ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
၁ ရာချုပ် 25:5 - မြန်မာ့စံမီသမ္မာကျမ်း ဤသူတို့အားလုံးသည် ရှင်ဘုရင်၏ဗျာဒိတ်ဆရာဖြစ်သော ဟေမန်၏သားများဖြစ်ကြ၏။ ဤသို့ ဟေမန်သည် ဘုရားသခင်၏ကတိတော်နှင့်အညီချီးမြှောက်ခြင်းခံရ၏။ ဘုရားသခင်သည် သူ့အား သားတစ်ဆယ့်လေးယောက်နှင့် သမီးသုံးယောက်ကို ပေးတော်မူ၏။ Common Language Bible ဘုရင်၏ပရောဖက်ဖြစ်သူဟေမန်အားဘုရားသခင်သည် မိမိကတိတော်ရှိသည့်အတိုင်းချီး မြှင့်ရန် သားတစ်ဆယ့်လေးယောက်နှင့်သမီးသုံး ယောက်ကိုပေးတော်မူ၏။- Judson Bible ထိုသူအပေါင်းတို့သည် တံပိုးမှုတ်လျက် ဘုရားသခင်၏တရားတော်ကို ဟောပြောသောရှင်ဘုရင်၏ ဆရာတော်ဟေမန်သား ဖြစ်ကြ၏။ ဘုရားသခင်သည် ဟေမန်အား သားတစ်ကျိပ်လေးယောက်နှင့် သမီးသုံးယောက်တို့ကို ပေးတော်မူ၏။ |
ဧသောသည် မျှော်ကြည့်၍ မိန်းမများ၊ ကလေးများကိုမြင်သောအခါ “သင်နှင့်အတူပါလာသော ဤသူတို့ကား မည်သူတို့နည်း”ဟု မေးသော် ယာကုပ်က “သခင်၏အစေအပါးအား ဘုရားသခင်ပေးသနားတော်မူသောကလေးများ ဖြစ်ကြပါ၏”ဟု ပြန်ဖြေလေ၏။
ဒါဝိဒ်မင်းကြီး နံနက်အိပ်ရာထချိန်တွင် ဒါဝိဒ်မင်းကြီး၏ဗျာဒိတ်ဆရာ ပရောဖက်ဂဒ်ထံသို့ ထာဝရဘုရား၏နှုတ်ကပတ်တော်ရောက်လာ၍
ဟေမန်သားမြေးတွင် ဟေမန်၏သား ဗုက္ကိ၊ မတ္တနိ၊ ဩဇေလ၊ ရှေဗွေလ၊ ယေရိမုတ်၊ ဟာနနိယ၊ ဟာနနိ၊ ဧလျာသ၊ ဂိဒ္ဒါလတိ၊ ရောမန္တေဇာ၊ ယောရှဗေကရှ၊ မလ္လောသိ၊ ဟောသိရ၊ မဟာဇုတ် တို့ပါဝင်ကြ၏။
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
အာသပ်သားမြေးသီချင်းသည်တို့သည် ဒါဝိဒ်မင်းကြီးနှင့် အာသပ်၊ ဟေမန်၊ ရှင်ဘုရင်၏ဗျာဒိတ်ဆရာယေဒုသုန်တို့ စီစဉ်ညွှန်ကြားထားခဲ့သည့်အတိုင်း ကိုယ့်နေရာတွင် ရပ်နေကြ၏။ တံခါးစောင့်တို့သည်လည်း မိမိတို့ တံခါးတိုင်တွင် ရပ်နေကြရ၏။ သူတို့၏ညီအစ်ကိုချင်းဖြစ်သောလေဝိအမျိုးတို့သည် သူတို့အဖို့ကိုလည်း ပြင်ဆင်ပေးသောကြောင့် မိမိတို့တာဝန်ကျသောနေရာမှ ထွက်သွားစရာမလိုပေ။
သားသမီးတို့သည် ထာဝရဘုရားပေးတော်မူသောအမွေဖြစ်ကြ၏။ ဖွားမြင်သောရင်သွေးသည် ဆုလာဘ်တော်ဖြစ်၏။
ဇိအုန်တောင်၌ကိန်းဝပ်တော်မူသော ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား ပေးတော်မူသော အမှတ်လက္ခဏာ၊ အံ့ဩဖွယ်အမှုတို့မှာ ငါနှင့် ထာဝရဘုရားငါ့အားပေးတော်မူသော သားသမီးတို့ပင်ဖြစ်၏။
(ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် တစ်စုံတစ်ဦးက ဘုရားသခင်ထံ သွားရောက်မေးမြန်းလိုလျှင် “လာကြ။ စိတ်အာရုံရသူထံ သွားကြစို့”ဟု ဆိုလေ့ရှိ၏။ ယခု ပရောဖက်ဟု ခေါ်ဆိုသူကို ယခင်က စိတ်အာရုံရသူဟု ခေါ်ဆိုကြ၏။)