Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဂ​လာ​တိ 5:11 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 ညီအစ်ကို​တို့၊ ငါ​သည် အရေဖျား​လှီး​ခြင်း​တရား​ကို ဟောပြော​နေ​သေး​သည်​ဆိုလျှင် အဘယ်ကြောင့် ညှဉ်းဆဲ​ခြင်း​ကို ခံ​နေ​ရ​သေး​သနည်း။ သို့ဖြစ်လျှင် လက်ဝါးကပ်တိုင်​နှင့်ဆိုင်သော​မှားယွင်း​စရာ​အကြောင်း​သည် ဖယ်ရှား​ခြင်း​ခံရ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

11 သို့​ရာ​တွင်​ညီ​အစ်​ကို​တို့၊ အ​ကယ်​၍ ငါ​သည် အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ဆက်​လက်​ဟော​ပြော နေ​သည်​ဟု​ဆို​သည်​မှာ​မှန်​လျှင် အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​ခံ​လျက်​နေ​ရ​ပါ​သေး သ​နည်း။ အ​ကယ်​၍​ယင်း​သို့​ဟော​ပြော​သည်​ဟု ဆို​သည်​မှာ​မှန်​လျှင် ခ​ရစ်​တော်​၏​လက်​ဝါး​ကပ် တိုင်​တ​ရား​တော်​အ​ကြောင်း ငါ​ဟော​ပြော​မှု သည်​ဒုက္ခ​ပေး​လိမ့်​မည်​မ​ဟုတ်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ညီ အစ် ကို တို့၊ လှီး ဖြတ် ခြင်း မင်္ဂ လာ တ ရား ကို ငါ ဟော လျက် နေ သေး သည် မှန် လျင် ကား တိုင့် ဆိုင် ရာ တိုက် လဲ ရာ တိုက် လဲ ကြောင်း ပယ် ဖျက် ပြီ ဖြစ်၍ အ ဘယ့် ကြောင့် ညှဉ်း ပန်း ခံ ရ တော့ သ နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 တစ်​ဖန်​တုံ၊ ညီ​အစ်​ကို​တို့၊ ငါ​သည် အ​ရေ​ဖျား​လှီး​ခြင်း​တ​ရား​ကို ဟော​ပြော​သေး​သည်​မှန်​လျှင်၊ အ​ဘယ်​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို ခံ​ရ​သေး​သ​နည်း။ ထို​သို့ဟောပြော​လျှင်၊ လက်​ဝါး​ကပ်​တိုင်​တော်​ကို ထိ​မိ၍​လဲ​စ​ရာ​အ​ကြောင်း ပယ်​ရှင်း​လျက်​ရှိ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

11 ညီအစ်ကို​မောင်နှမတို့… အရေပြားလှီးခြင်း​မင်္ဂလာ​တရား လိုအပ်ကြောင်း​ကို ကျွန်ုပ်​ဟောပြောနေ​သေး​လျှင် အဘယ်ကြောင့် ညှဉ်းဆဲခံနေရ​သေးသနည်း။ ထိုသို့ ဟောပြောသည်​မှန်​လျှင် ကျွန်ုပ်​ဟောပြောသည့် လက်ဝါးကပ်တိုင်​၌ ခရစ်တော်​အသေခံခြင်း​အကြောင်း​သည် အနှောင့်အယှက် ဖြစ်တော့မည်​မဟုတ်ပေ။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဂ​လာ​တိ 5:11
17 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​သည် သန့်ရှင်းရာဌာန​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ သို့သော် အစ္စရေး​အမျိုးအနွယ်​နှစ်မျိုးစလုံး​အတွက် ခလုတ်တိုက်စရာ​ကျောက်​၊ ထိမိ​၍​လဲစရာ​ကျောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။ ဂျေရုဆလင်​မြို့သား​တို့​အတွက် ကျော့ကွင်း​၊ ထောင်ချောက်​ကဲ့သို့​ဖြစ်​တော်မူ​မည်​။


ပေါလု​သည် သူ့​ကို မိမိ​နှင့်အတူ​လိုက်​စေ​လို​၍ ထို​အရပ်​၌​ရှိ​သော ဂျူး​လူမျိုး​တို့​ကြောင့် သူ့​အား အရေဖျား​လှီး​ခြင်း​ပေး​၏။ အကြောင်းမူကား သူ​၏​ဖခင်​သည် ဂရိ​အမျိုးသား​ဖြစ်​ကြောင်း သူတို့​အားလုံး​သိ​နေ​ကြ​၏။


