တမန်တော်ဝတ္ထု 25:7 - မြန်မာ့စံမီသမ္မာကျမ်း7 ပေါလုရောက်သောအခါ ဂျေရုဆလင်မြို့မှလာသော ဂျူးလူမျိုးတို့သည် သူ့ကိုဝိုင်းရံလျက် သူတို့သက်သေမပြနိုင်သော ကြီးလေးသည့်စွဲချက်များစွာတို့ကို သူ့အပေါ်တင်ကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible7 ပေါလုရောက်ရှိလာသောအခါယေရုရှလင် မြို့မှ လာရောက်ကြသောယုဒအမျိုးသား တို့သည် သူ့ကိုဝိုင်းရံလျက်ကြီးလေးသော ပြစ်မှုများနှင့်စွပ်စွဲပြောဆိုကြ၏။ သို့ သော်ခိုင်လုံသောသက်သေကိုမပြနိုင်ကြ။- အခန်းကိုကြည့်ပါ။Garrad Bible7 ရောက် သော်၊ ယေ ရု ရှ လင် မြို့ မှ လိုက် လာ သော ယု ဒ လူ မျိုး တို့ သည် ပေါ လု ပတ် လည် တွင် ရပ်၍ အ ထင် အ ရှား မ ပြ နိုင် သော ပြစ် မှု ကြီး များ ကို စွဲ ဆို ကြ ရာ၊ အခန်းကိုကြည့်ပါ။Judson Bible7 ပေါလုရောက်သောအခါ၊ ယေရုရှလင်မြို့မှလာသော ယုဒလူတို့သည် ဝန်းရံလျက်၊ သက်သေမပြနိုင်ဘဲ လေးစွာသောအပြစ်များတို့ကို ပေါလုအပေါ်၌တင်ကြ၏။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း7 ပေါလုရောက်လာသောအခါ ဂျေရုဆလင်မြို့မှ ဆင်းလာသောဂျူးတို့သည် သူ့ကိုဝိုင်း၍ ကြီးလေးသောစွဲချက်များဖြင့် စွပ်စွဲကြ၏။ သို့သော် သက်သေကိုမူ မပြနိုင်ကြပေ။ အခန်းကိုကြည့်ပါ။ |
ဖေတ္တုမင်းကလည်း “အဂြိပ္ပမင်းကြီးနှင့်တကွ အကျွန်ုပ်တို့နှင့်အတူရှိကြသော လူကြီးမင်းအပေါင်းတို့၊ အရှင်တို့မြင်သော ဤသူနှင့်ပတ်သက်၍ ဂျူးအမျိုးသားထုအပေါင်းတို့သည် ‘သူ့ကို ဆက်၍အသက်မရှင်စေသင့်ပါ’ဟု အော်ဟစ်လျက် ဂျေရုဆလင်မြို့၌ဖြစ်စေ၊ ဤမြို့၌ဖြစ်စေ အကျွန်ုပ်အား တောင်းဆိုခဲ့ကြပါသည်။
“အစ္စရေးအမျိုးသားတို့၊ ကူညီကြပါ။ ဤသူသည် လူမျိုးတော်ကိုလည်းကောင်း၊ ပညတ်တရားကိုလည်းကောင်း၊ ဤနေရာကိုလည်းကောင်း ဆန့်ကျင်လျက် အရပ်ရပ်တို့၌ လူအပေါင်းတို့အား သွန်သင်နေသူဖြစ်၏။ ထိုမျှမက ဂရိလူမျိုးတို့ကိုလည်း ဗိမာန်တော်ထဲသို့ခေါ်ဆောင်လာ၍ ဤသန့်ရှင်းရာဌာနကို ညစ်ညူးစေပါပြီ”ဟု အော်ဟစ်ကြ၏။
ထို့နောက် ဟာမန်က အာရွှေရုမင်းကြီးအား “အရှင်မင်းကြီးပိုင်နိုင်ငံတော်တစ်ဝန်းလုံးရှိ နယ်မြေဒေသအသီးသီးမှပြည်သူပြည်သားများကြားတွင် ကွဲလွင့်ပျံ့နှံ့နေသောလူမျိုးတစ်မျိုးရှိပါ၏။ သူတို့၏စည်းမျဉ်းဥပဒေများသည် အခြားလူမျိုးအပေါင်းတို့နှင့်မတူ။ သူတို့သည် အရှင်မင်းကြီး၏စည်းမျဉ်းဥပဒေများကို မလိုက်နာသောကြောင့် သူတို့ကို ဤအတိုင်းလွှတ်ထားလျှင် အရှင်မင်းကြီးအတွက် အကျိုးမရှိနိုင်ပါ။
အရှင်မင်းကြီး၊ ဘိုးဘေးတော်တို့ထားခဲ့သောမှတ်တမ်းလွှာများကို ရှာဖွေစိစစ်ကြည့်ပါ။ ဤမြို့သည် ပုန်ကန်တတ်သောမြို့၊ ဘုရင်များနှင့် တိုင်းပြည်၏အကျိုးကို ဆုတ်ယုတ်စေသောမြို့၊ ရှေးယခင်ကပင် ဆူပူအုံကြွမှုဖြစ်စေတတ်သောမြို့ဖြစ်သောကြောင့် ဖျက်ဆီးခံခဲ့ရကြောင်းကို မှတ်တမ်းလွှာများတွင် တွေ့ရှိရပါလိမ့်မည်။