သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
၁ သက် 2:16 - မြန်မာ့စံမီသမ္မာကျမ်း လူမျိုးခြားတို့ကယ်တင်ခြင်းရရှိရန် ငါတို့ဟောပြောသည်ကို တားမြစ်ကာ မိမိတို့အပြစ်များကို အစဉ်အမြဲဖြည့်ဆည်းကြ၏။ သို့ဖြစ်၍ အမျက်တော်သည် သူတို့အပေါ်သို့ အဆုံးစွန်သက်ရောက်လေ၏။ Common Language Bible သူတို့သည်ကယ်တင်ခြင်းတရားကိုလူမျိုး ခြားတို့အား ငါတို့ဟောပြောမှုကိုပင်လျှင် တားဆီးရန်ကြိုးစားကြသည်။ ဤအပြစ် သည်သူတို့ကူးလွန်နေကျဖြစ်သော အပြစ်များကို ပြည့်စုံအောင်နောက်ဆုံး ကူးလွန်သောအပြစ်ဖြစ်၏။ သို့ဖြစ်၍ နောက်ဆုံး၌ဘုရားသခင်၏အမျက် တော်သည်သူတို့အပေါ်သို့သက်ရောက် လေပြီ။ Garrad Bible လူ မျိုး ခြား တို့ ကို ကယ် တင် အံ့ သော ငှာ မ ဟော မ ပြော ရ ဟု ငါ တို့ အား မြစ် တား ကြ သ ဖြင့် ကိုယ့် ဒု စ ရိုက် အ စဉ် ဖြည့် လျက် ကိုယ့် အ ပေါ် သို့ အ မျက် တော် ဒဏ် အ ကုန် သင့် ရောက် လေ ပြီ။ Judson Bible တစ်ပါးအမျိုးသားတို့သည် ကယ်တင်ခြင်းသို့ ရောက်စေခြင်းငှာ ငါတို့သည် ဟောပြောကြသည်ကို သူတို့သည် ဆီးတား၍၊ မိမိတို့အပြစ်ကို အစဉ်ပြည့်စုံစေကြ၏။ သူတို့အပေါ်၌ အမျက်တော်သည် အကုန်အစင် ရောက်ရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူမျိုးခြားများ ကယ်တင်ခံရရန် ကျွန်ုပ်တို့ဟောပြောသည်ကို သူတို့တားမြစ်ကြ၏။ ဤသို့လုပ်ဆောင်ခြင်းဖြင့် သူတို့သည် မိမိတို့၏ အပြစ်များကို အစဉ်ပွားများစေကြ၏။ နောက်ဆုံးတွင် ဘုရားသခင်၏ အမျက်တော်သည် သူတို့အပေါ်သို့ သက်ရောက်လေ၏။ |
သူတို့သည် မျိုးဆက်လေးဆက်မြောက်မှ ဤအရပ်သို့ပြန်လာကြလိမ့်မည်။ အကြောင်းမူကား အာမောရိလူမျိုးတို့၏ဒုစရိုက်သည် မပြည့်စုံသေး”ဟု မိန့်တော်မူ၏။
မြေကြီးစွန်းရှိသမျှတို့၊ ငါ့ထံသို့ပြန်လှည့်လာ၍ ကယ်တင်ခြင်းကိုခံယူကြလော့။ အကြောင်းမူကား ငါသည် ဘုရားသခင်ဖြစ်၏။ အခြားဘုရားမရှိ။
ထိုနိုင်ငံများပျက်သုဉ်းချိန်ရောက်ခါနီး ပုန်ကန်ထကြွမှုများ ပေါ်ပေါက်သောအခါ မျက်နှာထားခက်ထန်ပြီး စကားလိမ်လည်ရာ၌ ကျွမ်းကျင်သောရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။
“ကြည့်ရှုလော့။ မီးဖိုမှမီးတောက်လောင်သကဲ့သို့ မီးတောက်လောင်သောနေ့ရက်ရောက်လာ၍ မာနထောင်လွှားသောသူအပေါင်းတို့နှင့် ဆိုးယုတ်သောသူအပေါင်းတို့သည် ရိုးပြတ်ကဲ့သို့ လောင်ကျွမ်းခြင်းခံရမည်။ ရောက်လာမည့်ထိုနေ့ရက်သည် သူတို့ကို အကိုင်းအခက်မှစ၍ အမြစ်ပါမကျန် လောင်ကျွမ်းလိမ့်မည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ကြည့်ရှုလော့။ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ရက်ကြီး မရောက်မီ ပရောဖက်ဧလိယကို သင်တို့ထံသို့ ငါစေလွှတ်မည်။
