သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
၂ ကော 11:10 - မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်၏သမ္မာတရားသည် ငါ၌ရှိသည်နှင့်အညီ ငါ၌ရှိသည့် ဤဂုဏ်ယူဝါကြွားခြင်းကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ ပိတ်ပင်၍ရမည်မဟုတ်။ Common Language Bible ဤသို့ငါဝါကြွားသည်ကိုအခါယပြည်တစ် လျှောက်လုံးတွင်မည်သူမျှပိတ်ပင်၍ရလိမ့်မည် မဟုတ်ကြောင်း ငါ၌ရှိသောခရစ်တော်၏သစ္စာ တရားတော်ကိုအမှီပြု၍ငါဆို၏။- Garrad Bible ငါ၌ ခ ရစ် တော်၏ သ စ္စာ တော် တည် ရှိ သည့် အ တိုင်း အ ခါ ယ ပြည် နယ် များ တွင် ကား ထို သို့ ဂုဏ် တင် ခွင့် ကို မည် သူ မျှ ကန့် ကွက် ရ မည် မ ဟုတ်။ Judson Bible ခရစ်တော်၏သစ္စာတရားသည် ငါ၌ ရှိသည်ဖြစ်၍၊ အခါယပြည်များတို့၌ ဤသို့ ငါဝါကြွားသည်အမှုကို အဘယ်သူမျှ မဆီးတားရ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤသို့ ကျွန်ုပ်ကြွားဝါသည်ကို အခါယပြည်တစ်လျှောက်၌ မည်သူမျှ တားဆီး၍ ရမည်မဟုတ်ကြောင်း ခရစ်တော်၏ သမ္မာတရားကျွန်ုပ်၌ ရှိသည်နှင့်အညီ ကျွန်ုပ်ဆို၏။ |
သို့သော် ဂါလျုန်သည် အခါယပြည်၏အုပ်ချုပ်ရေးမှူးဖြစ်စဉ် ဂျူးလူမျိုးတို့သည် ပေါလုကို တညီတညွတ်တည်းဆန့်ကျင်၍ သူ့ကို တရားခွင်သို့ ခေါ်ဆောင်သွားပြီးလျှင်
အာပေါလုသည် အခါယပြည်သို့သွားလိုသောအခါ ညီအစ်ကိုများသည် သူ့ကိုအားပေး၍ ထိုပြည်ရှိတပည့်တော်များအား သူ့ကို ကြိုဆိုလက်ခံရန် စာရေးပေးကြ၏။ သူသည် ရောက်သောအခါ ကျေးဇူးတော်အားဖြင့်ယုံကြည်လာသူများကို များစွာကူညီလေ၏။
ငါသည်ဆုတောင်းသောအခါ သင်တို့ကိုအမြဲမပြတ်သတိရလျက် ဘုရားသခင်၏အလိုတော်ရှိလျှင် တစ်ချိန်ချိန်တွင် တစ်နည်းနည်းဖြင့် သင်တို့ထံသို့လာရသောအခွင့်ရှိပါမည့်အကြောင်း အစဉ်တောင်းလျှောက်နေ၏။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ငါ့အတွက်သက်သေခံပေးသောသူမှာ သားတော်၏ကောင်းမြတ်သောသတင်းကို ငါဟောပြောလျက် ငါ၏ဝိညာဉ်အားဖြင့် ဝတ်ပြုသောဘုရားသခင်ဖြစ်တော်မူ၏။
သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
ငါသည် ခရစ်တော်၌ မုသားမပါ ဟုတ်မှန်ရာကိုပြောမည်။ ငါ၏အသိစိတ်သည် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါနှင့်အတူသက်သေခံလျက်နေသည့်အကြောင်းကား
ညီအစ်ကိုတို့၊ သတေဖနာ၏အိမ်သူအိမ်သားတို့သည် အခါယပြည်၏အသီးဦးဖြစ်ကြပြီး သန့်ရှင်းသူတို့၏အမှုကိုဆောင်ရွက်ရန် သူတို့သည် မိမိတို့ကိုယ်ကိုဆက်ကပ်ခဲ့ကြောင်း သင်တို့သိကြ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုနှင့် ငါ့ညီတိမောသေတို့သည် ကောရိန္သုမြို့၌ရှိသော ဘုရားသခင်၏အသင်းတော်နှင့် အခါယပြည်တစ်ဝန်းလုံးရှိ သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
