Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဟော​ရှေ 13:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

1 ဧဖရိမ်​အမျိုး နှုတ်ဟ​လိုက်​သည်​နှင့် လူ​တို့ ထိတ်လန့်​ကြ​ရ​၏​။ အစ္စရေး​အမျိုး​တွင် သူ​သည် ဩဇာညောင်း​သူ​ဖြစ်​၏​။ သို့သော် ဗာလ​ဘုရား​ကြောင့် အပြစ်သင့်​၍ သေဆုံး​ရ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

1 ယ​ခင်​အ​ခါ​က​ဧ​ဖ​ရိမ်​အ​နွယ်​ဝင်​တို့​ပြော သော​စ​ကား​ကို​အ​ခြား​ဣ​သ​ရေ​လ​အ​နွယ် ဝင်​တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​ကြ​၏။ အ​ခြား သော​ဣ​သ​ရေ​လ​အ​နွယ်​ဝင်​တို့​သည်​ဧ​ဖ​ရိမ် အ​နွယ်​ဝင်​တို့​ကို​ရို​သေ​လေး​စား​ကြ​၏။ သို့ ရာ​တွင်​သူ​တို့​သည်​ဗာ​လ​ဘု​ရား​ကို​ကိုး ကွယ်​သော​အ​ပြစ်​ကြောင့်​သေ​ကြေ​ပျက်​စီး ရ​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

1 အ ထက် ကာ လ၊ ဧ ဖ ရိမ်၏ အာ ဏာ သံ ကြောင့် တုန် လှုပ် ခြင်း ရှိ ကြ၏။ ဣ သ ရေ လ အ မျိုး တွင် ဩ ဇာ ကြီး သော် လည်း၊ ဗာ လ နတ် ကြောင့် ပြစ် ဒဏ် ခံ ထိုက် သည့် အ လျောက်၊ အ သေ ဖြစ် ရ လေ စွ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

1 ဧ​ဖ​ရိမ်​သည် နှုတ်​မြွက်​သော​အ​ခါ သူ​တစ်​ပါး​ကြောက်​လန့်​တတ်၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ မြင့်​မြတ်၏။ နောက်​တစ်​ဖန် ဗာ​လ​ဘု​ရား​အား​ဖြင့် ပြစ်​မှား​သော​ကြောင့် သေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟော​ရှေ 13:1
26 ပူးပေါင်းရင်းမြစ်များ  

သို့သော် အကောင်း​အဆိုး​သိကျွမ်း​ရာ​အပင်​၏​အသီး​ကို မ​စား​ရ​။ အကြောင်းမူကား ထို​အသီး​ကို​စား​သော​နေ့​တွင် သင်​သည် မုချ​သေ​ရ​မည်​”​ဟု ပညတ်​ထား​တော်မူ​၏​။


ထို့နောက်တွင် ယေရောဗောင်​မင်းကြီး​သည် ဧဖရိမ်​တောင်​ပေါ်တွင် ရှေခင်​မြို့​ကို​တည်​၍ နေထိုင်​၏​။ ထို့နောက် ရှေခင်​မြို့​မှ​ထွက်ခွာ​ပြီး ပေနွေလ​မြို့​ကို တည်​ပြန်​၏​။


လူ​တို့​သည် ငါ​ပြော​မည့်​စကား​ကို နားစွင့်​ပြီး မျှော်​တတ်​ကြ​၏​။ ငါ​အကြံပေး​မည်​ကို တိတ်ဆိတ်​စွာ​စောင့်​နေ​ကြ​၏​။


ငါ​စကားပြော​ပြီးလျှင် မည်သူ​မျှ​စောဒက​မ​တက်​ကြ​။ ငါ့​စကား​သည် သူ​တို့​အပေါ် နှင်းစက်​ကဲ့သို့​ကျ​၏​။


