အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ကော 1:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ငါ​တို့​၏​ဝါကြွား​စရာ​အကြောင်းမှာ ဤသို့​ဖြစ်​၏။ ငါ​တို့​သည် လောက​၌၊ အထူးသဖြင့် သင်​တို့​ရှေ့မှောက်​၌ လောကီ​ဉာဏ်ပညာ​ကို​အမှီ​မ​ပြု​ဘဲ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​သာ အမှီပြု​လျက် ဘုရားသခင်​ထံမှ​လာ​သော ရိုးသား​ဖြူစင်​ခြင်း​တို့​ဖြင့် အသက်ရှင်​နေထိုင်​ခဲ့​ကြောင်း ငါ​တို့​၏​အသိစိတ်​သည် သက်သေခံ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ငါ​တို့​သြတ္တ​ပ္ပ​စိတ်​ထောက်​ခံ​၍​ဂုဏ်​ယူ​ဝါ ကြွား​စ​ရာ​တစ်​ခု​ကား ဤ​လော​က​၌​အ​သက် ရှင်​စဉ်​ကာ​လ​အ​ထူး​သ​ဖြင့် သင်​တို့​နှင့် ဆက်​ဆံ​ရာ​တွင်​လူ​၏​အ​သိ​ဉာဏ်​ကို​အ​မှီ မ​ပြု​ဘဲ ဘု​ရား​သ​ခင်​၏​ကျေး​ဇူး​တော် တန်​ခိုး​ကို​သာ​လျှင်​အ​မှီ​ပြု​၍ ငါ​တို့​သည် ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော စိတ်​ရိုး​သ​ဘော​ရိုး​ဖြင့် ပွင့်​လင်း​စွာ​ပြု​မူ ကျင့်​ကြံ​ခြင်း​ပင်​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ငါ တို့ ဂုဏ် ရောက် ခြင်း အ ကြောင်း မှာ ငါ တို့ သြ တ္တ ပ္ပ စိတ် သက် သေ ခံ သည့် အ တိုင်း ဤ လော က၌လည်း ကောင်း၊ အ ထူး ဆို သော် သင် တို့ ရှေ့၌ လည်း ကောင်း၊ ငါ တို့ သည် လော ကီ ပ ညာ အ လျောက် မ ဟုတ်၊ ဘု ရား သ ခင့် ကျေး ဇူး တော် နှင့် လျော် စွာ သ နား တော် မူ သော သန့် ရှင်း ခြင်း၊ ကြည် လင် ခြင်း၌ ကျင့် ကြံ ပြု မူ ခဲ့ ကြ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ငါ​တို့​ဝါ​ကြွား​ဝမ်း​မြောက်​ခြင်း အ​ကြောင်း​ဟူ​မူ​ကား၊ လော​ကီ​ပ​ညာ​ကို အ​မှီ​မ​ပြု၊ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို အ​မှီ​ပြု၍ လျစ်​လျူ​သော​စိတ်​နှင့်​လည်း​ကောင်း၊ ဘု​ရား​သ​ခင် အ​လို​တော်​ရှိ​သော ကြည်​ဖြူ​ခြင်း​နှင့်​လည်း​ကောင်း၊ ငါ​တို့​သည် ဤ​လော​က၌ ကျင့်​ကြံ​ပြု​မူ၍ သင်​တို့​ဆီ​မှာ​လည်း ထို​သို့​အ​ထူး​သ​ဖြင့် ကျင့်​ကြံ​ပြု​မူ​သည်​ဟု ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​သည် သက်​သေ​ခံ​သ​တည်း။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ကျွန်ုပ်တို့ လိပ်ပြာသန့်​စွာ သက်သေခံသည့် ကြွားဝါစရာ​အကြောင်း​မှာ ကျွန်ုပ်တို့​သည် ဤ​လောက​၌ အထူး​သဖြင့် သင်တို့​ရှေ့​၌ လူ့ဉာဏ်​ကို အမှီ​မပြုဘဲ ဘုရားသခင်​၏ ကျေးဇူးတော်​ကို အမှီပြု​၍ ဘုရားသခင်​ထံမှ​လာသော ရိုးသား​ဖြူစင်ခြင်း​တို့ဖြင့် နေထိုင်ခဲ့ကြောင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။



၂ ကော 1:12
40 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား ငါ​သည် ထာဝရဘုရား​၏​လမ်း​တို့​ကို စောင့်ထိန်း​၏​။ ငါ​၏​ဘုရားသခင်​ကို​ဆန့်ကျင်​ပြီး ဆိုးယုတ်​သော​အမှု​ကို မ​ပြု​ပါ​။