ထိုအခါ ၎င်းသည်သွား၍ မိမိထက်ဆိုးသောနတ်ခုနစ်ကောင်ကို မိမိနှင့်အတူခေါ်ဆောင်လာပြီး ထိုနေရာ၌ ဝင်ရောက်နေထိုင်သဖြင့် ထိုလူ၏နောက်ဖြစ်အင်သည် ရှေ့ဖြစ်အင်ထက် ဆိုးရွားလေ၏။ ဆိုးညစ်သောဤမျိုးဆက်၌လည်း ထိုနည်းတူဖြစ်လိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့သည်လည်း သင်တို့ဘိုးဘေးများ၏အပြစ်ပမာဏကိုပြည့်အောင် ဖြည့်စွက်ကြလော့။
နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။
စစ်ပွဲများအကြောင်းနှင့် စစ်မက်သတင်းတို့ကိုလည်း သင်တို့ကြားကြလိမ့်မည်။ သတိပြုလျက် စိုးရိမ်ထိတ်လန့်ခြင်းမရှိကြနှင့်။ အကြောင်းမူကား ထိုအရာများသည်ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည်မရောက်သေး။
လက်တော်၌လည်း ဆန်ကောကိုကိုင်ထားလျက် မိမိ၏ကောက်နယ်တလင်းကို အကုန်အစင်ရှင်းလင်းပြီး မိမိ၏ဂျုံဆန်ကို ကျီ၌စုသိမ်း၍ အဖျင်းကိုကား မငြိမ်းနိုင်သောမီးဖြင့်ရှို့တော်မူလိမ့်မည်”ဟု ဆိုလေ၏။
ယုံကြည်၍ ဗတ္တိဇံခံသောသူသည် ကယ်တင်ခြင်းခံရလိမ့်မည်။ မယုံကြည်သောသူမူကား ပြစ်ဒဏ်စီရင်ခြင်းကိုခံရလိမ့်မည်။
သို့သော် ဂျူးလူမျိုးတို့သည် ထိုလူအစုအဝေးကိုမြင်လျှင် မနာလိုစိတ်နှင့်ပြည့်၍ ပေါလုဟောပြောသောအကြောင်းအရာများကို ဆန့်ကျင်လျက် စော်ကားပြောဆိုကြ၏။
သို့သော် ဂျူးလူမျိုးတို့သည် ဘုရားသခင်ကိုကိုးကွယ်သော ဂုဏ်သရေရှိအမျိုးသမီးများနှင့် မြို့၏ခေါင်းဆောင်များကို တိုက်တွန်း၍ ပေါလုနှင့်ဗာနဗတို့ကို ညှဉ်းဆဲစေရန် သွေးထိုးလှုံ့ဆော်ကာ သူတို့ကို မိမိတို့၏အရပ်ဒေသမှ နှင်ထုတ်ကြ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
သို့သော် မယုံကြည်သောဂျူးလူမျိုးတို့သည် လူမျိုးခြားတို့ကို သွေးထိုးလှုံ့ဆော်၍ ညီအစ်ကိုတို့အပေါ် မလိုမုန်းထားစိတ် ဖြစ်ပေါ်စေကြ၏။
လူမျိုးခြားများနှင့်ဂျူးလူမျိုးတို့သည် သူတို့၏အကြီးအကဲများနှင့်အတူ တမန်တော်တို့ကို နှိပ်စက်၍ ခဲနှင့်ပေါက်သတ်ရန် ကြံစည်အားထုတ်ကြသောအခါ
သို့သော် ပေါလုသည် ဘုရားသခင်၏နှုတ်ကပတ်တရားကို ဗေရိမြို့တွင်လည်း ဟောပြောနေကြောင်း သက်သာလောနိတ်မြို့မှ ဂျူးလူမျိုးတို့ ကြားသိကြသောအခါ ထိုအရပ်သို့လိုက်လာ၍ လူထုပရိသတ်များကိုလှုံ့ဆော်ကာ မငြိမ်မသက်ဖြစ်စေကြ၏။
သို့သော် လူအချို့တို့သည် ခေါင်းမာလျက် မယုံကြည်ဘဲ လူထုပရိသတ်ရှေ့တွင် တရားလမ်းကို ပုတ်ခတ်ပြောဆိုကြသောအခါ ပေါလုသည် တပည့်တော်တို့ကိုခေါ်၍ ထိုသူတို့ထံမှ ထွက်ခွာပြီး တုရန္နု၏စာသင်ခန်းမ၌ နေ့စဉ်နေ့တိုင်း ဆွေးနွေးပြောဆိုလေ၏။
သင်သည် လူမျိုးခြားတို့ထဲ၌နေထိုင်ကြသော ဂျူးလူမျိုးအားလုံးတို့အား ကလေးများကို အရေဖျားလှီးခြင်းမပေးကြရန်နှင့် ဓလေ့ထုံးစံအတိုင်း မလိုက်လျှောက်ကြရန် ပြောဆိုလျက် မောရှေ၏တရားကိုစွန့်ပယ်ရန် သွန်သင်နေသည်ဟု သင့်အကြောင်းကို သူတို့ကြားသိထား၏။
