သူက မိမိသခင်မအား “အကျွန်ုပ်၏သခင်သည် ရှမာရိမြို့ရှိပရောဖက်ထံသို့သွားလျှင် မည်မျှလောက်ကောင်းလိမ့်မည်နည်း။ သူသည် သခင်၌စွဲသောအနာကြီးရောဂါကို ပျောက်ကင်းစေလိမ့်မည်”ဟု လျှောက်ဆို၏။
၂ ကော 11:1 - မြန်မာ့စံမီသမ္မာကျမ်း ငါ၏အနည်းငယ်သောမိုက်မဲမှုအတွက် ငါ့ကိုသည်းခံစေလိုပါ၏။ မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ့ကိုသည်းခံကြ၏။ Common Language Bible ငါ၏အနည်းငယ်မိုက်မဲမှုကိုသင်တို့သည်းခံ ကြလိမ့်မည်ဟုမျှော်လင့်ပါ၏။ ကျေးဇူးပြု၍ သည်းခံကြလော့။- Garrad Bible အ နည်း ငယ် ဉာဏ် မဲ့ ရာ၌ ငါ့ ကို သည်း ခံ စေ လို၏။ ငါ သည် သင် တို့ ကို အ ခြား မ ဟုတ်၊ ခ ရစ် တော် တည်း ဟူ သော ခင် ပွန်း အား စင် ကြယ် သော သ မီး က ညာ အ ဖြစ် ဆက် သ ရန် မှန်း ထား ခဲ့ သည် နှင့် ဘု ရား သ ခင့် သ ဘော တော် အ လိုက် မ ရှု စိတ် သော သ ဘော ရှိ၍ ဧ ဝ ကို စဉ်း လဲ ခြင်း အား ဖြင့် မြွေ လှည့် စား သ ကဲ့ သို့ ခ ရစ် တော့် ဘက်၌ သင် တို့ ရိုး ဖြောင့် စင် ကြယ် သော သ ဘော ဖောက် ပြန် မည် ဟု ငါ စိုး သော ကြောင့် သည်း ခံ ကြ ဦး။ Judson Bible ငါမိုက်မဲသောအပြစ်ကို သင်တို့သည် ခဏသည်းခံစေခြင်းငှာ ငါအလိုရှိ၏။ ခဏ သည်းခံကြပါလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်၏ အနည်းငယ်သော မိုက်မဲမှုကို သင်တို့သည်းခံပေးလိမ့်မည်ဟု မျှော်လင့်ပါ၏။ ကျွန်ုပ်ကို သည်းခံပေးကြပါလော့။ |
သူက မိမိသခင်မအား “အကျွန်ုပ်၏သခင်သည် ရှမာရိမြို့ရှိပရောဖက်ထံသို့သွားလျှင် မည်မျှလောက်ကောင်းလိမ့်မည်နည်း။ သူသည် သခင်၌စွဲသောအနာကြီးရောဂါကို ပျောက်ကင်းစေလိမ့်မည်”ဟု လျှောက်ဆို၏။
မောရှေကလည်း “ငါ့အစား သင်ငြူစူရသလော။ ထာဝရဘုရား၏လူရှိသမျှတို့အား ထာဝရဘုရားသည် ဝိညာဉ်တော်ကိုပေးအပ်သဖြင့် သူတို့သည် ပရောဖက်ပြုဟောပြောကြပါစေသော”ဟု ဆိုပြီးနောက်
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ပေါလုသည်လည်း နှုတ်ကိုဖွင့်၍ပြောဆိုမည်ပြုစဉ် ဂါလျုန်က ဂျူးလူမျိုးတို့အား “အို ဂျူးအမျိုးသားတို့၊ ဤအမှုသည် မတရားမှု၊ သို့မဟုတ် ဆိုးညစ်သောပြစ်မှု တစ်စုံတစ်ရာဖြစ်လျှင် ငါသည် သင်တို့အတွက် သည်းခံသင့်ပါသည်။
ပေါလုကလည်း “တိုတောင်းသောအချိန်အတွင်းဖြစ်စေ၊ ကြာရှည်သောအချိန်အတွင်းဖြစ်စေ အရှင်မင်းကြီးသာမက ယနေ့ အကျွန်ုပ်၏စကားကိုနားထောင်သူအပေါင်းတို့သည်လည်း ဤချည်နှောင်ခြင်းမှတစ်ပါး အကျွန်ုပ်ကဲ့သို့ဖြစ်လာကြရန် ဘုရားသခင်ထံ အကျွန်ုပ်ဆုတောင်းပါသည်”ဟု လျှောက်လေ၏။