ငါ့​ကို ကွပ်မျက်​တော်မူ​မည်​ဆို​လျှင်ပင် ကိုယ်တော့်​ကို ငါ​မျှော်လင့်​နေ​ဦး​မည်​။ ငါ့​အမှု​ကို မျက်မှောက်​တော်​၌ လျှောက်လဲ​မည်​။


“​အို ထာဝရဘုရား​၊ အကျွန်ုပ်​သည် ရှေ့​တော်​၌ စိတ်နှလုံး​အကြွင်းမဲ့ သစ္စာရှိရှိ​အသက်ရှင်​လျှောက်လှမ်း​ခဲ့​သည်​ကို​လည်းကောင်း​၊ ရှေ့​တော်​၌ ကောင်း​သော​အမှု ပြု​ခဲ့​သည်​ကို​လည်းကောင်း အောက်မေ့​တော်မူ​ပါ​”​ဟု ထာဝရဘုရား​ထံ ဆုတောင်း​ပြီး အော်ဟစ်ငိုကြွေး​လေ​၏​။


ပေါလု​သည် တရား​လွှတ်တော်​အဖွဲ့​ကို စေ့စေ့​ကြည့်​လျက် “ညီအစ်ကို​တို့၊ အကျွန်ုပ်​သည် ယနေ့​တိုင်အောင် ဘုရားသခင်​ရှေ့​တော်​၌ ကြည်လင်​သော​အသိစိတ်​အပြည့်အဝ​ဖြင့် ပြုမူ​နေထိုင်​ခဲ့​သည်”​ဟု ဆို​၏။


ထို့ကြောင့် အကျွန်ုပ်​သည် ဘုရားသခင်​ရှေ့၊ လူ​တို့​ရှေ့တွင် အပြစ်တင်​စရာ​ကင်း​သော အသိစိတ်​အမြဲ​ထားရှိ​ရန် ကြိုးစား​အားထုတ်​ပါ​သည်။


ငါ​သည် ခရစ်တော်​၌ မုသား​မ​ပါ ဟုတ်မှန်​ရာ​ကို​ပြော​မည်။ ငါ​၏​အသိစိတ်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် ငါ​နှင့်အတူ​သက်သေခံ​လျက်​နေ​သည့်​အကြောင်း​ကား


အကြောင်းမူကား ဗတ္တိဇံ​ပေး​စေရန် ခရစ်တော်​သည် ငါ့​ကို​စေလွှတ်​တော်မူ​သည်​မ​ဟုတ်။ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​စေရန် စေလွှတ်​တော်မူ​၏။ ထိုသို့​ဟောပြော​ရာ​၌​လည်း ခရစ်တော်​၏​လက်ဝါးကပ်တိုင်​တော်​ကို အချည်းနှီး​မ​ဖြစ်​စေရန် နှုတ်​အတတ်​အားဖြင့်​ဟောပြော​ရန်​မ​ဟုတ်။


အကြောင်းမူကား ဝိညာဉ်​တော်​အားဖြင့် တစ်​ယောက်​သော​သူ​အား ဉာဏ်ပညာ​စကား​ကို​လည်းကောင်း၊ ထို​ဝိညာဉ်​တော်​အားဖြင့် အခြား​တစ်​ဦး​အား အသိပညာ​စကား​ကို​လည်းကောင်း၊


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။


ဘုရားသခင်​ပေးသနား​တော်မူ​သော​အရာ​တို့​ကို ငါ​တို့​ဟောပြော​သောအခါ လူ့​ဉာဏ်ပညာ​က သင်ကြား​ပေး​သော​စကား​အားဖြင့်​မ​ဟုတ်​ဘဲ ဝိညာဉ်​တော်​က သင်ကြား​ပေး​သော​စကား​အားဖြင့် ဟောပြော​၍ ဝိညာဉ်ရေး​နှင့်ဆိုင်သော​အရာ​တို့​ကို ဝိညာဉ်​သဘော​အားဖြင့် နှိုင်းယှဉ်​သုံးသပ်​ကြ​၏။


အကြောင်းမူကား ငါ​သည် ကိုယ့်ကိုယ်ကိုယ်​စိတ်လုံ​၏။ သို့သော် ထိုသို့​ဖြစ်​သည့်​အတွက် ငါ​သည် ဖြောင့်မတ်​သည်​ဟု​အသိအမှတ်ပြု​ခြင်း​ခံရ​သည်​မ​ဟုတ်။ ငါ့​ကို​စစ်ဆေး​စီရင်​တော်မူ​သော​အရှင်​ကား သခင်​ဘုရား​ပေတည်း။