သင်​သည် လူမျိုးခြား​တို့​ထဲ၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​အားလုံး​တို့​အား ကလေး​များ​ကို အရေဖျား​လှီး​ခြင်း​မ​ပေး​ကြ​ရန်​နှင့် ဓလေ့​ထုံးစံ​အတိုင်း မ​လိုက်လျှောက်​ကြ​ရန် ပြောဆို​လျက် မောရှေ​၏​တရား​ကို​စွန့်ပယ်​ရန် သွန်သင်​နေ​သည်​ဟု သင့်​အကြောင်း​ကို သူ​တို့​ကြားသိ​ထား​၏။


“အစ္စရေး​အမျိုးသား​တို့၊ ကူညီ​ကြ​ပါ။ ဤ​သူ​သည် လူမျိုး​တော်​ကို​လည်းကောင်း၊ ပညတ်​တရား​ကို​လည်းကောင်း၊ ဤ​နေရာ​ကို​လည်းကောင်း ဆန့်ကျင်​လျက် အရပ်ရပ်​တို့​၌ လူ​အပေါင်း​တို့​အား သွန်သင်​နေ​သူ​ဖြစ်​၏။ ထိုမျှမက ဂရိ​လူမျိုး​တို့​ကို​လည်း ဗိမာန်​တော်​ထဲသို့​ခေါ်ဆောင်​လာ​၍ ဤ​သန့်ရှင်း​ရာ​ဌာန​ကို ညစ်ညူး​စေ​ပါ​ပြီ”​ဟု အော်ဟစ်​ကြ​၏။


အကြောင်းမူကား လက်ဝါးကပ်တိုင်​တော်​နှင့်ဆိုင်သော​သတင်း​စကား​သည် ပျက်စီး​ခြင်း​သို့​ရောက်​သော​သူ​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​သော်လည်း ကယ်တင်​ခြင်း​ခံရ​သော​ငါ​တို့​အတွက်​မူကား ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​၏။


ငါ​တို့​မူကား လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ခရစ်တော်​အကြောင်း​ကို ဟောပြော​ကြ​၏။ ထို​အကြောင်းအရာ​သည် ဂျူး​လူမျိုး​တို့​အတွက် မှားယွင်း​စရာ​အကြောင်း​ဖြစ်​ပြီး လူမျိုးခြား​တို့​အတွက် မိုက်မဲ​သော​အရာ​ဖြစ်​၏။


ငါ​တို့​သည်​လည်း အဘယ်ကြောင့် အန္တရာယ်​နှင့် အစဉ်အမြဲ​ရင်ဆိုင်​နေ​ရ​သနည်း။


သို့ရာတွင် ငါ​နှင့်အတူ​ပါ​လာ​သော​တိတု​သည် ဂရိ​လူမျိုး​ဖြစ်​လျက်​ပင် အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ခြင်း​ကို မ​ခံ​ခဲ့​ရ​ပေ။


အို မိုက်မဲ​သော​ဂလာတိ​ပြည်သား​တို့၊ လက်ဝါးကပ်တိုင်​ပေါ်၌​တင်​ခြင်း​ခံရ​သော ယေရှု​ခရစ်တော်​သည် သင်​တို့​မျက်စိ​ရှေ့၌ ထင်ရှား​စွာ​ဖော်ပြ​ခြင်း​ခံရ​လျက်​နှင့် မည်သူ​က သင်​တို့​ကို​ပြုစား​လိုက်​သနည်း။


သို့သော် ထိုစဉ်က သွေးသား​ဇာတိ​အရ​မွေးဖွား​သော​သား​သည် ဝိညာဉ်​တော်​အရ​မွေးဖွား​သော​သား​ကို ညှဉ်းဆဲ​သကဲ့သို့ ယခု​လည်း ထိုနည်းတူ​ဖြစ်​၏။


ကိုယ်ကာယ​၌ အမြင်​ကောင်း​အောင်​ပြု​လို​သော​သူ​ရှိသမျှ​တို့​သည် ခရစ်တော်​၏​လက်ဝါးကပ်တိုင်​ကြောင့် ညှဉ်းဆဲ​ခြင်း​မ​ခံ​လို​၍​သာ သင်​တို့​ကို အရေဖျား​လှီး​ခြင်း​ခံ​ရန် အတင်းအကျပ်​စေခိုင်း​ကြ​ခြင်း​ဖြစ်​၏။


ယခု​မှစ၍ မည်သူမျှ ငါ့​အား အနှောင့်အယှက်​မ​ပေး​ပါစေ​နှင့်။ အကြောင်းမူကား ငါ​သည် ယေရှု​နှင့်ဆိုင်သော​အမှတ်တံဆိပ်​များ​ကို ငါ​၏​ကိုယ်ခန္ဓာ​၌ ဆောင်​ထား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