ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
၂ ကော 7:15 - မြန်မာ့စံမီသမ္မာကျမ်း တိတုသည် သင်တို့အားလုံး၏နာခံမှုနှင့် သင်တို့သည် သူ့ကိုကြောက်ရွံ့တုန်လှုပ်စွာဖြင့် ကြိုဆိုလက်ခံခဲ့ကြောင်းကို သတိရသဖြင့် သင်တို့ကို ပို၍ကြွယ်ဝစွာချစ်ခင်ကြင်နာလေ၏။ Common Language Bible သူ၏စကားကိုသင်တို့လိုက်နာရန်အသင့် ရှိကြသည်ကိုလည်းကောင်း၊ ကြောက်ရွံ့တုန် လှုပ်လျက်သူ့အားကြိုဆိုလက်ခံကြသည် ကိုလည်းကောင်းသူသည်သတိရသဖြင့် သင်တို့အားပို၍ပင်ချစ်ခင်မြတ်နိုးလာ ပေသည်။- Garrad Bible တိ တု လည်း သင် တို့ ရှိ သ မျှ လိုက် နာ လျက် ကြောက် ရွံ့ တုန် လှုပ် စွာ သူ့ ကို လက် ခံ ကြ ကြောင်း သ တိ ရ၍ သင် တို့ အား အ ထူး နှစ် သက် လေ ၏။ Judson Bible သင်တို့သည် ကြောက်ရွံ့တုန်လှုပ်ခြင်းနှင့် သူ့ကိုလက်ခံ၍ နားထောင်ကြသည်ကို သူသည် အောက်မေ့သဖြင့်၊ သင်တို့ကို ချစ်သနားခြင်း မေတ္တာကရုဏာစိတ်နှင့် အလွန်ပြည့်စုံ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အားလုံးက နာခံ၍ ကြောက်ရွံ့တုန်လှုပ်လျက် သူ့အား လက်ခံခဲ့ကြောင်းကို တိတုသည် သတိရသဖြင့် သင်တို့ကို ပို၍ ချစ်ခင်မြတ်နိုးလာ၏။ |
ယောသပ်သည် မိမိညီကို အလွန်ကရုဏာသက်သောကြောင့် အလျင်အမြန်ထွက်သွား၍ ငိုကြွေးရန်နေရာရှာပြီး အတွင်းခန်းထဲသို့ဝင်၍ ငိုကြွေးလေ၏။
အသက်ရှင်နေသောသား၏မိခင်မှာ မိမိသားကို အလွန်သနားသဖြင့် ရှင်ဘုရင်အား “အို အကျွန်ုပ်၏သခင်၊ အသက်ရှင်နေသောသားကို သူ့အား ပေးလိုက်ပါ။ ကလေးကို အလျှင်းမသတ်ပါနှင့်”ဟု လျှောက်တင်၏။ သို့သော် နောက်မိန်းမက “သင်လည်း မယူရ၊ ငါလည်း မယူရ။ ဤကလေးကို နှစ်ခြမ်းခွဲပါစေ”ဟု ဆို၏။
ယုဒနှင့် ဗင်္ယာမိန်အမျိုး ယောက်ျားအပေါင်းတို့သည်လည်း သုံးရက်အတွင်း ဂျေရုဆလင်မြို့သို့ စုရုံးရောက်ရှိလာကြ၏။ နဝမလ၊ နှစ်ဆယ်ရက်နေ့တွင် လူအပေါင်းတို့သည် ဤအမှုများကြောင့်လည်းကောင်း၊ မိုးလည်း သည်းထန်စွာရွာနေသောကြောင့်လည်းကောင်း ဘုရားသခင်၏အိမ်တော်ကွင်းပြင်တွင် တုန်ရီစွာဖြင့် ထိုင်နေကြ၏။
ညနေပူဇော်သက္ကာချိန်တိုင်အောင် ငါသည် လက်မှိုင်ချလျက်ထိုင်နေစဉ်တွင် ဖမ်းခေါ်သွားခြင်းခံရရာမှ ပြန်လာသောသူတို့၏ဖောက်ပြန်မှားယွင်းမှုကြောင့် အစ္စရေးလူမျိုးတို့၏ဘုရားသခင်အမိန့်တော်ကို ကြောက်ရွံ့သောသူတို့သည် ငါ့ထံ စုရုံးရောက်လာကြ၏။
ကိုယ်တော်ကိုကြောက်ရွံ့၍ အကျွန်ုပ်အသားသည် တဆတ်ဆတ်တုန်နေပါ၏။ ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်တို့ကိုလည်း အကျွန်ုပ်ကြောက်ရွံ့ပါ၏။
ကြောက်ရွံ့သောစိတ်ဖြင့် ထာဝရဘုရား၏အမှုတော်ကို ဆောင်ရွက်ကြလော့။ ထိတ်လန့်တုန်လှုပ်လျက် ရွှင်လန်းကြလော့။