ထို့ကြောင့် ငါ​တို့​သည် တဆေး​ဟောင်း​တည်းဟူသော ဆိုးညစ်​ခြင်း​နှင့်​မလိုတမာ​ဖြစ်​ခြင်း​တို့​၏​တဆေး​ပါ​သော​မုန့်​အားဖြင့်​မ​ဟုတ်​ဘဲ ဖြူစင်​ခြင်း​နှင့်​သမ္မာတရား​တည်းဟူသော တဆေးမဲ့​မုန့်​အားဖြင့် ပွဲတော်​ကို​ကျင်းပ​ကြ​ကုန်စို့။


ဤသို့​စီစဉ်​သောအခါ ငါ​သည် ပေါ့ပေါ့တန်တန်​စီစဉ်​ခဲ့​သလော၊ သို့မဟုတ် ငါ​စီစဉ်​သော​အရာ​များ​ကို ဇာတိ​သဘော​ဖြင့်​စီစဉ်​ခဲ့​သောကြောင့် ငါ့​စကား​သည် တစ်ချိန်တည်း​တွင် “ဟုတ်​ပါ​၏။ ဟုတ်​ပါ​၏” နှင့် “မ​ဟုတ်​ပါ။ မ​ဟုတ်​ပါ”​ဟူ၍ ဖြစ်​ခဲ့​သလော။


သို့သော် မြွေ​သည် မိမိ​၏​ပရိယာယ်​အားဖြင့် ဧဝ​ကို​လှည့်ဖြား​သကဲ့သို့ အကြောင်း​တစ်စုံတစ်ခု​ကြောင့် သင်​တို့​၏​စိတ်နှလုံး​သည် ခရစ်တော်​အပေါ်​၌​ထားရှိ​သော ရိုးသား​ဖြူစင်​ခြင်း​မှ​သွေဖည်​သွား​မည်​ကို ငါ​စိုးရိမ်​၏။


အကြောင်းမူကား ငါ​တို့​သည် များစွာ​သော​သူ​တို့​ပြု​သကဲ့သို့ ဘုရားသခင်​၏​နှုတ်ကပတ်​တရား​တော်​ကို လှည့်လည်​ရောင်းစား​၍​အမြတ်ထုတ်​ကြ​သည်​မ​ဟုတ်​ဘဲ ဖြူစင်​သော​သူ၊ ဘုရားသခင်​ထံမှ စေလွှတ်​ခြင်း​ခံရ​သော​သူ​အဖြစ် ဘုရားသခင်​ရှေ့​တော်​၌ ခရစ်တော်​ကို​အမှီပြု​၍ ငါ​တို့​ဟောပြော​ကြ​၏။


ငါ​တို့​သည် ကွယ်ဝှက်​ထား​သည့် ရှက်ဖွယ်ရာ​များ​ကို​စွန့်ပယ်​၍ ပရိယာယ်​၌​ကျင်လည်​ခြင်း၊ ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို မလိမ့်တပတ်​လုပ်​ခြင်း​တို့​မ​ရှိ​ဘဲ သမ္မာတရား​ကို အတိအလင်း​ဖော်ပြ​ခြင်း​အားဖြင့် ဘုရားသခင်​၏​ရှေ့​တော်​၌ လူ​အပေါင်း​တို့​၏​အသိစိတ်​တွင် မိမိတို့ကိုယ်ကို​ထင်ရှား​စေ​ကြ​၏။


ထိုသို့ဆိုသော် ပညတ်ချက်​အနေဖြင့် ငါ​ဆို​သည်​မ​ဟုတ်။ အခြား​သူ​တို့​၏​စိတ်အား​ထက်သန်​မှု​အားဖြင့် သင်​တို့​ချစ်​ခြင်း​မေတ္တာ​၏​စစ်မှန်​မှု​ကို စစ်ဆေး​နေ​ခြင်း​သာ​ဖြစ်​၏။


လူ​တိုင်း မိမိ​ပြု​သော​အမှု​ကို စစ်ဆေး​ပါစေ။ သို့ပြုလျှင် သူတစ်ပါး​၌​မ​ဟုတ်​ဘဲ မိမိ​တစ်ကိုယ်တည်း​၌ ဂုဏ်ယူ​ဝါကြွား​စရာ​အကြောင်း​ရှိ​လိမ့်မည်။


သို့ဖြစ်၍ သမ္မာတရား​ဖြင့် သင်​တို့​ခါး​ကို​စည်း​လျက် ဖြောင့်မတ်​ခြင်း​ရင်အုပ်​တန်ဆာ​ကို ဝတ်ဆင်​ကာ


