သုတ္တံကျမ်း။ 19:22 - မြန်မာ့စံမီသမ္မာကျမ်း22 လူ့ထံမှအလိုရှိအပ်သောအရာကား သူ၏မေတ္တာကရုဏာဖြစ်၏။ ဆင်းရဲသောသူသည် လိမ်လည်သောသူထက် ပို၍ကောင်း၏။ အခန်းကိုကြည့်ပါ။Common Language Bible22 လူသည်စေတနာရှိလျှင် ကျေးဇူးပြုရာ ရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသာသုံးသော သူထက်သာ၍ ကောင်း၏။ အခန်းကိုကြည့်ပါ။Garrad Bible22 လူ တွင် နှစ် သက် ဖွယ် ရာ မှာ၊ ကျေး ဇူး ပြု ခြင်း တည်း။ နွမ်း ပါး သော သူ သည်၊ သ စ္စာ မဲ့ သူ ထက် သာ၍ မြတ် ၏။ အခန်းကိုကြည့်ပါ။Judson Bible22 လူသည် စေတနာရှိလျှင် ကျေးဇူးပြုရာရောက်၏။ ဆင်းရဲသောသူသည်လည်း၊ မုသားသုံးသောသူထက် သာ၍ကောင်း၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။