ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
၁ သက် 4:11 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါတို့ညွှန်ကြားခဲ့သည့်အတိုင်း အေးဆေးတည်ငြိမ်စွာနေထိုင်နိုင်ရန် ရည်မှန်းကြိုးစားလျက် မိမိကိစ္စများကိုအာရုံစိုက်၍ မိမိတို့လက်ဖြင့်အလုပ်လုပ်ကြရန်လည်းကောင်း ငါတို့တိုက်တွန်းနှိုးဆော်ပါ၏။ Common Language Bible သင်တို့သည်ယခင်ကငါတို့ညွှန်ကြားခဲ့သည့် အတိုင်းငြိမ်ဝပ်စွာနေထိုင်ရန်လည်းကောင်း၊ ကိုယ့် အရေးကိစ္စကိုဂရုစိုက်ရန်လည်းကောင်း၊ ကိုယ့် လက်ဖြင့်လုပ်ကိုင်ရန်လည်းကောင်းကြိုးစား အားထုတ်ကြလော့။- Garrad Bible ငါ တို့ မှာ ထား ခဲ့ သည့် အ တိုင်း သေ ဝပ် စွာ နေ ထိုင် လျက်၊ ကိုယ့် အ မှု အ ရေး ကို ဂ ရု စိုက် လျက်၊ ကိုယ့် လက် ဖြင့် လုပ် ကိုင် လျက် ကြိုး စား ကြ စေ ရန်လည်း ကောင်း၊ ငါ တို့ နှိုး ဆော် ကြ၏။ Judson Bible ပြင်ပလူတို့ရှေ့၌ လျောက်ပတ်စွာကျင့်၍ အဘယ်မျှ မလိုရအောင်၊ ငါတို့သည် အထက်က မှာထားသည်နှင့်အညီ ငြိမ်ဝပ်စွာနေ၍၊ ကိုယ်အမှုကို ဆောင်ရွက်လျက်၊ ကိုယ်လက်နှင့် လုပ်ဆောင်ခြင်းငှာ စေတနာစိတ်နှင့် ကြိုးစားအားထုတ်မည်အကြောင်းကို၊ ငါတို့သည် တိုက်တွန်းသွေးဆောင်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ပြင် ကျွန်ုပ်တို့ သွန်သင်ခဲ့သည်အတိုင်း သင်တို့သည် တည်ငြိမ်အေးချမ်းစွာ နေထိုင်ရန် ရည်မှန်းချက်ထား၍ မိမိတို့အရေးကိစ္စများကို အာရုံစိုက်လျက် မိမိတို့လက်ဖြင့် လုပ်ဆောင်လော့။ |
ငြိမ်းချမ်းမှုနှင့်ယှဉ်တွဲလျက်ရှိသော မုန့်ခြောက်အနည်းငယ်သည် ခိုက်ရန်ဖြစ်ပွားခြင်းနှင့်ယှဉ်တွဲလျက်ရှိသည့် စားသောက်ဖွယ်အပြည့်ရှိသောအိမ်ထက် ပို၍ကောင်း၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
လက်တစ်ဆုပ်စာအေးချမ်းမှုသည် လက်ခုပ်တစ်ခုပ်စာကြိုးပမ်းအားထုတ်မှုနှင့် လေကိုလိုက်ဖမ်းခြင်းတို့ထက် ပို၍ကောင်း၏။
ထာဝရဘုရား၏ကယ်တင်ခြင်းကို ငြိမ်ဝပ်စွာမျှော်လင့်စောင့်စားသောသူသည် ကောင်းကျိုးကို ခံစားရ၏။
ဤသည်ကား ခရီးထွက်မည့်လူတစ်ဦးသည် မိမိအိမ်မှထွက်ခွာရာတွင် မိမိအစေအပါးအသီးသီးတို့အား သူတို့လုပ်ဆောင်ရမည့်အမှုနှင့်တကွ အခွင့်အာဏာကိုပေး၍ တံခါးမှူးကိုလည်း သတိနှင့်စောင့်နေရန် မှာကြားသည်နှင့်တူ၏။