မိုးလင်းသောအခါ ဂျူးလူမျိုးတို့သည် ပူးပေါင်းကြံစည်လျက် ပေါလုကိုမသတ်ရမချင်း မည်သည့်အရာကိုမျှ မစားမသောက်ရန် ကျိန်ဆိုကြ၏။
ဂျူးလူမျိုးတို့ကလည်း ဤအကြောင်းအရာများမှန်ကန်ပါသည်ဟုဆိုလျက် ဝိုင်းဝန်းထောက်ခံကြ၏။
ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲများနှင့် ဂျူးလူမျိုးတို့၏ခေါင်းဆောင်များသည် သူ့ထံ ပေါလုကို တရားစွဲဆိုလျက်
ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။
ကယ်တင်ခြင်းသည် အခြားမည်သူ၌မျှမရှိ။ အကြောင်းမူကား ထိုနာမမှတစ်ပါး ငါတို့အားကယ်တင်မည့်အခြားသောနာမကို ကောင်းကင်အောက် လူတို့၌ပေးအပ်ထားခြင်းမရှိ”ဟု သူတို့အားဆိုလေ၏။
ရက်ပေါင်းများစွာကြာသောအခါ ဂျူးလူမျိုးတို့သည် ရှောလုကိုသတ်ရန် ကြံစည်ကြသော်လည်း
ထိုနည်းတူ ငါသည်လည်း လူတို့ကယ်တင်ခြင်းခံရမည့်အကြောင်း ကိုယ်ကျိုးကိုမရှာဘဲ အများအကျိုးကိုရှေးရှုလျက် ခပ်သိမ်းသောအမှုတို့၌ လူအပေါင်းတို့ကိုနှစ်သက်စေရန် ကြိုးစားနေ၏။
ညီအစ်ကိုတို့၊ ငါသည် အရေဖျားလှီးခြင်းတရားကို ဟောပြောနေသေးသည်ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲခြင်းကို ခံနေရသေးသနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်နှင့်ဆိုင်သောမှားယွင်းစရာအကြောင်းသည် ဖယ်ရှားခြင်းခံရပြီ။
သို့ဖြစ်၍ သင်တို့အတွက် ငါခံရသောဆင်းရဲဒုက္ခများကြောင့် စိတ်ပျက်အားလျော့ခြင်းမရှိကြရန် ငါတောင်းပန်၏။ ထိုအရာများသည် သင်တို့၏ဂုဏ်သရေဖြစ်၏။
သန့်ရှင်းသူအားလုံးတို့တွင် အငယ်ဆုံးသောသူထက် သာ၍ငယ်သောငါ့အား ဤကျေးဇူးတော်ကိုပေးအပ်တော်မူခြင်းမှာ ချင့်မျှော်တွေးဆ၍မရနိုင်သော ခရစ်တော်၏ကြွယ်ဝမှုကို လူမျိုးခြားတို့အားဟောပြောစေရန်နှင့်
ကျရောက်လာမည့်အမျက်တော်မှ ငါတို့ကိုကယ်နုတ်တော်မူသည့် ယေရှုတည်းဟူသော သေသောသူတို့ထဲမှ ဘုရားသခင်ထမြောက်စေတော်မူသောသားတော်သည် ကောင်းကင်ဘုံမှကြွလာတော်မူမည်ကို စောင့်မျှော်ရန် သင်တို့သည် ရုပ်တုများကိုစွန့်၍ ဘုရားသခင်ထံ မည်ကဲ့သို့ပြောင်းလဲလာကြသည်ကိုလည်းကောင်း သူတို့ကိုယ်တိုင်ပြောကြားကြ၏။
ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်မည့်အကြောင်းမှာ မိမိတို့ကယ်တင်ခြင်းခံရရန်အတွက် သမ္မာတရားအားချစ်ရမည်ကို ငြင်းပယ်ကြသောကြောင့်ဖြစ်၏။
လူသားအားလုံးကယ်တင်ခြင်းခံရလျက် သမ္မာတရားကိုသိရှိခြင်းသို့ရောက်စေရန် ဘုရားသခင်အလိုရှိတော်မူ၏။
သို့ရာတွင် ဆူးပင်နှင့်ဆူးလေပင်များကိုပေါက်စေလျှင် အသုံးမဝင်သဖြင့် မကြာမီ ကျိန်ခြင်းခံရလျက် နောက်ဆုံး၌ မီးရှို့ခြင်းခံရ၏။
မတရားသဖြင့်ပြုသောသူသည် ဆက်၍မတရားသဖြင့်ပြုပါစေ။ ညစ်ညူးသောသူသည် ဆက်၍ညစ်ညူးလျက်နေပါစေ။ ဖြောင့်မတ်သောသူသည် ဆက်၍ဖြောင့်မတ်သောအမှုကိုပြုပါစေ။ သန့်ရှင်းသောသူသည် ဆက်၍သန့်ရှင်းခြင်းရှိပါစေ”ဟု ငါ့အားဆို၏။