ငါသည် ငါ့အသက်ဖြင့်အာမခံ၍ ဘုရားသခင်ကိုသက်သေအဖြစ်ထားလျက်ဆိုသည်ကား ကောရိန္သုမြို့သို့ ငါမလာသေးဘဲနေခြင်းသည် သင်တို့ကိုညှာတာ၍သာဖြစ်၏။
ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ သူတစ်ပါးတို့၏ကြိုးပမ်းအားထုတ်မှု၌ ဝါကြွားခြင်းမပြု။ သို့သော် သင်တို့၏ယုံကြည်ခြင်းတိုးပွားလာသည်နှင့်အမျှ ငါတို့၏နယ်ပယ်သည် သင်တို့ထဲ၌ ပိုမိုကျယ်ပြန့်လာ၍
သို့ရာတွင် ငါတို့ကဲ့သို့ ဝါကြွားစရာအကြောင်းရှိစေမည့်အခွင့်ကို ရယူလိုသောသူတို့ထံမှ ထိုအခွင့်ကိုဖြတ်တောက်ရန် ငါပြုနေသည့်အရာကို ဆက်၍ပြုဦးမည်။
ငါမုသားမသုံးကြောင်း သခင်ယေရှု၏ခမည်းတော်ဖြစ်တော်မူသော ကာလအစဉ်အဆက်မင်္ဂလာရှိသည့် ဘုရားသခင်သိတော်မူ၏။
ငါတို့သည် သင်တို့ရှေ့၌ မိမိတို့ကိုယ်ကို ကာကွယ်ပြောဆိုနေကြသည်ဟု တစ်ချိန်လုံး သင်တို့ထင်မှတ်နေကြသလော။ ငါတို့သည် ဘုရားသခင်ရှေ့တော်၌ ခရစ်တော်ကိုအမှီပြု၍ ပြောဆိုနေကြ၏။ ချစ်ရသောသူတို့၊ အရာအားလုံးသည် သင်တို့၏တည်ဆောက်စရာအတွက်ဖြစ်၏။
အကြောင်းမူကား သင်တို့၏စေတနာစိတ်ကို ငါသိ၏။ ထိုစေတနာစိတ်အတွက် ငါသည် မာကေဒေါနိပြည်သားတို့အား “အခါယပြည်သည် လွန်ခဲ့သောနှစ်ကတည်းကပင် အသင့်ပြင်ဆင်ထားပြီ”ဟု သင်တို့အကြောင်းကိုဝါကြွားထား၏။ ထိုအခါ သင်တို့၏စိတ်အားထက်သန်မှုသည် များစွာသောသူတို့ကို နှိုးဆော်ပေး၏။
သင်တို့ထံသို့ ငါရေးနေသောအကြောင်းအရာများတွင် မုသားမပါကြောင်း ဘုရားသခင်သိတော်မူ၏။
သို့ဖြစ်၍ ငါအသက်ရှင်သည်မှာ ငါကိုယ်တိုင်မဟုတ်တော့ဘဲ ခရစ်တော်သည် ငါ၌အသက်ရှင်တော်မူ၏။ ယခု ကိုယ်ကာယ၌ ငါအသက်ရှင်သည်မှာ ငါ့ကိုချစ်၍ ငါ့အတွက် မိမိကိုယ်ကိုစွန့်တော်မူသော ဘုရားသခင်၏သားတော်ကို ယုံကြည်ခြင်းအားဖြင့် အသက်ရှင်ခြင်းဖြစ်၏။
ငါတို့သည် ယုံကြည်သူဖြစ်သောသင်တို့တွင် မည်သို့ သန့်ရှင်းဖြူစင်စွာနှင့် ဖြောင့်မတ်စွာပြုမူလျက် အပြစ်တင်စရာမရှိရလေအောင် နေထိုင်ခဲ့သည်ကို သင်တို့နှင့်ဘုရားသခင်သည် ငါတို့၏သက်သေများဖြစ်ကြ၏။
အကြောင်းမူကား သင်တို့သိကြသည့်အတိုင်း ငါတို့သည် မြှောက်ပင့်သောစကားကို တစ်ကြိမ်တစ်ခါမျှမသုံး၊ လောဘစိတ်ဖြင့်ဟန်ဆောင်ခြင်းလည်းမရှိခဲ့ပေ။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ဘုရားသခင်သည် ငါတို့၏သက်သေဖြစ်တော်မူ၏။
ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။