အကြောင်းမူကား ဘုရားသခင်၏ဉာဏ်ပညာအရ ဤလောကသည် မိမိ၏ဉာဏ်ပညာအားဖြင့် ဘုရားသခင်ကိုမသိခဲ့သောကြောင့် ဘုရားသခင်သည် ဟောပြောခြင်းအမှု၏မိုက်မဲသောအရာအားဖြင့် ယုံကြည်သောသူတို့ကိုကယ်တင်ရန် အလိုရှိတော်မူ၏။
မည်သူမျှ ကိုယ့်ကိုယ်ကိုယ်မလှည့်ဖြားစေနှင့်။ သင်တို့တွင် တစ်စုံတစ်ဦးက မိမိသည် ဤလောက၌ ပညာရှိဖြစ်သည်ဟုထင်မှတ်လျှင် ထိုသူသည် ပညာရှိဖြစ်နိုင်ရန် မိုက်မဲသောသူဖြစ်ပါစေ။
ငါတို့သည် ခရစ်တော်အတွက် မိုက်မဲသောသူဖြစ်ကြ၏။ သင်တို့မူကား ခရစ်တော်၌ ပညာသတိရှိသောသူဖြစ်ကြ၏။ ငါတို့သည် အားနည်းသောသူဖြစ်ကြ၏။ သင်တို့မူကား ခွန်အားကြီးသောသူဖြစ်ကြ၏။ သင်တို့သည် ဂုဏ်သရေရှိသောသူဖြစ်ကြ၏။ ငါတို့မူကား ဂုဏ်သရေမဲ့သောသူဖြစ်ကြ၏။
သင်တို့သည် ပြည့်စုံနေကြပြီ။ သင်တို့သည် ကြွယ်ဝနေကြပြီ။ ငါတို့မပါဘဲ စိုးစံနေကြပြီ။ ငါတို့လည်း သင်တို့နှင့်အတူစိုးစံနိုင်ရန် သင်တို့သည် အမှန်တကယ်စိုးစံနေခဲ့ကြလျှင် ကောင်းပေမည်။
အမှန်စင်စစ် သင်တို့သည် ပညာသတိရှိသောသူများဖြစ်သောကြောင့် မိုက်မဲသောသူတို့ကို ဝမ်းမြောက်စွာသည်းခံကြ၏။
ငါတို့သည် ထိုသို့ပြုရန် အားနည်းခဲ့ကြောင်း ရှက်ရွံ့စွာပင် ငါဝန်ခံ၏။ သို့သော် တစ်ဦးတစ်ယောက်သည် တစ်စုံတစ်ခုသောအရာ၌ ဝါကြွားဝံ့သည်ဆိုလျှင် ငါလည်းဝါကြွားဝံ့သည်ဟု မိုက်မဲစွာငါပြော၏။
အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။
ငါသည် မိုက်မဲသောသူဖြစ်ခဲ့လေပြီ။ သင်တို့သည် ငါ့ကို အတင်းအကျပ် ထိုသို့ဖြစ်စေကြ၏။ အမှန်စင်စစ် ငါသည် သင်တို့၏ထောက်ခံချီးကျူးမှုကို ခံထိုက်၏။ အကြောင်းမူကား ငါသည် မပြောပလောက်သောသူဖြစ်သော်လည်း ထိပ်တန်းတမန်တော်များထက် အနည်းငယ်မျှမညံ့ပေ။
အကြောင်းမူကား ငါတို့သည် စိတ်ဖောက်ပြန်နေသည်ဆိုလျှင် ဘုရားသခင်အတွက်ဖြစ်၍ ပကတိစိတ်ရှိလျှင် သင်တို့အတွက်ဖြစ်၏။
သူကိုယ်တိုင်လည်း အားနည်းခြင်းများရှိသည်ဖြစ်၍ အသိတရားကင်းမဲ့လျက် လမ်းလွဲသောသူတို့ကို စာနာထောက်ထားနိုင်၏။
ယောရှုက “အို အကျွန်ုပ်၏ဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ဤလူမျိုးတို့အား ဂျော်ဒန်မြစ်ကိုဖြတ်ကူးစေပြီး အာမောရိလူမျိုးတို့လက်သို့အပ်၍ ဖျက်ဆီးစေရန် အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ အကျွန်ုပ်တို့သည် ဂျော်ဒန်မြစ်တစ်ဖက်၌ နေခဲ့သင့်၏။