၂ ကော 1:13 - မြန်မာ့စံမီသမ္မာကျမ်း13 အကြောင်းမူကား ငါတို့သည် သင်တို့ဖတ်ရှု၍ နားလည်နိုင်သောအရာတို့မှတစ်ပါး အခြားမည်သည့်အရာကိုမျှ သင်တို့ထံသို့ မရေးခဲ့ကြပေ။ အခန်းကိုကြည့်ပါ။Common Language Bible13 ယခုငါရေးသားပေးပို့လိုက်သောစာများ တွင် သင်တို့ဖတ်ရှုနားလည်နိုင်သည့်အကြောင်း အရာများသာလျှင်ပါရှိ၏။- အခန်းကိုကြည့်ပါ။Garrad Bible13-14 သင် တို့ ဖတ် ကြည့် သိ သာ သော အ ရာ များ ပြင် ငါ တို့ ရေး လိုက် ကြ သည် မ ဟုတ်။ ငါ တို့ အ ရှင် ယေ ရှု၏ နေ့ တော်၌ သင် တို့ သည် ငါ တို့ ဂုဏ် ရောက် ရာ အ ကြောင်း ဖြစ် မည့် နည်း တူ ငါ တို့ လည်း သင် တို့ ဂုဏ် ရောက် ရာ အ ကြောင်း ဖြစ် သည် ဟု အ ချို့ တို့ သိ မှတ် သည့် အ လျောက် အ ဆုံး တိုင် သိ မှတ် ကြ လိမ့် မည် ဟု ငါ မြော် လင့် ၏။ အခန်းကိုကြည့်ပါ။Judson Bible13-14 သင်တို့သည်ဖတ်၍ ဝန်ခံသောအရာမှတစ်ပါး၊ အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင်ယေရှုခရစ်၏နေ့၌ ငါတို့၏ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သကဲ့သို့၊ ငါတို့သည် သင်တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည် ငါတို့ကို အနည်းငယ်အားဖြင့် ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း13 ကျွန်ုပ်တို့သည် သင်တို့ဖတ်ရှု၍ နားလည်နိုင်သော အကြောင်းအရာများမှအပ အခြားမည်သည့်အကြောင်းအရာကိုမျှ သင်တို့ထံ မရေးခဲ့ကြ။ အခန်းကိုကြည့်ပါ။ |