ပျက်စီး​ခြင်း​၏​ရှေ့ပြေး​သည် လူ​၏​ဘဝင်မြင့်​ခြင်း​ဖြစ်​၏​။ ဂုဏ်သရေ​၏​ရှေ့ပြေး​ကား စိတ်နှိမ့်ချ​ခြင်း​ဖြစ်​၏​။


ထာဝရဘုရား​က “​အလုံးစုံ​ကို ငါ့​လက်​ဖြင့်​ဖန်ဆင်း​၍ အလုံးစုံ​သည် ဖြစ်တည်​လေ​ပြီ​။ စိတ်နှိမ့်ချ​သော​သူ​၊ နောင်တရ​သော​သူ​၊ ငါ့​နှုတ်ထွက်စကား​ကြောင့် စိုးရိမ်ထိတ်လန့်​သော​သူ​ကို ငါ​ကြည့်ရှု​မည်​။


အကြောင်းမူကား ဆီးရီးယား​ပြည်​၏​ဦးခေါင်း​သည် ဒမတ်စကပ်​မြို့​၊ ဒမတ်စကပ်​မြို့​၏​ဦးခေါင်း​သည် ရေဇိန်​မင်းကြီး​ဖြစ်​၏​။ ဧဖရိမ်​သည် ခြောက်ဆယ့်​ငါး​နှစ်​အတွင်း လူမျိုး​တစ်​မျိုး​အဖြစ်​မှ တစ်စစီပြိုကွဲ​သွား​ရ​လိမ့်မည်​ဟု မိန့်​တော်မူ​ပြီ​။


သူ​တို့​သည် ခေါ်​လေလေ ထွက်ပြေး​လေလေ ဖြစ်​၏​။ ဗာလ​ဘုရား​ကို ယဇ်ပူဇော်​ကြ​၏​။ ရုပ်တု​များ​အား နံ့သာပေါင်း​ကို​မီးရှို့ပူဇော်​ကြ​၏​။


ယခုမှာ သူ့​ချစ်သူ​များ​ရှေ့​တွင် သူ့​အရှက်​ကို ပေါ်​စေ​မည်​။ မည်သူ​မျှ သူ့​ကို ငါ့​လက်​မှ​ကယ်​နိုင်​မည်​မ​ဟုတ်​။


သူ့​အား ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​၊ ဆီ​တို့​ကို​ပေး​သော​သူ​မှာ ငါ​ဖြစ်ကြောင်း​၊ ဗာလ​ဘုရား​ကို​ပူဇော်​သော​ရွှေ​ငွေ​တို့​ကို တိုးပွား​စေ​သူ​မှာ ငါ​ဖြစ်ကြောင်း သူ​မ​သိ​။


သူ​တို့​သည် ငါ​ခွင့်​မ​ပြု​ဘဲ ဘုရင်​ကို တင်မြှောက်​ကြ​၏​။ ငါ​မ​သိ​ဘဲ အုပ်ချုပ်သူ​ကို ခန့်ထား​ကြ​၏​။ ရွှေ​ငွေ​တို့​ဖြင့် ရုပ်တု​များ​ကို​ပြုလုပ်​ကြ​သည်​ဖြစ်၍ ဖျက်ဆီး​ခံရ​ကြ​လိမ့်မည်​။


ထို့နောက် ဧဖရိမ်​၏​သားမြေး​တို့​သည် မိမိ​တို့​တပ်ဖွဲ့​အလိုက် တပ်စခန်း​အလံ​နှင့်တကွ ခရီးပြု​ကြ​၏​။ ထို​တပ်ဖွဲ့​ကို အမိဟုဒ်​၏​သား ဧလိရှမာ ဦးစီး​၏​။


ဤသည်ကား ခါနာန်​ပြည်​ကို စူးစမ်း​ရန် မောရှေ​စေလွှတ်​သော​သူ​တို့​၏​အမည်​များ​ဖြစ်​၏​။ မောရှေ​သည် နုန်​၏​သား ဟောရှေ​ကို ယောရှု​ဟု မှည့်ခေါ်​၏​။