အကျွန်ုပ်ချစ်သူသည် တံခါးပေါက်မှ လက်လှမ်းလျှိုလိုက်သောအခါ အကျွန်ုပ်၏အသဲနှလုံး တုန်ခါသွားပါ၏။
ထာဝရဘုရားက “အလုံးစုံကို ငါ့လက်ဖြင့်ဖန်ဆင်း၍ အလုံးစုံသည် ဖြစ်တည်လေပြီ။ စိတ်နှိမ့်ချသောသူ၊ နောင်တရသောသူ၊ ငါ့နှုတ်ထွက်စကားကြောင့် စိုးရိမ်ထိတ်လန့်သောသူကို ငါကြည့်ရှုမည်။
ဧဖရိမ်အမျိုး နှုတ်ဟလိုက်သည်နှင့် လူတို့ ထိတ်လန့်ကြရ၏။ အစ္စရေးအမျိုးတွင် သူသည် ဩဇာညောင်းသူဖြစ်၏။ သို့သော် ဗာလဘုရားကြောင့် အပြစ်သင့်၍ သေဆုံးရ၏။
အမျိုးသမီးတစ်ဦးသည် သားဖွားသောအခါ မွေးဖွားချိန်ရောက်လာသောကြောင့် ပူဆွေးခြင်းရှိတတ်၏။ သို့ရာတွင် ကလေးမွေးဖွားပြီးသောအခါ ဤလောကတွင် လူတစ်ယောက်မွေးဖွားသည့်အတွက် ဝမ်းမြောက်ခြင်းရှိသဖြင့် ခံစားခဲ့ရသောဒုက္ခဝေဒနာကို သတိမရတော့ပေ။
ထိုအခါ ထောင်မှူးသည် မီးတိုင်ကိုတောင်းယူ၍ ပြေးဝင်လာပြီးလျှင် တုန်လှုပ်လျက် ပေါလုနှင့်သိလတို့ရှေ့တွင် ပျပ်ဝပ်လေ၏။
ငါသည် သင်တို့နှင့်အတူရှိစဉ်က အားနည်းလျက်၊ ကြောက်ရွံ့လျက်၊ အလွန်တုန်လှုပ်လျက်နေ၏။
သင်တို့သည် အရာရာ၌ နာခံမှုရှိ၊ မရှိ ငါသိရှိနိုင်ရန်အတွက် သင်တို့ကိုစမ်းသပ်သည့်အနေဖြင့် ထိုစာကိုငါရေးသားခဲ့ခြင်းဖြစ်၏။
ငါတို့သည် ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားသည်မဟုတ်။ သင်တို့ကသာ သင်တို့၏ကြင်နာစိတ်ကို ကန့်သတ်ပိတ်ပင်ထားခြင်းဖြစ်၏။
ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
ငါသည် ခရစ်တော်ယေရှု၏ကြင်နာခြင်းဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ငါ့အတွက်သက်သေခံပေးသောအရှင်မှာ ဘုရားသခင်ဖြစ်တော်မူ၏။
သို့ဖြစ်၍ ငါချစ်သောသူတို့၊ သင်တို့သည် အစဉ်နာခံခဲ့ကြသည့်အတိုင်း ငါ၏မျက်မှောက်၌သာမဟုတ်ဘဲ ယခု ငါနှင့်ဝေးကွာသည့်အခါ၌လည်း ပို၍နာခံလျက် ကြောက်ရွံ့တုန်လှုပ်သောစိတ်ဖြင့် မိမိတို့၏ကယ်တင်ခြင်းကို အကောင်အထည်ဖော်ကြလော့။
ထို့ကြောင့် သင်တို့သည် ဘုရားသခင်ရွေးကောက်တော်မူသောသူများ၊ သန့်ရှင်းသောသူများနှင့် ချစ်တော်မူသောသူများဖြစ်ကြသည့်အလျောက် ကြင်နာခြင်းနှင့်ပြည့်ဝသည့်သက်ညှာခြင်း၊ ကျေးဇူးပြုခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် စိတ်ရှည်သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
တစ်စုံတစ်ယောက်သည် ဤစာအားဖြင့် ငါတို့မှာကြားသောစကားကိုနားမထောင်လျှင် ထိုသူအား အရှက်ရစေရန် သူ့ကိုမှတ်ထားလျက် သူနှင့်အပေါင်းအဖော်မပြုကြနှင့်။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ရှိလျက်နှင့် မိမိညီအစ်ကိုဆင်းရဲချို့တဲ့နေသည်ကိုမြင်၍ မိမိ၏ကြင်နာစိတ်ကိုချုပ်တည်းထားလျှင် ဘုရားသခင်၏ချစ်ခြင်းမေတ္တာသည် ထိုသူ၌ မည်သို့တည်မည်နည်း။