အလုပ်ချင်းတူသောကြောင့် သူတို့နှင့်အတူနေလျက် အလုပ်လုပ်လေ၏။ အကြောင်းမူကား အလုပ်အကိုင်အရ သူတို့သည် ရွက်ထည်တဲချုပ်သူများဖြစ်ကြ၏။
ထိုသို့ကြိုးစားလုပ်ဆောင်၍ အားနည်းသောသူတို့ကို ကူညီမစသင့်ကြောင်းနှင့်‘ပေးကမ်းခြင်းသည် ရယူခြင်းထက် သာ၍မင်္ဂလာရှိသည်’ဟု သခင်ယေရှုကိုယ်တော်တိုင် မိန့်တော်မူသည့်စကားကို သတိရသင့်ကြောင်း အရာရာ၌ သင်တို့အား ငါပြသ၏”ဟု ဆိုလေ၏။
လုံ့လဝီရိယစိုက်ထုတ်ရာတွင် ပျင်းရိခြင်းမရှိဘဲ ဝိညာဉ်ရေး၌ထက်သန်လျက် သခင်ဘုရားကိုအစေခံကြလော့။
ထိုသို့ဟောပြောရာ၌ ငါသည် သူတစ်ပါး၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းမပြုမည့်အကြောင်း ခရစ်တော်၏အမည်နာမကို ကြားသိခြင်းမရှိသေးသောအရပ်၌ ကောင်းမြတ်သောသတင်းကိုဟောပြောရန် ရည်မှန်းကြိုးစားလာခဲ့၏။
မိမိတို့လက်ဖြင့် အားထုတ်လုပ်ဆောင်လျက် နေကြရ၏။ ပုတ်ခတ်ပြောဆိုခြင်းခံရသောအခါ ကောင်းချီးပေးကြ၏။ ညှဉ်းဆဲခြင်းခံရသောအခါ သည်းခံကြ၏။
သို့ဖြစ်၍ ငါတို့သည် ကိုယ်ခန္ဓာ၌ရှိသည်ဖြစ်စေ၊ ဝေးကွာလျက်ရှိသည်ဖြစ်စေ ကိုယ်တော်နှစ်သက်တော်မူသောသူဖြစ်မည့်အကြောင်း ရည်မှန်းကြိုးစားကြ၏။
ခိုးတတ်သောသူသည် နောက်ထပ် မခိုးဘဲ လိုအပ်သောသူအား ဝေမျှစရာရှိစေရန် မိမိလက်ဖြင့် ကောင်းသောအလုပ်ကို အားထုတ်လုပ်ဆောင်စေ။
ဤသည်ကား ငါတို့သည် ဘုရားဝတ်၌မွေ့လျော်ခြင်းနှင့်တည်ကြည်လေးနက်ခြင်းအပြည့်အဝရှိလျက် အေးချမ်းတည်ငြိမ်စွာအသက်ရှင်နေထိုင်နိုင်ရန်ဖြစ်၏။
ထို့ပြင် သူတို့သည် တစ်အိမ်ပြီးတစ်အိမ်လှည့်လည်၍ ပျင်းရိသောအကျင့်ရှိလာတတ်ကြ၏။ ထိုသို့ပျင်းရိသည်သာမက အတင်းအဖျင်းပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်ကာ မပြောသင့်သည့်အရာတို့ကို ပြောဆိုတတ်ကြ၏။
ငါတို့၏လူများသည်လည်း အသီးမသီးသောသူမဖြစ်မည့်အကြောင်း အရေးတကြီးလိုအပ်သောအရာများအတွက် ကောင်းသောအမှုတို့ကို ပါဝင်လုပ်ဆောင်ရန် သင်ယူကြရမည်။
နူးညံ့သိမ်မွေ့၍ တည်ငြိမ်သည့်စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနှင့်ကင်းသည့် စိတ်နှလုံးနှင့်ဆိုင်သော အတွင်းဝိညာဉ်လူ၏တန်ဆာဆင်ခြင်းဖြစ်စေကြလော့။ ဤသည်ကား ဘုရားသခင်ရှေ့တော်၌ အလွန်အဖိုးထိုက်သောအရာဖြစ်၏။
သင်တို့တွင် လူသတ်သမားအဖြစ်ဖြစ်စေ၊ သူခိုးအဖြစ်ဖြစ်စေ၊ ဒုစရိုက်ပြုသူအဖြစ်ဖြစ်စေ၊ သူတစ်ပါးအမှု၌ ဝင်ရောက်စွက်ဖက်သူအဖြစ်ဖြစ်စေ ဒုက္ခဝေဒနာခံစားရမည့်သူ တစ်စုံတစ်ဦးမျှမရှိစေနှင့်။