၁ သက် 4:12 - မြန်မာ့စံမီသမ္မာကျမ်း12 ဤသည်ကား သင်တို့သည် ပြင်ပလူတို့ရှေ့၌ တင့်တယ်လျောက်ပတ်စွာအသက်ရှင်လျှောက်လှမ်း၍ သင်တို့၌ မည်သည့်လိုအပ်ချက်မျှမရှိစေရန်အတွက်ဖြစ်၏။ အခန်းကိုကြည့်ပါ။Common Language Bible12 ဤနည်းအားဖြင့်သင်တို့သည်အသင်းတော်ဝင် မဟုတ် သူတို့၏ကြည်ညိုလေးစားခြင်းကိုခံရ ကြလိမ့်မည်။ အဘယ်သူကိုမျှမှီခိုရန်လည်း လိုလိမ့်မည်မဟုတ်။ အခန်းကိုကြည့်ပါ။Garrad Bible12 သို့ မှ မ တောင့် တ ဘဲ သာ သ နာ ပ တို့ ရှေ့ တင့် တယ် စွာ ကျင့် ကြံ ပြု မူ ကြ ရ လိမ့် မည်။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ထိုသို့ သင်တို့၏ နေ့စဉ်ပြုမူနေထိုင်ခြင်းကို မယုံကြည်သူများက မြင်သောအခါ သင်တို့ကို လေးစားလာကြမည်။ သင်တို့သည်လည်း မည်သူ့ကိုမျှ မှီခိုရန် လိုအပ်တော့မည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ မှန်ကန်သောအရာရှိသမျှ၊ ဂုဏ်သရေရှိသောအရာရှိသမျှ၊ ဖြောင့်မတ်သောအရာရှိသမျှ၊ ဖြူစင်သန့်ရှင်းသောအရာရှိသမျှ၊ နှစ်သက်ဖွယ်ကောင်းသောအရာရှိသမျှနှင့် ဂုဏ်သတင်းကောင်းသောအရာရှိသမျှတို့၌ ကောင်းမြတ်သောအရာတစ်စုံတစ်ခု၊ သို့မဟုတ် ချီးမွမ်းထိုက်သောအရာတစ်စုံတစ်ခုရှိလျှင် ထိုအရာတို့ကို နှလုံးသွင်းကြလော့။
ထိုနည်းတူ ဇနီးသည်တို့၊ မိမိတို့၏ခင်ပွန်းသည်ကို နာခံကြလော့။ သို့ပြုလျှင် အချို့သောခင်ပွန်းသည်တို့သည် နှုတ်ကပတ်တရားကိုမယုံကြည်ကြလျှင်ပင် သင်တို့၏ကြောက်ရွံ့ရိုသေမှုနှင့် သန့်ရှင်းစင်ကြယ်သောအသက်ရှင်နေထိုင်မှုကိုမြင်လျက် ဇနီးသည်၏စကားအားဖြင့်မဟုတ်ဘဲ အသက်ရှင်နေထိုင်မှုအားဖြင့် ပြောင်းလဲလာကြလိမ့်မည်။