မြင့်မြတ်​သည့်​အရာ​များ​ကို သင်​တို့​ပိုင်းခြား​သိရှိ​နိုင်​မည့်အကြောင်း​နှင့် သင်​တို့​သည် ခရစ်တော်​၏​နေ့ရက်​ကာလ​၌ ဖြူစင်​လျက် အပြစ်တင်​စရာ​ကင်း​သော​သူ​ဖြစ်​ကာ


ငါ​တို့​သည် ယုံကြည်​သူ​ဖြစ်​သော​သင်​တို့​တွင် မည်သို့ သန့်ရှင်း​ဖြူစင်​စွာ​နှင့် ဖြောင့်မတ်​စွာ​ပြုမူ​လျက် အပြစ်တင်​စရာ​မ​ရှိ​ရ​လေ​အောင် နေထိုင်​ခဲ့​သည်​ကို သင်​တို့​နှင့်​ဘုရားသခင်​သည် ငါ​တို့​၏​သက်သေ​များ​ဖြစ်​ကြ​၏။


ဤ​ညွှန်ကြားချက်​၏​ရည်ရွယ်ချက်​ပန်းတိုင်​ကား စင်ကြယ်​သော​စိတ်နှလုံး၊ ကြည်လင်​သော​အသိစိတ်​နှင့် ဟန်ဆောင်​မှု​ကင်း​သော​ယုံကြည်​ခြင်း​တို့​မှ​ဖြစ်ပေါ်​လာ​သည့် ချစ်​ခြင်း​မေတ္တာ​ဖြစ်​၏။


အရာရာ​၌ ကောင်း​သော​လုပ်ဆောင်မှု​၏​စံနမူနာ​ကို သင်​ကိုယ်တိုင်​ပြသ​လော့။ ဩဝါဒ​ပေး​ရာ​တွင် သမာဓိ​နှင့်​တည်ကြည်​လေးနက်​ခြင်း​ရှိ​လျက်


ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၌ ကြည်လင်​သော​အသိစိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​လျက် အရာရာ​၌ လျောက်ပတ်​စွာ​အသက်ရှင်​နေထိုင်​ရန်​အလို​ရှိ​ကြ​၏။


သို့သော် ကိုယ်တော်​သည် ပို၍​ကြီးမြတ်​သော​ကျေးဇူး​တော်​ကို​ပေး​တော်မူ​၏။ သို့ဖြစ်၍ “ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏”​ဟု ကျမ်းစာ​၌​ဆို​ထား​၏။


သို့ဖြစ်၍ ယခု ထာဝရဘုရား​ကို​ကြောက်ရွံ့ရိုသေ​လျက် ရိုးသားဖြူစင်​စွာ​၊ သစ္စာရှိ​စွာ ဝတ်ပြု​ကြ​လော့​။ ယူဖရေးတီး​မြစ်​တစ်ဖက်​၌​လည်းကောင်း​၊ အီဂျစ်​ပြည်​၌​လည်းကောင်း သင်​တို့​ဘိုးဘေး​တို့​ဝတ်ပြု​ခဲ့​သော​ဘုရား​များ​ကို​ဖယ်ရှား​၍ ထာဝရဘုရား​ကို​သာ ဝတ်ပြု​ကြ​လော့​။


သို့သော် နူးညံ့​သိမ်မွေ့​သော​စိတ်၊ ကြောက်ရွံ့​ရိုသေ​သော​စိတ်​နှင့် ကြည်လင်​သော​အသိစိတ်​တို့​ဖြင့် ဖြေရှင်း​ပြောဆို​ကြ​လော့။ သို့ပြုလျှင် ခရစ်တော်​၌​ရှိ​သည့် သင်​တို့​၏​ကောင်း​သော​အသက်ရှင်​နေထိုင်​မှု​ကို ကဲ့ရဲ့​ရှုတ်ချ​သော​သူ​တို့​သည် သင်​တို့​ကို ပုတ်ခတ်​ပြောဆို​သည့်​အတွက် အရှက်ရ​ကြ​လိမ့်မည်။


ဤ​အရာ​သည် ယခု သင်​တို့​ကို​ကယ်တင်​သော ဗတ္တိဇံ​ကို​ပုံဆောင်​၏။ ဗတ္တိဇံ​သည် ကိုယ်ကာယ​၏​အညစ်အကြေး​ကို ချွတ်ပယ်​ခြင်း​မ​ဟုတ်​ဘဲ ယေရှု​ခရစ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် ကြည်လင်​သော​အသိစိတ်​ကို ဘုရားသခင်​ထံ​တောင်းလျှောက်​ခြင်း​ဖြစ်​၏။