Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 1:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 သင်​တို့​သည်​လည်း ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ကို​ကူညီ​ဆောင်ရွက်​ပေး​ကြ​သည်​ဖြစ်၍ များစွာ​သော​သူ​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် ငါ​တို့​ခံစား​ရ​သော​ဆု​ကျေးဇူး​အတွက် များစွာ​သော​သူ​တို့​သည် ငါ​တို့​ကိုယ်စား ကျေးဇူး​တော်​ချီးမွမ်း​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 သင်​တို့​သည်​ကူ​ညီ၍ ငါ​တို့​အ​ဖို့ ဆု​တောင်း​လျှင်၊ နောက်၌​လည်း ကယ်​လွှတ်​တော်​မူ​လ​တ္တံ့​ဟု ငါ​တို့​သည် ယုံ​ကြည်​မျှော်​လင့်​ခြင်း​ရှိ၏၊ ထို​သို့​ဖြစ်​လျှင် အ​များ​သော​သူ​တို့​သည် ကူ​ညီ​သော​အား​ဖြင့် ငါ​တို့၌ ရောက်​သော ကျေး​ဇူး​ကို အ​များ​သော​သူ​တို့​သည်​ထောက်၍ ငါ​တို့​အ​တွက် ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 သင်တို့​သည်လည်း ကျွန်ုပ်တို့​ကို ဆုတောင်းခြင်း​ဖြင့် ကူညီနေကြသည် ဖြစ်​၍ လူများစွာတို့​၏ ဆုတောင်းခြင်း​ကို ဘုရားသခင် အဖြေ​ပေးတော်မူ​လိမ့်မည်။ ထို့ကြောင့် လူများစွာတို့​သည် ကျွန်ုပ်တို့ ခံစားရသော​ဆုကျေးဇူးများ​ကို ထောက်​၍ ကျွန်ုပ်တို့​အတွက် ဘုရားသခင်​ကို ကျေးဇူးတင်ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 1:11
15 ပူးပေါင်းရင်းမြစ်များ  

ရာဗရှာခ​၏​သခင် အဆီးရီးယား​ဘုရင်​သည် ရာဗရှာခ​ကို​စေလွှတ်​၍ အသက်ရှင်​တော်မူ​သော​ဘုရားသခင်​ကို ကဲ့ရဲ့ပြစ်တင်​စေ​၏​။ ထို​စကား​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား ကြား​တော်မူ​၍ ကြား​တော်မူ​သော​စကား​အတွက် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သူ့​ကို​ဆုံးမ​ကောင်း​ဆုံးမ​တော်မူ​လိမ့်မည်​။ ထို့ကြောင့် အသက်ရှင်​ကျန်ရစ်​သော​သူ​တို့​အတွက် ဆုတောင်း​ပတ္ထနာပြု​ပါ’​ဟူ၍ မိန့်မှာ​သည်​”​ဟု ပြောကြား​၏​။


ဤသို့ဖြင့် ပေတရု​သည် ထောင်​ထဲ၌ ထိန်းသိမ်း​ထား​ခြင်း​ခံရ​၏။ သို့ရာတွင် အသင်းတော်​သည် သူ့​အတွက် ဘုရားသခင်​ထံသို့ စိတ်အား​ထက်သန်​စွာ​ဆုတောင်း​လျက်​နေ​၏။


ခပ်သိမ်း​သော​အရာ​တို့​သည် သင်​တို့​အတွက်​ဖြစ်​၏။ ဤသည်ကား များစွာ​သော​သူ​တို့​၌ ကျေးဇူး​တော်​သည်​တိုးပွား​လာ​သဖြင့် ဘုရားသခင်​၏​ဘုန်း​တော်​အတွက် ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​ကို ကြွယ်ဝ​ပြည့်စုံ​စေ​မည့်အကြောင်း​တည်း။


ထို့ပြင် သင်​တို့​အပေါ်​သက်ရောက်​သည့် ဘုရားသခင်​၏​ထူးကဲ​သော​ကျေးဇူး​တော်​ကြောင့် သူ​တို့​သည် သင်​တို့​ကို​လွမ်းဆွတ်​လျက် သင်​တို့​အတွက် ဆုတောင်း​ပေး​ကြ​လိမ့်မည်။


အဘယ်ကြောင့်​ဆိုသော် သင်​တို့​၏​ဆုတောင်း​ခြင်း​များ​နှင့် ယေရှု​ခရစ်တော်​၏​ဝိညာဉ်​တော်​ထံမှ​လာ​သော ကူညီမစ​ခြင်း​အားဖြင့် ဤ​အခြင်းအရာ​သည် ငါ​၏​လွတ်မြောက်​ရာ​အကြောင်း​ဖြစ်​မည်​ဟု ငါ​သိ​၏။


ဘုရားသခင်​သည် နှုတ်ကပတ်​တရား​အတွက် တံခါး​ကို​ဖွင့်​ပေး​တော်မူ​သဖြင့် ခရစ်တော်​၏​လျှို့ဝှက်​နက်နဲ​သော​အရာ​ကို ငါ​တို့​ဟောပြော​နိုင်​ရန် ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။ ငါ​သည် ထို​နက်နဲ​သော​အရာ​ကြောင့် ချည်နှောင်​ခြင်း​ခံရ​၏။


ညီအစ်ကို​တို့၊ ငါ​တို့​အတွက်​လည်း ဆုတောင်း​ပေး​ကြ​လော့။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သခင်​ဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​ဖြစ်​သကဲ့သို့ လျင်မြန်​စွာ​ပျံ့နှံ့​၍ ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​နှင့်


တစ်ချိန်တည်း​မှာပင် ငါ့​အတွက် တည်းခို​စရာ​နေရာ​ကို​လည်း ပြင်ဆင်​ထား​ပါ​လော့။ အကြောင်းမူကား သင်​တို့​၏​ဆုတောင်း​ခြင်း​အားဖြင့် သင်​တို့​ထံသို့​ရောက်ရှိ​ရ​သော​အခွင့်​ကို ပေး​တော်မူ​လိမ့်မည်​ဟု ငါ​မျှော်လင့်​နေ​၏။


ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား ငါ​တို့​၌ ကြည်လင်​သော​အသိစိတ်​ရှိ​ကြ​သည်​ဟု ငါ​တို့​ယုံကြည်​စိတ်ချ​လျက် အရာရာ​၌ လျောက်ပတ်​စွာ​အသက်ရှင်​နေထိုင်​ရန်​အလို​ရှိ​ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