အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
၁ သက် 5:8 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့မူကား နေ့နှင့်စပ်ဆိုင်ကြသည်ဖြစ်၍ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတို့ကို ရင်အုပ်တန်ဆာအဖြစ်ဝတ်ဆင်လျက် ကယ်တင်ခြင်း၌မျှော်လင့်ခြင်းကို သံခမောက်အဖြစ်ဆောင်းကာ သမ္မာသတိရှိကြကုန်စို့။ Common Language Bible သို့ရာတွင်ငါတို့သည်နေ့အချိန်၌ကျင်လည် သူများဖြစ်ကြသဖြင့် သမ္မာသတိရှိကြကုန် အံ့။ ယုံကြည်ခြင်းနှင့်ချစ်ခြင်းမေတ္တာတည်းဟူ သောရင်အုပ်တန်ဆာကိုတပ်ဆင်လျက် ကယ်တင် ခြင်းခံရရန်မျှော်လင့်ခြင်းတည်းဟူသောသံ ခမောက်ကိုဆောင်းကြကုန်အံ့။- Garrad Bible ငါ တို့ မူ ကား နေ့ ဆိုင် သူ များ ဖြစ် သော ကြောင့် ယုံ ကြည် ခြင်း၊ ချစ် ခြင်း ရင် အုပ် ကို ဆင် ယင် လျက်၊ ကယ် တင် ခြင်း ဆိုင် ရာ မျှော် လင့် ခြင်း မောက် ရှု ကို ဆောင်း လျက်၊ သ တိ နှင့် နေ ကြ ကုန် အံ့။ Judson Bible နေ့၏သားဖြစ်သော ငါတို့မူကား၊ သမ္မာသတိရှိကြကုန်အံ့။ ယုံကြည်ခြင်း၊ ချစ်ခြင်းတည်းဟူသော ရင်အုပ်တန်ဆာကိုလည်းကောင်း၊ ကယ်တင်ခြင်းသို့ ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကိုလည်းကောင်း၊ ဝတ်ဆောင်ကြကုန်အံ့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့သည် နေ့၏သားသမီးများဖြစ်သောကြောင့် တည်ကြည်လျက် သတိရှိကြစို့။ ယုံကြည်ခြင်းနှင့် ချစ်ခြင်းကို ရင်အုပ်ကာချပ်ဝတ်အဖြစ် ဝတ်ဆင်လျက် ကယ်တင်ခံရမည်ဟူသော မျှော်လင့်ခြင်းကို သံခမောက်အဖြစ် ဆောင်းကြစို့။ |
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့်မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကို မျှော်လင့်ကိုးစားလော့။ ငါသည် ကိုယ်တော်၏ကယ်တင်ခြင်းကို ထပ်၍ချီးမွမ်းမည်။
အို ငါ၏စိတ်ဝိညာဉ်၊ သင်သည် အဘယ်ကြောင့်ညှိုးငယ်သနည်း။ ငါ့အထဲ၌ အဘယ်ကြောင့် မငြိမ်မသက်ဖြစ်သနည်း။ ဘုရားသခင်ကိုမျှော်လင့်ကိုးစားလော့။ ငါသည် ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါ၏ဘုရားသခင်ကို ထပ်၍ချီးမွမ်းမည်။
ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
ထာဝရဘုရား၏ကယ်တင်ခြင်းကို ငြိမ်ဝပ်စွာမျှော်လင့်စောင့်စားသောသူသည် ကောင်းကျိုးကို ခံစားရ၏။
ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် ချစ်ခြင်းမေတ္တာ ဤသုံးပါးတို့သည် တည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်းမေတ္တာသည် အမြတ်ဆုံးဖြစ်၏။
သမ္မာတရားကိုဟောပြောခြင်း၌ဖြစ်စေ၊ ဘုရားသခင်၏တန်ခိုးတော်၌ဖြစ်စေ၊ လက်ဝဲလက်ယာ၌ကိုင်ထားသော ဖြောင့်မတ်ခြင်း၏လက်နက်များအားဖြင့်ဖြစ်စေ၊
အကြောင်းမူကား ငါတို့သည် ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ခြင်းကိုရရှိမည်ဟူသည့်မျှော်လင့်ခြင်းကို ဝိညာဉ်တော်၌အမှီပြုလျက် စောင့်မျှော်နေကြ၏။
သင်တို့သည် မာရ်နတ်၏လျှို့ဝှက်သောအကြံအစည်များကို ခုခံတားဆီးနိုင်ရန် ဘုရားသခင်၏လက်နက်စုံကို ဆောင်ယူဝတ်ဆင်ကြလော့။
အဖဘုရားသခင်နှင့်သခင်ယေရှုခရစ်တော်ထံမှ ငြိမ်သက်ခြင်း၊ ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတို့သည် ညီအစ်ကိုတို့၌ တည်ရှိပါစေသော။
အကြောင်းမူကား သင်တို့အားလုံးသည် အလင်း၏သားသမီးများ၊ နေ့၏သားသမီးများဖြစ်ကြ၏။ ငါတို့သည် ညနှင့်ဖြစ်စေ၊ အမှောင်နှင့်ဖြစ်စေ စပ်ဆိုင်ကြသည်မဟုတ်။
ငါတို့၏သခင်ယေရှုခရစ်တော်ကိုယ်တော်တိုင်နှင့် ငါတို့ကိုချစ်တော်မူ၍ ကျေးဇူးတော်အားဖြင့် ထာဝရနှစ်သိမ့်ခြင်းနှင့် ကောင်းမြတ်သောမျှော်လင့်ခြင်းတို့ကိုပေးတော်မူသော ငါတို့အဖဘုရားသခင်သည်
ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။
သို့ဖြစ်၍ သင်တို့၏စိတ်နှလုံးကို အသင့်ပြင်ဆင်ထားလျက် သမ္မာသတိရှိကြလော့။ ယေရှုခရစ်တော်ပေါ်ထွန်းတော်မူသောအခါ သင်တို့ထံသို့ သက်ရောက်လာမည့်ကျေးဇူးတော်ကို အပြည့်အဝမျှော်လင့်ကြလော့။
သင်တို့မူကား ရွေးကောက်ခံရသောအမျိုးအနွယ်၊ တော်ဝင်ယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောတိုင်းသူပြည်သား၊ ပိုင်ဆိုင်တော်မူသောလူမျိုးတော်ဖြစ်ကြ၏။ ဤသည်ကား သင်တို့ကို အမှောင်ထဲမှ မိမိ၏အံ့ဩဖွယ်အလင်းထဲသို့ ခေါ်ယူတော်မူသောအရှင်၏ကောင်းမြတ်တော်မူခြင်းများကို သင်တို့ဖော်ပြကြမည့်အကြောင်းတည်း။
သို့သော် ဘုရားသခင်သည် အလင်း၌ရှိတော်မူသကဲ့သို့ ငါတို့သည်လည်း အလင်း၌အသက်ရှင်လျှောက်လှမ်းကြလျှင် ငါတို့အချင်းချင်း၌ မိတ်သဟာယဖွဲ့ခြင်းရှိ၍ ဘုရားသခင်၏သားတော်ယေရှု၏သွေးတော်သည် ငါတို့ကို အပြစ်ရှိသမျှတို့မှ စင်ကြယ်စေတော်မူ၏။