုရားထံ ယူဆောင်လာကြ၏။ အကေရှားသစ်သားရှိသောသူအပေါင်းတို့သည်လည်း ဆောင်ရွက်စရာအလုပ်အမျိုးမျိုးတို့အတွက် ယူဆောင်လာကြ၏။
မောရှေအားဖြင့် ထာဝရဘုရားမိန့်မှာတော်မူသော လုပ်ဆောင်ရမည့်အလုပ်အမျိုးမျိုးအတွက် စိတ်စေတနာရှိသော အစ္စရေးအမျိုးသားယောက်ျားမိန်းမအပေါင်းတို့သည် ထာဝရဘုရားထံ စေတနာအလျောက်လှူသောအလှူပစ္စည်းကို ယူဆောင်လာကြ၏။
‘ထာဝရဘုရားထံတော်သို့ အလှူပစ္စည်းများကို သင်တို့ယူဆောင်ခဲ့ကြလော့။ စေတနာစိတ်ရှိသောသူတိုင်း ထာဝရဘုရားထံတော်သို့ အလှူပစ္စည်းအဖြစ် ရွှေ၊ ငွေ၊ ကြေးနီ၊
လူ့ထံမှအလိုရှိအပ်သောအရာကား သူ၏မေတ္တာကရုဏာဖြစ်၏။ ဆင်းရဲသောသူသည် လိမ်လည်သောသူထက် ပို၍ကောင်း၏။
နှစ်တာလန်ရသောသူသည်လည်း ချဉ်းကပ်၍ ‘သခင်၊ သခင်သည် အကျွန်ုပ်အား နှစ်တာလန်အပ်နှင်းခဲ့ပါသည်။ ကြည့်ပါ။ အကျွန်ုပ်သည် နောက်ထပ် နှစ်တာလန်အမြတ်ရပါပြီ’ဟု လျှောက်လေ၏။
သေးငယ်သောအမှု၌ သစ္စာရှိသောသူသည် ကြီးသောအမှု၌လည်း သစ္စာရှိ၏။ သေးငယ်သောအမှု၌ မဖြောင့်မတ်သောသူသည် ကြီးသောအမှု၌လည်း မဖြောင့်မတ်ပေ။
သင်တို့သည် ဆောင်ရွက်လိုသည့်စေတနာစိတ်ရှိသည့်အတိုင်း ရှိသည့်အရာဖြင့် ပြီးစီးအောင်ဆောင်ရွက်နိုင်ရန် ယခု ထိုအမှုကိုပြီးစီးအောင် ဆောင်ရွက်ကြလော့။
ဤအမှုအရာအားဖြင့် အခြားသူတို့ကိုသက်သာစေ၍ သင်တို့ကိုဒုက္ခရောက်စေရန်မဟုတ်။ ညီတူညီမျှဖြစ်စေရန်သာဖြစ်၏။
သခင်ဘုရားကိုယ်တော်တိုင်၏ဘုန်းတော်နှင့် ငါတို့၏စေတနာစိတ်တို့ကိုထင်ရှားစေရန် ငါတို့ပြုစုနေသော ဤကျေးဇူးပြုခြင်းအမှု၌ ငါတို့နှင့်အတူလိုက်ပါရန် အသင်းတော်များထံမှ ခန့်ထားခြင်းခံရသူလည်းဖြစ်၏။
လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။
သင်တို့တစ်ဦးစီသည် မိမိခံစားရရှိသည့်ဆုကျေးဇူးအလျောက် ဘုရားသခင်၏အမျိုးမျိုးသောကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းသောဘဏ္ဍာစိုးများကဲ့သို့ ထိုဆုကျေးဇူးအားဖြင့် အချင်းချင်းကူညီဆောင်ရွက်ပေးကြလော့။