ဧဖရိမ်​အမျိုးအနွယ်​မှ နုန်​၏​သား ဟောရှေ​၊


အကြောင်းမူကား မိမိကိုယ်ကို​ချီးမြှောက်​သော​သူ​တိုင်း​သည် နှိမ့်ချ​ခြင်း​ကို​ခံရ​၍ မိမိကိုယ်ကို​နှိမ့်ချ​သော​သူ​သည် ချီးမြှောက်​ခြင်း​ကို​ခံရ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ထို့ကြောင့် တစ်​ယောက်​သော​သူ​အားဖြင့် အပြစ်​တရား​သည် ဤ​လောက​ထဲသို့​ဝင်​လာ​၍ အပြစ်​တရား​အားဖြင့် သေ​ခြင်း​တရား​ဝင်လာ​သည်​နှင့်အညီ လူ​အပေါင်း​တို့​သည် အပြစ်​ပြု​သဖြင့် လူသား​အားလုံး​အပေါ်၌ သေ​ခြင်း​တရား​သက်ရောက်​ခဲ့​၏။


အဘယ်ကြောင့်​ဆိုသော် ခရစ်တော်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​ကို​လွှမ်းမိုး​လျက်​ရှိ​၏။ ငါ​တို့​သည် ဤသို့​ယူဆ​ကြ​၏။ တစ်​ယောက်​သော​သူ​သည် လူ​အပေါင်း​တို့​အတွက် အသေခံ​သည်​ဖြစ်၍ လူ​အပေါင်း​တို့​သည် သေဆုံး​ခဲ့​ကြ​ပြီ။


ထာဝရဘုရား​က ယောရှု​အား “​ငါ​သည် မောရှေ​နှင့်အတူ​ရှိ​သကဲ့သို့ သင်​နှင့်အတူ​ရှိ​သည်​ကို အစ္စရေး​လူမျိုး​အပေါင်း​တို့​သိမြင်​ကြ​မည့်​အကြောင်း ယနေ့​မှ​စ​၍ သင့်​ကို သူ​တို့​ရှေ့​၌ ချီးမြှောက်​မည်​။


ဧဖရိမ်​အမျိုးသား​တို့​သည် ဇာဖုန်​မြို့​သို့ စုရုံး​ချီတက်​လာ​ပြီး ယေဖသ​အား “​သင်​သည် အမ္မုန်​အမျိုးသား​တို့​ကို ချီတက်​တိုက်ခိုက်​သောအခါ ငါ​တို့​ကို အဘယ်ကြောင့်​မ​ခေါ်​သနည်း​။ ယခု သင်​နှင့်​သင့်​အိမ်​ကို မီး​ရှို့​ပစ်​မည်​”​ဟု ပြော​ကြ​၏​။


ဧဖရိမ်​အမျိုးသား​တို့​က ဂိဒေါင်​အား “​သင်​သည် မိဒျန်​လူမျိုး​တို့​နှင့် စစ်သွားတိုက်​သည်​ကို ငါ​တို့​အား အဘယ်ကြောင့် မ​ခေါ်​သနည်း​။ ငါ​တို့​အား အဘယ်ကြောင့် ထိုသို့​ပြု​သနည်း​”​ဟု ဆို​လျက် ပြင်းပြင်းထန်ထန်​အပြစ်တင်​ကြ​၏​။


ရှမွေလ​က “​သင်​သည် သင့်ကိုယ်သင် သေးသိမ်​သော​သူ​ဟု ထင်မှတ်​သော်လည်း အစ္စရေး​အမျိုးအနွယ်​တို့​၏​အကြီးအမှူး ဖြစ်လာ​သည်​မ​ဟုတ်​လော​။ ထာဝရဘုရား​သည် သင့်​ကို အစ္စရေး​လူမျိုး​၏​ရှင်ဘုရင်​အဖြစ် ဘိသိက်ပေး​တော်မူ​၏​။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